23 June, 2010

မြန်မာနိုင်ငံနှင့်တိုင်းရင်းသား၁၃၅မျိုး

မြန်မာနိုင်ငံနှင့်တိုင်းရင်းသား၁၃၅မျိုး
မြန်မာနိုင်ငံမှာ လက်ရှိအားဖြင့် တိုင်းရင်းသား(၁၃၅)မျိုးတို့ စုပေါင်းနေထိုင်ကြတယ်ဆိုပြီး စာနယ်ဇင်းတွေနဲ့ ရုပ်မြင်သံကြားတွေမှာ မကြာခဏ ဖော်ပြနေတာကို တွေ့နေရတာ ကြာပါပြီ။
ဒီနေရာမှာ မြန်မာနိုင်ငံသားလို့ မဆိုဘဲ တိုင်းရင်းသားဆိုတဲ့ အသုံးအနှုန်းဟာ ထူးခြားနေပါတယ်။မြန်မာပြည်မှာနေထိုင်ကြတဲ့သူတွေကို မြန်မာနိုင်ငံသား၊မြန်မာတိုင်းရင်းသားလို့ခွဲခြား ဖြစ်သွားပြီး အခွင့်အရေးတန်းတူ မပေးနိုင်ဘူးဆိုတဲ့ သဘောထားမျိုးတွေ ဖြစ်လာစေပါတယ်။
မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူ ဆိုပြီး ခွဲခြားဖော်ပြ
ထားတာဟာ လေ့လာရမယ့် အပိုင်းဖြစ်ပါလိမ့်မယ်။
တိုင်းရင်းသား(၁၃၅)မျိုးဆိုတာ မှန်သလား၊မှားသလားဆိုတဲ့အပေါ် ပညာရှင်တွေကအများပြည်သူတွေ သိရှိနားလည်အောင် စနစ်တကျ လေ့လာဆန်းစစ် တင်ပြတဲ့ စာတမ်းတွေပြည်တွင်းမှာ ထုတ်ငေဖြန့်ချီတာ မတွေ့မမြင်ရသလို ၊ဒီလူမျိုး(၁၃၅)မျိုးစလုံး အရေအတွက် ဘယ်လောက်ရှိတယ်၊ ဘယ်ဒေသမှာ နေထိုင်ကြတယ်၊တမျိုးနဲ့တမျိုး ထုံးလမ်းစဉ်လာတွေ၊ ဝတ်စားဆင်ယင်ပုံတွေ၊
ဘာသာစကားနဲ့၊ကိုးကွယ်ယုံကြည်မှုတွေ ဘယ်လိုတူညီကြတယ်၊ဘယ်လိုကွဲပြားခြားနားမှုတွေရှိနေတယ်ဆိုတဲ့ စာအုပ်စာတမ်းတွေနဲ့ ထုတ်ပြန်တင်ပြချက်တွေကို မကြားမိရပါဘူး။စာတမ်းဖတ်ပွဲတွေလုပ်တာလည်း မကြားမိပါဘူး။ နိုင်ငံတော်က ကြီးမှူးကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားတွေမှာတောင် တိုင်းရင်းသား(၁၃၅)မျိုးစလုံးရဲ့ဝတ်စားဆင်ယင်ပုံနဲ့ အကပဒေသာတွေကို လုံးဝမမြင် တွေ့ရပါဘူး။အဓိက လူမျိုးစုကြီးတွေဖြစ်တဲ့ ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ဗမာ၊ရခိုင်၊ရှမ်း လူမျိုးတွေရဲ့ဝတ်စားဆင်ယင်ပုံနဲ့ အကပဒေသာ တွေကိုသာတွေ့ရပါတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အုပ်ချုပ်စဉ်(၂၆)နှစ်တာကာလအတွင်း (၁၉၇၃နဲ့၁၉၈၃)တွေမှာ တပြည်လုံးအနှံ သန်းကောင်
စာရင်း ကောက်ယူခဲ့ပါတယ်။ဒီမှာလည်း တိုင်းရင်းသား(၁၃၅)မျိုးနဲ့ သူ့တို့ရဲ့ လူဦးရေ ဘယ်လောက်ရှိတယ် ဆိုတာ ထုတ်ပြန်ခဲ့ခြင်း
မတွေ့ခဲ့ရပါဘူး။ မဆလခေတ် ပြဌာန်းခဲ့တဲ့ ကျောင်းသုံးစာအုပ်တွေမှာလည်း မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသား (၁၃၅)မျိုးလို့ ဖော်ပြတာ
မတွေ့ရပဲ အဓိက ကိုယ်စားပြုတဲ့ လူမျိုးစုကြီးတွေနဲ့ သူတို့ကမှ တဆင့် ကွဲထွက်လာတဲ့ လူမျိုးစုအုပ်စုငယ်တွေ အကြောင်းကိုသာသင်ကြား ခဲ့ရပါတယ်။ ဖဆပလခေတ်တလျှောက်မှာလည်းပဲတိုင်းရင်းသား(၁၃၅)ဆိုတာလုံးဝမတွေ့ခဲ့ရပါဘူး။ဒီထက်ရှေးပိုမိုကျတဲ့အင်္ဂလိပ်ကိုလိုနီ ခေတ်မှာ (၁၉၃၁)ခု သန်းကောင်စာရင်းကောက်တော့ လူဦးရေနဲ့အတူ ပြောတဲ့ဘာသာစကားအလိုက် ခွဲခြားဖော်ပြလာတာကို တွေ့လာရ ပါတယ်။တရုတ်၊အိန္ဒိယဘာသာစကားတွေအပါအဝင် ဘာသာစကား(၁၃၅)မျိုးကို ဇယားချပြီး (၁၉၁၁,၁၉၂၁,၁၉၃၁)နှစ်အလိုက် ပြောဆိုသူ အရေအတွက် အတိုးအလျော့ကို ယှဉ်ပြထားပါတယ်။(၁၃၅)မျိုးသော ဘာသာစကားမှာတရုတ်နဲ့အိန္ဒိယဘာသာစကားတွေ ပါနေတယ်ဆိုတာ သတိပြုရပါမယ်။ဒီဘာသာစကား(၁၃၅)မျိုးဟာ (၁၉၃၁)သန်းကောင်စာရင်းကောက်ယူစဉ်မြန်မာပြည်တွင်းမှာ သုံးစွဲနေတဲ့ ဘာသာစကား တွေရဲ့ အရေအတွက် ဖြစ်နေပြီး လူမျိုးတွေလို့ ယူဆလို့ရပါတယ်။
ဒီထက်ရှေးပိုမိုကျတဲ့ ကုန်းဘောင်ခေတ်၊အင်းဝခေတ်၊တောင်ငူခေတ်၊စစ်ကိုင်းပင်းယခေတ်မှသည် ပုဂံခေတ်အထိ ခြေရာ ကောက် ကြည့် တော့လည်း လက်ရှိလူမျိုးအုပ်စုကြီးတွေဖြစ်တဲ့ မြန်မာ၊မွန်၊ကရင်၊ချင်း၊ရှမ်း၊ရခိုင်၊ကချင်တွေ အကြောင်းကိုသာ အများဆုံးတွေ့ရ ပါတယ်။ပုဂံကျေက်စာတွေမှာရေးထိုးထားတာကကဒူး၊ဂျွန်း၊တောင်သူ၊ပျူ၊ယော၊လဝ၊သက်လူမျိုးတင်မက ကုလား၊တရုတ်(စိန့်)၊တရက်(မွန်ဂို) တွေအကြောင်း တွေ့ရပါတယ်။အလောင်းမင်းတရား လက်ထက်က နာမည်ကြီးခဲ့တဲ့ ကုဏ္ဏအိမ်ရဲ့ ကွေ့ရှမ်းလူမျိုးတွေဟာလက်ရှိ(၁၃၅) မျိုးထဲက ရှမ်း(၃၃)မျိုးထဲမှာတောင် ကွေ့ရှမ်းလူမျိုးအနေနဲ့ မတွေ့ရတော့ပါဘူး။နာမည်တမျိုးပြောင်းပြီး မှတ်တမ်းတင် ထားတာတွေ့ရ ပါတယ်။
၂၀၀၅ခုနှစ် စက်တင်ဘာလထုတ် စတိုင်သစ်မဂ္ဂဇင်းပါ စောလူရဲ့ မြန်မာနိုင်ငံဘာသာစကားမြေပုံခေါင်းစဉ် နဲ့ရေးသားဖော်ပြထားတဲ့ ဆောင်းပါးကို အကျဉ်းချုပ်ဖော်ပြရရင်-
မြန်မာနိုင်ငံကိုအင်္ဂလိပ်တို့သိမ်းပိုက်ပြီးနောက်ပိုင်း(၁၈၇၂)မှာမြန်မာနိုင်ငံအောက်ပိုင်းကိုအိန္ဒိယသန်းခေါင်စာရင်းထဲထည့်ပြီးကောက်တယ်။(၁၈၈၁)မှာ တခါထပ်ကောက်တယ်။(၁၉၁၁)သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ပြောဆိုနေတဲ့ ဘာသာစကားပေါင်း(၆၅)မျိုးတွေ့နေရတော့ ဘာသာစကားစူးစမ်းရေး လုပ်ဖို့ ခွင့်ပြုချက်ချတယ်။(၁၉၁၇)ရှေ့ပြေးလေ့လာရာမှာ ဘာသာစကား(၁၇၇)မျိုးအထိ တွေ့လာရတဲ့အပြင် ဘာသာစကားအုပ်စုသစ် လေးခုထပ်တွေ့ရတယ်။ဒါတွေက တိဘက်အုပ်စု၊မြောက်အာသံအုပ်စု၊အာအုပ်စုနဲ့တရုပ်အုပ်စုတွေဖြစ်တယ်။ ၁၉၃၁သန်းကောင်စာရင်းအရမြန်မာနိုင်ငံတွင်းပြောဆိုနေတဲ့ဘာသာစကားတွေကိုဗမာ၊လိုလိုမူဆို၊ကုကီးချင်း၊နာဂ၊ကချင်၊သက်၊မစ်ရှမီ၊မြို၊တိုင်၊မလေး၊မွန်၊ပလောင်၊ကရင်၊မင် ဆိုပြီး အုပ်စု(၁၅)ခွဲထားကာ တရုတ်စကား၊အိန္ဒိယစကား၊ဥရောပစကားနဲ့ အခြားဘာသာစကားပြောဆိုသူတွေ အကြောင်းဆွေးနွေးထားတယ်။ဗမာဘာသာစကားအုပ်စုမှာဗမာအပါအဝင်ရခိုင်၊ထားဝယ်၊ယောစသည်ဖြင့်(၁၆)မျိုးပြထားတယ်။တရုတ်၊အိန္ဒိယနဲ့ဥရောပဘာသာစကား အပါအဝင် ဘာသာစကား(၁၃၅)မျိုးကို ဇယားကွက်နဲ့ နှစ်အလိုက် ပြောဆိုသူ အရေအတွက် အတိုးအလျော့ကို ဖော်ပြထားပါတယ်။၁၉၃၁-ခုက ပြုစုခဲ့တဲ့ မြန်မာနိုင်ငံ ဘာသာစကားမြေပုံကို ယနေ့အချိန်ထိအောင် အသစ်ထပ်မဆွဲနိုင်သေးပဲအဟောင်းကိုပဲ မှီငြမ်းပြုသုံးနေကြဆဲ ဖြစ်ပါတယ်။ဒီ(၁၃၅)မျိုးဟာလည်း ဒေသိယစကားတွေကို သီးခြားဘာသာစကားအဖြစ် ကောက်ယူ ဖော်ပြထားတာမို့ ဘာသာစကားအရေအတွက် (၁၃၅)မျိုးမရှိနိုင်ပါဘူး။လက်ရှိသုံးစွဲနေတဲ့ ဘာသာစကား အရေအတွက်ဟာ (၁၃၅)မျိုး ပြောသူပြော၊(၁၁၁)မျိုးလို့ဆိုသူကဆို၊(၁၀၉)မျိုးလို့ တင်ပြသူကတင်ပြနဲ့ အတိအကျ တရားဝင်စာရင်းထွက်မလာသေးပါဘူး။
မြန်မာစကားမှာ လူမျိုးတရာ့တပါးဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ဒါဟာလည်းမြန်မာပြည်တွင်းရှိ လူမျိုးတွေကို ဆိုလိုတာမဟုတ်ဘဲ ကမ္ဘာပေါ်ရှိလူမျိုးတွေကို ဆိုလိုတာပါ။ ဒီဆိုလိုချက်ကိုလည်း ဘယ်ခေတ်၊ဘယ်အခါက မှတ်တမ်းစတင်ခဲ့လည်းဆိုတာကိုလည်း အစရှာဖို့ ခက်ပါတယ်။လူမျိုးတရာ့တပါးမှာ
၁။မြန်မာ ၇မျိုး
၁။ မြန်မာ၊ ၂။ ပြူ၊ ၃။ တောင်သူ၊ ၄။ ကမ်းယံ၊ ၅။ ယော၊ ၆။ ရခိုင်၊ ၇။ ထားဝယ်။
၂။တလိုင်း ၄မျိုး
၁။ မွန်သီ ၊ ၂။ မွန်နံ ၊ ၃။ မွန်ညံ့၊ ၄ ။မွန်အား။
၃။ရှမ်းမျိုး ၃၀
၁။လင်း ၂။သက် ၃။ချင်း ၅။ရင်း ၆။ကတူး ၄။ဂုဏ်
၇။မြုံ ၈။အကျော် ၉။ဂင် ၁၀။ရှိန် ၁၁။ဝဇာ ၁၂။ယူအူ
၁၃။ကရင် ၁၄။ကချင် ၁၅။မနော ၁၆။မျက်နှာမည်း ၁၇။ကသည်း ၁၈။ရေမီးထွက်
၁၉။ကရက် ၂၀။လဝ ၂၁။လင်း ၂၂။ပန်းလောင် ၂၃။တရက ၂၄။ယွန်း
၂၅။ရှမ်း ၂၆။လဝိုက် ၂၇။တရုတ် ၂၈။ယိုးဒယား ၂၉။တနဲ ၃၀။ဓနု

၎။ကုလားမျိုး ၆၀
၁။သူရဲ ၁၁။သီဟိုဠ် ၂၁။စင်းကြန် ၃၁။ဟေရတယ။ ၄၁၊အာရပ် ၅၁။မက္ကတိ
၂။ပူရန္တေ ၁၂။သိန်း ၂၂။ဦးပြဲ ၃၂။ဗရာဏသီ ၄၂။အာရမ္မဏီ ၅၂။တူလီ
၃။အာသံ ၁၃။စန္ဒာ ၂၃။ဇိနပတ္တံ ၃၃။အင်္ဂလိပ် ၄၃။တပသီ ၅၃။ဟော်ရတယ
၅။ပန်းသေး ၁၄။မောပါ ၂၄။ပူရဲ ၃၄။လဟုံ ၄၄။ပသီ ၅၄။ဇဝိ
၆။ပရိကရား ၁၅။ဒေကို ၂၅။သင်းတွဲ ၃၅။ဒုဒလီ ၄၅။ဥတ္တရာ ၅၅။ဘုရင်ဂျီ
၇။ဘင်္ဂလာ ၁၆။နောထို ၂၆။ဘိလပ် ၃၆။မဒရပ် ၄၆။လတ္တီကာ ၅၆။ရ မ္လ
၈ ။ကုလားဖြူ ၁၇။ဝေရာ ၂၇။မရမံ ၃၇။အင်ကျယ် ၄၇။စေတုတ် ၅၇။အော်လံတေး
၉။ဘုရင်ဂျီ ၁၈။မစ္ဆိမာ ၂၈။ကလံ ၃၈။ကရှုး ၄၈။သတ္တတန် ၅၈ ။အော်လံတစ်
၎။ရေသူ ၁၉။ဘောဒ ၂၉။ကလယ် ၃၉။ဗသျှူး ၄၉။ရတိ ၅၉။ရစ်ပလစ်
၁၀။ဘာလီ ၂၀။သုတ္တံ ၃၀။ပြင်သစ် ၄၀။ခလာသီ ၅၀။ဘိန်းနီ ၆၀။ကုလား
ဒီတရာ့တပါးဟာ လောကီပညာညွန့်ပေါင်းကျမ်း’’လောကဟိတရာသီကျမ်း” စာအုပ်နဲ့ သုခမှတ်စု စာအုပ်မှာ ရေးသားဖော်ပြထားပေမယ့် လက်ရှိတိုင်းရင်းသား(၁၃၅)မျိုးနဲ့ သိပ်မဆိုင်တာကို တွေ့နေရပါတယ်။
၁၉၆၀-မတိုင်မီက တက္ကသိုလ်၊တန်းမြင့်ကျောင်းထွက်နှင့် ဟိုက်စကူးဖိုင်နယ်တန်းများအတွက် ပြဌန်းထားတဲ့ မြန်မာနိုင်ငံ ပထဝီဝင် စာအုပ်ထဲက မြန်မာနိုင်ငံရှိ လူမျိုးများအကြောင်း ဖော်ပြချက်မှာတော့ မြန်မာနိုင်ငံထဲမှာ အဓိကဆင်းသက်လာတဲ့လူမျိုးနွယ်စုကြီး(၃)ခုရှိတယ်။
၁။ မွန်ခမာအနွယ် Mon-Khamar
၂။တိဘက်မြန်မာအနွယ် Tibeto-Burman
၃။တိုင်း-တရုတ်အနွယ် Tai-Chinese

မွန်ခမာအနွယ်မှ မွန်၊ဝ၊ပလောင်၊ပလဲ၊မရိုး၊ပဒေါင်၊ယင်းဘော် တို့ဆင်းသက်တယ်။
တိဘက်မြန်မာအနွယ်မှ ချင်း၊ကချင်၊နာဂ၊လီဆူး၊လဟူး၊မြန်မာ၊ရခိုင်၊ထားဝယ်၊ဓနု၊ကဒူး၊အင်းသား၊မိုင်းသာတို့ဆင်းသက်လာပြီး ရာဇဝင်မှာ ထင်ရှားခဲ့တဲ့ ပျူ၊ကမ်းယံ၊သက်တွေဟာလည်း တိဘက်မြန်မာအနွယ်ဝင်များ ဖြစ်နိုင်ကြောင်း ပညာရှင်တွေကဆိုကြပါတယ်။
တိုင်း-တရုတ်အနွယ်မှ ရှမ်း၊ကရင်၊ယိုးဒယား၊ခွန်၊လူး၊လာအို၊ရှမ်းတရုတ်၊ရှမ်းမြန်မာ၊တောင်သူလူမျိုးတွေဆင်းသက်လာတယ်လို့ ဆိုပါတယ်။
ရဲဘော်လှမျိုးပြုစုတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်းဝင်စာချုပ်စာတမ်းများ (ပထမအကြိမ်။ဇန်န၀ါရီလ၊၁၉၆၈) မှာ တိုင်းရင်းသားလူမျိုးတွေကို ဖော်ပြထားတာ (၆၆)မျိုးရှိပါတယ်။
၁။ကယား ၁၂။ခေါင်းပုံ ၂၃။ပလောင် ၃၄။ဗမာပသျှူး ၄၄။ယင်းကြား ၅၆။ရှမ်းတရုတ်
၂။စကောကရင် ၁၃။ချင်း ၂၄။ဒိုင်းနက် ၃၅။မြိတ် ၄၆။ယင်းနက် ၅၇။လရှီ
၃။ပတူးကရင် ၁၄။ဆလိုင်းချင်း ၂၅။ဓနု ၃၆။ဗရမာကြီး ၄၇။ယင်းဘော် ၅၈။လဝမ်
၎။ပိုးကရင် ၁၅။ဂဏန်း ၂၆။နာဂ ၃၇။ဘွဲ့ ၄၈။ရခိုင ၅၉။လားဟူ
၅။ကရင်ဖြူ ၁၆။ကတူး ၂၇။ပဒေါင် ၃၈။မနုမနော ၄၉။ရှမ်း ၆၀။လီဆူ
၆။ကေခု ၁၇။ဂုံ ၂၈။ပရချီး ၃၉။မရူ ၅၀။ရှမ်းကလေး ၆၁။လူရှိုင်း
၇။ကေဘ ၁၈။ဂျင်းဖော ၂၉။ပရဲ ၄၀။မရို ၅၁။ရှမ်းကြီး ၆၂။လွယ်လ
၈။ကဲ့ခို ၁၉။ဆလုံ ၃၀။ငွေပလောင် ၄၁။မွန် ၅၂။ကွေ့ရှမ်း ၆၃။ ဝ
၉။ကော် ၂၀။တောင်ရိုး ၃၁။ရွှေပလောင် ၄၂။မြန်မာ ၅၃။ ခန္တီးရှမ်း (ဆင်ကလိန်) ၆၄။သက်
၁၀။ကိုးကန့် ၂၁။ထရုံ ၃၂။ထားဝယ် ၄၃။မြောင်း ၅၄။မောရှမ်း ၆၅။အဇီး
၁၁။ခမွေ ၂၂။ တိုင်းလွယ်
(တောင်ပေါ်ရှမ်း) ၃၃။ဗမာတိုင်း
(ရှမ်းဗမာ) ၄၄။ယင်းကြား ၅၅။ခန္တီးရှမ်း (ပူတာအို) ၆၆။အင်းသား

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရေးခဲ့တဲ့ ၁၉၆၁-ခုထုတ်ပြည်တော်သာခရီး(ပ+ဒု)ပေါင်းချုပ်ထဲမှာလည်း တိုင်းရင်းသားများနဲ့ ပတ်သက်ပြီး ရေးသား ခဲ့၇ာမှာလည်း ရှမ်း၊ကချင်၊ကရင်၊ကယားနဲ့ချင်းလူမျိုးတွေ အကြောင်း အကျဉ်းရေးသား ဖော်ပြခဲ့ပါ တယ်။ချင်းလူမျိုးစုငယ်တွေနဲ့ ပတ်သက်ပြီးတော့ အတော်ကလေးကို ရေးသားဖော်ပြခဲ့ ပါတယ်။
1962-Mar2မှာ စစ်တပ်ကနေ အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီ အဖြစ်နိုင်ငံကိုအုပ်ချုပ်လာခဲ့ပါတယ်။1962-Dec26မှာ ‘တိုင်းရင်းသားလူမျိုးများအရေးနှင့်ပတ်သတ်၍ တော်လှန်ရေးကောင်စီ၏အမြင်နှင့်ခံယူချက်”ဆိုတဲ့ သဘောတရားရေးရာ ထုတ်ပြန်ချက် စာတမ်းမှာမြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုးစုများ ဆင်းသက်လာပုံကို အုပ်စုတွေခွဲပြီး ဖော်ပြခဲ့ပါတယ်။

၁။မွန်ခမာအုပ်စုကြီးမှ မွန်၊ ဝ၊ ပလောင်၊ မြောင်၊ ပဒေါင်လူမျိုးများ

၂။တိဘက်မြန်မာအုပ်စုကြီးမှ က။ချင်း-ကချင်အုပ်စု
ခ။မြန်မာနှင့်ရှေးဦးမြန်မာအနွယ်အုပ်စု
( မြန်မာ၊ရခိုင်၊အင်းသား၊တောင်သူ၊ရဝမ်၊လရှီ၊မရူ၊အဇီး၊)
ဂ။လိုလိုမူဆိုအုပ်စု
( လိုလို၊လီဆူ၊ယောယင်၊လားဟူ၊မုဆိုး၊ကော်)

၃။ထိုင်း-တရုတ်အုပ်စုကြီးမှ ရှမ်း၊ယိုးဒယား၊ကရင်

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလူမျိုးစုတွေ ဆင်းသက်လာပုံနဲ့ ပတ်သက်ပြီး စာရင်းဇယားတွေနဲ့ ပြည့်ပြည့်စုံစုံ ဖော်ပြပေးခဲ့သူကတော့ သမိုင်းပါမောက ဒေါက်တာ သန်းထွန်းပဲ ဖြစ်ပါတယ်။၁၉၆၉ Septမှာထုတ်ဝေတဲ့ “ခေတ်ဟောင်းမြန်မာရာဇဝင်”ဆိုတဲ့ စာအုပ်ထဲမှာက“မြန်မာနိုင်ငံအတွင်းနေထိုင်ကြသူများ” အခန်းကဏ္ဍမှာ မြန်မာနိုင်ငံအတွင်းလူမျိုးအုပ်စုများ ဝင်ရောက်လာပုံနဲ့ လူမျိုးအုပ်စုများ ကွဲထွက်ဖြစ်ပေါ်လာပုံများကို စနစ်တကျနဲ့အပြည့်စုံဆုံး ဖော်ပြထားတာကို တွေ့ရပါတယ်။
ထိုနည်းတူ မြန်မာစွယ်စုံကျမ်းအတွဲ(၁၀၁)စာမျက်နှာ ၁၃၁-မှာဖော်ပြတဲ့ ဗိုလ်မှူးဘရှင်ရေးသားတဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားများ အကြောင်း ဖော်ပြချက်ဟာလည်း ဒေါက်တာ သန်းထွန်း ရေးသားချက်တွေနဲ့ သိပ်မကွာလှပဲ လူမျိုးငယ်တွေအကြောင်း ပိုမိုပါလာတာပဲ
ထူးခြားပါတယ်။မြန်မာ့စွယ်စုံကျမ်း အတွဲ(၁)မှအတွဲ(၁၅)ထိ ကမှအ အထိ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုတွေ ဘယ်လောက်အထိ ပြုစုဖော်ပြထားသလဲဆိုတာ ရေတွက်ကြည့်တော့ (၇၂)မျိုးပဲတွေ့ရပါတယ်။ဒါတောင် အချို့လူမျိုးစုတွေကထပ်နေပြီး အချို့လူမျိုးစုတွေကျ
တော့လည်း လက်ရှိတိုင်းရင်းသား(၁၃၅)မျိုးထဲမှာ မပါတော့တာကို တွေ့ရပါတယ်။
မြန်မာ့စွယ်စုံကျမ်းပါတိုင်းရင်းသားလူမျိုးစုတွေကတော့

၁ ကချင် ၂၆ ဒလောင် ၅၁ ရခိုင်
၂ ကဒူး ၂၇ ဒူးလင်း ၅၂ ရ၀မ်
၃ ကယား ၂၈ ဒိုင်းနက် ၅၃ ရှေးကူကီချင်း
၎ ကရင် ၂၉ ဓနု ၅၄ ရှိုချင်း
၅ ကသည်း ၃၀ နာဂ ၅၅ ရှမ်းတရုတ်
၆ ကုကီးချင်း ၃၁ နုံလူမျိုး ၅၆ လရှီ
၇ ကော့/ ကော် ၃၂ ပဒေါင် ၅၇ လ လူမျိုး
၈ ကမ်းယံ ၃၃ ပအိုဝ့် ၅၈ လ၀ လူမျိုး
၉ ကွေ့ ၃၄ ပိုးကရင် ၅၉ လားဟူ
၁၀ ခန္တီးရှမ်း ၃၅ ပျူလူမျိုး ၆၀ လီဆူ
၁၁ ချင်းလူမျိုး ၃၆ ဖွန်းလူမျိုး ၆၁ လီရှော
၁၂ ဂုံ ၃၇ မဂန် ၆၂ လု လူမျိုး
၁၃ ဆလုံ ၃၈ မနုမနော ၆၃ လူရှိုင်းချင်း
၁၄ ဇိုတန် ၃၉ မရူလူမျိုး ၆၄ လိုင်ဇို
၁၅ တလိုင်းလူမျိုး ၄၀ မေထေး ၆၅ လိုင်
၁၆ တာရွှန်း ၄၁ မျောင် ၆၆ ၀ လူမျိုး
၁၇ တီးတိန် ၄၂ မြို ၆၇ ဝေလောင်
၁၈ တောင်ရိုး ၄၃ မွန်းနေဘွား ၆၈ သာဒိုး
၁၉ တောင်သား ၄၄ မွန် ၆၉ သက်
၂၀ တိုင်းလွီ ၄၅ ယောရင် ၇၀ အီကော
၂၁ ထမန်း ၄၆ ယိုကွလူမျိုး ၇၁ အင်းသား
၂၂ ထာဝယ် ၄၇ ယင်းဒူး ၇၂ ယင်းဘော်
၂၃ ဒရယ် ၄၈ ယင်း
၂၄ ဒရူး ၄၉ ယင်းတလဲ
၂၅ တောင်သူ ၅၀ ယောင်


မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ကျောင်းသုံးပထဝီဝင် စာအုပ်တွေမှာလည်း အထက်ဖော်ပြချက်တွေအတိုင်း လူမျိုး အုပ်စုကြီးတွေဆင်းသက်လာပုံနဲ့ လူမျိုးအုပ်စုငယ်တွေအဖြစ်ကွဲပြားသွားပုံတွေကို ပဲဖော်ပြပြီးသင်ကြားစေခဲ့တာပါ။မြန်မာနိုင်ငံအထက်တန်း ပထဝီဝင်စာမျက်နှာ၈၃ရှိတိုင်းရင်းသားလူမျိုးများအကြောင်း မှာဖော်ပြ ရေးသားထားပါတယ်။
လမ်းစဉ်ပါတီခေတ်အထိ အများစု လက်ခံထားကြတဲ့ တိုင်းရင်းသားလူမျိုးစုများ ဆင်းသက်လာပုံကို စနစ်တကျ ဖော်ပြရမယ်ဆိုရင်
မြန်မာနိုင်ငံတွင်းမှာ ရှေးကကျောက်ခေတ်လူသားတွေ နေထိုင်သွားခဲ့ကြတယ်။ သူတို့သုံးစွဲသော ကျောက်လက်နက်များကို အစွဲပြုပြီး အဲဒီကျောက်ခေတ်ကို အညာသားယဉ်ကျေးမှုကျောက်ခေတ်လို့ ပညာရှင်တွေက သတ်မှတ်ခဲ့ကြတယ်။ကျောက်ခေတ်နောက်ပိုင်းမှာ နီဂရိုတို
ခေါ်နီဂရိုးအငယ်စားကလေးတွေလည်းနေထိုင်ခဲ့ကြတယ်။သူတို့ရဲ့မျိုးဆက်တွေကိုယနေ့ထိအောင်ကပ္ပလီကျွန်းနဲ့နီကိုဘာကျွန်းတွေမှာလူပုကလေးများအဖြစ် တွေ့နေရဆဲဖြစ်ပါတယ်။
မြန်မာ့သမိုင်းအစပိုင်းမှာ မြောက်မြားစွာသော လူမျိုးတွေ ဝင်ရောက်ရွေ့ပြောင်းနေထိုင်သွားလာနေကြတာတွေဟာ အထက်ဗမာပြည် ကို အင်္ဂလိပ်တွေ သိမ်းပိုက်ချိန်အထိ ဖြစ်ပေါ်နေဆဲပါ။အဓိက သွားလာနေထိုင်ကြသူတွေကတော့ မွန်ဂိုလွိုဒ် အနွယ်ဝင်လူမျိုးစုတွေပဲ
ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးစုတွေကို လူမျိုးအလိုက်ခွဲခြားရာမှာ ပြောဆိုသောဘာသာစကားကိုလိုက်၍် ခွဲခြားဖော်ပြလေ့ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားများ ပြောဆိုသောဘာသာစကားများကို အမျိုးအစားအလိုက် ခွဲခြားကြည့်ရင် ပင်မအစုကြီး (၂)ခုကို တွေ့ရပါတယ်။

(က)သြစထရစ်အစုကြီး (သို့) တောင်ပိုင်းအစုကြီး

(ခ) တိဘက်တရုတ်အုပ်စုကြီး

သြစထရစ်အစုကြီး (သို့) တောင်ပိုင်းအစုကြီး
| |
| |
(ကုန်းတွင်းပိုင်းတွင်ပြောဆိုသောသြစထရိုအာရှအစုခွဲ) ( ပင်လယ်ပိုင်းတွင်ပြောဆိုသောသြစထရိုနီးရှအစုခွဲ)

၁။မွန်ခမာအုပ်စု မလေးပိုလိုနီရှ
၁။အင်ဒိုနီရှအုပ်စု
-မွန် (မလေး၊ချမ်း၊မော်ကင်း ခေါ် ဆလုံ)
-ခမာ
-ပလောင်၊ဝ၊
-ယင်း(ရိယန်း၊ယန်း)၊
-ဓနော(ဒနော၊ဂနော))

တိဘက်-တရုတ်အုပ်စုကြီး
| | | |
| | | |
တိဘက်မြန်မာအုပ်စုကြီး တိုင်းတရုတ်အုပ်စုကြီး ကရင် မန်

က ။ မန်အုပ်စုမှ
၁။မြောင်၊မြောင်စီး၊မြောင်ဇီး
၂။ယောင်

ခ။ ကရင်အုပ်စုကြီးမှ
၁။ စကော၊ပကူး၊ဝဲဝေါ၊မိုးနဲပွါး
၂။ ပိုး
၃။ မိုပွါး
၎။ ကရင်ဖြူ၊ ဗွဲ့၊ ဘွဲ့၊ ဗရက်
၅။ ကယား
၆။ ပဒေါင်၊ ယင်းတော်၊ ဃဲကု
ရ။ တောင်သူ
၈။ ဇယိန်း

ဂ။ တိဘက်-မြန်မာအုပ်စုကြီးမှ

က။မြန်မာနှင့်ရှေးဦးမြန်မာနွယ်များ
၁။မြန်မာ
၂။ရခိုင်နှင့်စစ်တွေတောင်တန်းနေချောင်းသားများ
၃။ထားဝယ်
၎။အင်းသား
၅။ဓနု
၆။တောင်ရိုးခေါ်တိုရု
၇။ဖွန်း
၈။မရူ ခေါ် လောင်ဝေါ
၉။လရှီ ခေါ် လချုံကွော
၁၀။အတ်စီ၊ တဇီ၊ တဆဲ၊ မိုင်းသာ၊ အချန်
၁၁။ယော
၁၂။ သာယာဝတီနှင့်ပဲခူးရိုးမနေ ယဗိန်းများ

ခ။ ကုကီး-ချင်းအနွယ်များ
၁။ သာဒိုး
၂။ ကံဟောင်
၃။ စုကတဲ
၎။ စုဂျင်
၅။ လဲ
၆။ လူရှေ ခေါ် ၀ှဲလငို

ဂ။ကချင်အနွယ်များ
၁။ဂျင်းဖော ခေါ် ဒူလင်/ခတ်ခု/ ကောရီ(ဂေါရီ)

ဃ။ သက်အနွယ်များ
၁။ ကတူး
၂။ ကနန်း
၃။ တမန်(ထမံ၊ထမန်း)
၎။ ဒိုင်းနက်
၅။ သက်

င။ လိုလိုမူဆိုအနွယ်များ
၁။ လီဆူ/ယောရင်
၂။ အခါ/အီကော/ကော
၃။ လားဟူ
၎။ နုံ(ရဝမ်)
၅။ ဒရူး

စ။ နာဂအနွယ်များ

ထိုင်းတရုတ်အုပ်စုကြီးမှ
_________________________________
| | |
တိုင်း Tai တရုတ် အာနမ်

၁။ယိုးဒယား ၁။ကိုးကန်
၂။ရှမ်း၊ ဂုံ၊ လူး
၃။အဟုန်ရှမ်း
၎။ခန္တီးရှမ်း
၅။ဒယယ်
ဒါတွေဟာလူမျိုးအုပ်စုတွေဖြစ်ပေါ်လာပုံကိုအရှင်းဆုံးပုံစံနဲ့ဖော်ပြခြင်းဖြစ်ပါတယ်။ချင်း၊နာဂနဲ့ရှမ်းအုပ်စုတွေထပ်ခွဲလာတာကိုတော့အသေးစိတ် မဖော်ပြခဲ့ပါဘူး။မြန်မာ့စွယ်စုံကျမ်းမှာတောင်လူမျိုးအများဆုံး၇၂ မျိုးပဲဖော်ပြနိုင်ခဲ့ပါတယ်။လမ်းစဉ်ပါတီခေတ်အထိတောင်တိုင်းရင်းသား ၁၃၅ မျိုးလို့ဖော်ပြခဲ့တာ၊ပြောဆိုခဲ့တာတွေ မကြားခဲ့ရပါဘူး။
၁၉၈၈-ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး ပြီးတော့ စစ်တပ်က နိုင်ငံတော်အာဏာလွဲပြောင်းရယူပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့ နဝတ အဖြစ်အုပ်ချုပ်လာခဲ့စဉ်မှာ တိုင်းရင်းသား ၁၃၅-မျိုးကို စတင်ပြောဆိုလာပါတယ်။ နဝတ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမောင် July5,1989
ရုပ်မြင်သံကြားကနေ တိုင်းပြည်သို့ မိန့်ခွန်း ၃ နာရီကြာ ပြောဆိုရာမှာ ထည့်ပြောသွားခဲ့ပါတယ်။သူ့ပြောစကားကတော့-
ဒီပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသားလူမျိုးများရဲ့ အရေးဟာပစ်ပယ်လို့မရနိုင်ပါဘူး။တိုင်းရင်းသားလူမျိုးပေါင်း အကြီး၊အသေး အကုန် စုစုပေါင်း လူမျိုးစုအလေးတွေကျွှန်တော် သန်းကောင်စာရင်းဌာနက ယူကြည့်လိုက်တဲ့အခါမှာ ကချင်စုမှာ ၁၂-ရှိပါတယ်။ကယားအစုမှာ(၉)၊ကရင်အစုမှာ(၁၁)ရှိပါတယ်။ချင်းမှာ(၆၃)ရှိတယ်။မွန်အစုမှာ(၁)၊ရခိုင်အစုမှာ(၇)ရှိပါတယ်။ရှမ်းအစုမှာ(၃၃)၊ဗမာအစုမှာ(၉)ရှိပါတယ်။ဒါအတည်ပြုထားသော တိုင်းရင်းသားလူမျိုးစုများ စာရင်းချုပ် ၁၃၅ မျိုးရှိပါတယ်။
ဗိုလ်ချုပ်ကြီးစောမောင်က ဒီအတိုင်းပြောခဲ့လို့ ကြားရတဲ့ ကျွှန်တော်တို့ကလည်းနဝတဥက္ကဌကဒီအတိုင်းပြောခဲ့တာ၊ သန်းကောင်စာရင်း ဌာနက ပြုစုထားတယ်ဆိုတော့ အမှန်တကယ်ရှိတာပဲလို့ တထစ်ချ ယုံကြည်မိခဲ့ပါတယ်။ဒါဟာ မှန်မမှန်ဘယ်သူကမျှ၊ဘယ်လူမျိုးကမျှ၊ ဘယ်ပညာရှင်ကမျှ ဟုတ်မဟုတ် ထပ်မံဝေဖန်ဆန်းစစ်ခြင်းလုပ်တာကို မကြားရ၊မသိရပါဘူး။ နဝတခေတ် ကျောင်းသင်ခန်းစာတွေမှာလည်း တိုင်းရင်းသား ၁၃၅ မျိုးရှိတယ်လို့ သင်ကြားပေးတာ မတွေ့ရပါဘူး။ဒါပေမယ့် ခေတ်ပေါ်မဂ္ဂဇင်းတွေ ဂျာနယ်တွေထဲမှာတော့ သံယောင်
လိုက်ပြီး၊လူမျိုး(၁၃၅)မျိုးရှိတယ်လို့ ဖော်ပြလာကြပါတယ်။ ဒါပေမယ့် လူမျိုးစုတွေကို နီးစပ်ရာအုပ်စုခွဲတွေထဲ ထည့်ပြီးဖော်ပြလာပါတယ်။ ဥပမာအားဖြင့် ကချင်မှာ ဒေသအလိုက်ဘာသာစကားကွဲ အုပ်စုငယ်များရှိတယ်။ဒီအုပ်စုတွေဟာ ဂျိန်းဖော၊မရူ၊ရဝမ်နှင့်လီဆူအုပ်စုတွေ
ဖြစ်ကြတယ်ဆိုပြီး ဖော်ပြသင်ကြားလာစေတာကို တွေ့ရပါတယ်။
ဒါကြောင့် ဒီနေ့ခေတ်လူတွေ ကြားနေကျ၊သိနေကျ တိုင်းရင်းသား မျိုးနဲ့ လူမျိုးစုအလိုက် ခွဲခြားဖော်ပြချက်တွေကို သေသေချာချာ လေ့လာသုံးသပ်ကြည့်မိတော့ ပြည်နယ်တွေမှာ နေထိုင်ကြတဲ့ လူမျိုးစုကလေးတွေကို နေထိုင်ရာပြည်နယ်လူမျိုးစုကြီးရဲ့ လူမျိုးနွယ်ဝင်
အဖြစ် ဖော်ပြလာတာကို အထင်အရှားတွေ့လာရတာပါပဲ။ဥပမာအားဖြင့် ကချင်မျိုးနွယ်စု ၁၂ စုမှာ ကချင်နဲ့မဆိုင်တဲ့ မျိုးနွယ်တွေပါဝင် နေတယ်။ ရှမ်း ၃၃ မျိုးမှာလည်း ရှမ်းအနွယ်ဝင်တွေ မဟုတ်ကြတဲ့ ရှမ်းပြည်နယ်နေ လူမျိုးစုတွေကို ရှမ်းလူမျိုးစုဝင်တွေလို့ ဖော်ပြခဲ့တယ်။ ချင်းလူမျိုးစုဝင် ၅၁ မျိုးထဲမှာ ချင်းတွေနဲ့ ဘာမှမဆိုင်တဲ့ နာဂတွေကိုလည်း ချင်းလူမျိုးစုလို့ ဖော်ပြလာတာကို တွေ့ရပါတယ်။-
ချင်းသမိုင်းရှာဖွေပြုစုရေးကော်မီတီက feb,2001-ခုမှာထုတ်ဝေတဲ့ စာမျက်နှာ ၂၁၅မျက်နှာရှိ “ချင်းလူမျိုးများ၏သမိုင်းဖြစ်စဉ်နှင့်ရိုးရာဓလေ့ထုံးစံများအကျဉ်း”စာအုပ်မှာလည်းချင်း၅၁မျိုးကိုရှင်းလင်းဖော်ပြထားခြင်းမရှိပါဘူး။ချင်းလူမျိုးစုခွဲတွေ ဘယ်လောက်ရှိတယ်ဆိုတာကို တိတိကျကျရေးသားနိုင်ခြင်းမရှိသလို ချင်းပြည်နယ်မြို့နယ် ၇ခု တမြို့နယ်ချင်းစီအလိုက် တင်ပြလာတဲ့ စာတမ်း ၇မျိုးကိုသာ ဖော်ပြပြီး ချင်းမျိုးနွယ်ကွဲတွေ ဘယ်လိုများတယ်ဆိုတာကိုပဲ တွေ့ရပါတယ်။
ရှေးကခွဲခြားခဲ့တဲ့ မြောက်ပိုင်းချင်း၊တောင်ပိုင်းချင်း၊အလယ်ပိုင်းချင်း၊ရှေးကုကီးချင်း၊မြေပြန့်ချင်းဆိုတဲ့ ဝေါဟာရတွေအစား Cho ချို၊အရို Asho၊ဇိုမီ Zomi၊မီဇို Mizo၊လိုင်မီး Laimi၊ခူမီး Khumi၊မတူ Matuဆိုတဲ့မျိုးနွယ်စု(၇)စုနဲ့ မျိုးနွယ်စုဝင် (၃၁)မျိုးလို့ ခွဲခြားဖော်ပြလာတာကို
တွေ့ရပါတယ်။အချို့နေရာတွေမှာ တမျိုးကို လူဦးရေဘယ်လောက်ရှိသလဲ ဆိုတာကို ဖော်ပြတာတွေ့ရပေမယ့် အများစုက ဖော်ပြတာကို မတွေ့ရပါဘူး။
ထိုနည်းတူစွာ ဗမာ(၉)မျိုး၊ရခိုင်(၇)မျိုးဟာလည်း တူညီတဲ့လူမျိုးစုတွေကို ခွဲခြားဖော်ပြပြီး မတူညီတဲ့ လူမျိုးစုတွေကိုလည်း အုပ်စု အတွင်း ထည့်သွင်းဖော်ပြတာကို တွေ့ရပါတယ်။
နိုင်ငံခြားပညာရှင်တဦး ပြုစုထားချက်အရ အာရှမှာ Tibeto-Burma အုပ်စုမှ ခွဲထွက်လာတဲ့ ဘာသာစကားပေါင်း ၃၈၉ မျိုးရှိကြောင်းနဲ့ မြန်မာပြည်တွင်းမှာရှိတဲ့ ဘာသာစကားအုပ်စုပေါင်း ၁၀၉ မျိုးကို အမည်၊လူဦးနဲ့ နေထိုင်ရာဒေသတွေကိုပါ ပူးတွဲဖော်ပြထားတာကိုအင်တာနက်ထဲမှာ ဖတ်ရှုလိုက်ရပါတယ်။

ယခု လက်ခံထားတဲ့ တိုင်းရင်းသားလူမျိုးစု ၁၃၅-မျိုးကို လေ့လာတွေ့ရှိရသမျှကို စနစ်တကျ ခွဲခြားဖော်ပြရမယ်ဆိုရင်-

စဉ် လူမျိုး မူ လ ဇစ် မြစ်
၁ ကချင်
တိဘက်-မြန်မာအုပ်စုကြီး၊ ကချင်၊ဂျိန်းဖော-ဒူလင်အုပ်စုငယ်ဝင်။
မြန်မနိုင်ငံတွင်းသို့(၁၁)ရာစုလောက်မှစတင်ဝင်ရောက်လာခြင်းဖြစ်နိုင်ဟုပညာရှင်များကခန့်မှန်း။တောင်ရိုးတောင်
တန်းများတလျှောက်၊အခြေစိုက်နေထိုင်ကြသည်။ပလောင်များကို တွန်းထုတ်၍ ဆဒုံနယ်မြေတွင် အခြေစိုက်လာကြသည်။၁၆-ရာစုတွင် အာသံတွင်နေထိုင်ရာမှ အဟုန် ရှမ်းတို့ဝင်လာသဖြင့် ဆဒုံဘက်သို့ ရွှေ့လာခြင်းဖြစ်သည်။
ကချင်မှာ မြန်မာတို့ခေါ်သော ဝေါဟာရသာဖြစ်ပြီး၊ကချင်စကားမဟုတ်ချေ။ကချင်များကမိမိတို့ကိုယ်မိမိ ဂျင်းဖောဟုခေါ်သည်။အာသံနယ်တွင် စင်ဖိုးဟုခေါ်ပြီး ရှမ်းတို့က ခန် ဟုခေါ်သည်။သိမ်းဖောဟုလည်းရေးသည်။
တောင်ဖက်၊မြစ်အောက်ဖက်တွင် နေသော ကချင်များကို ဂျင်းဖောဟုခေါ်၍ အထက်ဖက် ၊မြစ်ဖျားဘက်နေရသော ကချင်များကို ခခု ကချင်(မြစ်ဖျားနေကချင်)ဟုခေါ်သည်။ဒူးလန်းတို့သည်
လည်း ဂျင်းဖောတို့နှင့်အနွယ်တူဖြစ်ပြီး ခခုဂျင်းဖော၊(အညာသားဂျင်းဖော)ဟုခေါ်သည် ။ကောရီ(ခ)ဂေါ်ရီသည် လည်းကချင်မျိုးနွယ်စုထဲတွင်ပါဝင်သည်။ ကချင်အဓိကအမျိုးအနွယ်ငါးစုမှာမရစ်၊လထော၊လဖိုင် ၊အင်ခုမ်နှင့်မရမ် တို့ဖြစ်သည်။
ကချင်လူဦးရေ ၉သိန်းခန့်(၂၀၀၁) ရှိသည်။

၂ သိမ်းဖော ကချင်အခေါ်အဝေါ်တမျိုး
၃ ခခု မြစ်ဖျားနေကချင် အခေါ်အဝေါ်
၎ ဒူးလန်း မြစ်ဖျားနေကချင် အခေါ်အဝေါ်
၅ ဂေါရီ ကချင်မျိုးနွယ် အမည်တခု
၆ တရုမ်း
ထရုံ မြန်မာနိုင်ငံမြောက်စွန်း၊နေက်မွန်းမြို့နယ်ရှိ တဟောင်ဒမ်းရွာအုပ် သာလာထုရွာတွင် နေထိုင်သည်။တရုံလူပုကလေး
များ အဖြစ်လူသိများသည်။ တိဘက်အနွယ်ဝင် များဖြစ်တယ်။
၇ ဒလောင် ရဝမ်အနွယ်ဝင် ထရု၊တရုံများနှင့် ရောနှောနေထိုင်သည်။မေခမြစ်ဖျားပိုင်းအဒုံလောင်နှင့် စန်ခိုလောင်ဒေသများတွင် တွေ့ရသည်။တိဘက်အနွယ်မှ ဆင်းသက်လာသည်ဟု ယူဆကြသည်။

၈ မရူ Maru (လော်ဝေါ် တိဘက်မြန်မာအုပ်စုကြီးမှ မြန်မာနှင့်ရှေးဦးမြန်မာ စကားပြောအုပ်စုတွင် ပါဝင်သည်
။မိမိကိုယ်မိမိ လောင်ဝေါ်ဟု ခေါ်ကြသည်။မေခနှင့်မလိခမြစ်ဖျားပိုင်းတွင် နေထိုင်ကြသည်။
လူဦးရေတသိန်းခန့် (၁၉၉၇)

၉ ရ၀မ်
Rawang တိဘက်မြန်မာအုပ်စုကြီးမှ၊ လိုလို-မူဆိုအုပ်စုငယ်တွင်ပါဝင်သည်။
နုံ၊နွန်၊ ဓနုံဟုလည်းခေါ်ကြသည်။ပူတာအိုတဝိုက်တွင် နေထိုင်သည်။လူဦးရေ၆သောင်းခန့်(၂၀၀၁)

၁၀ လရှီ
Lashi တိဘက်မြန်မာအုပ်စုကြီး၊မြန်မာနှင့်ရှေးဦးမြန်မာ စကားပြောအုပ်စု ၊လရှီ အဇီးအုပ်စုငယ် တွင်ပါဝင်သည်။
လရှီအချင်းချင်း လချစ်ဝေါ် ဟုခေါ်သည်။လရှီ၊ အဇီး၊ မရူ တို့သည် တဦးနှင့်တဦး အလွန်တူသည်။ ဘာသာစကား
လည်း နီးစပ်ကြသည်။ ဆဒုံးမှ လောခေါင်တောင်တန်း တလျှောက်နေထိုင်ကြသည်။လူဦးရေ ၃၀၀၀၀ခန့် (၂၀၀၀)

၁၁ အဇီး
Atsi/atzi တိဘက်မြန်မာအုပ်စုကြီး၊မြန်မာအုပ်စု၊ရှေးဦးမြန်မာစကားပြောအုပ်စုငယ်တွင်ပါဝင်သည်။
အတ်စီ၊ တဇီး ၊တဆဲ့ ၊အဇီး ၊ဇိုင်ဝါ ဟုလည်း ခေါ်ကြသည်။ ဆဒုံးနယ်တွင် အများဆုံးနေထိုင်ကြသည်။

၁၂ လီဆူ
Lisu တိဘက်မြန်မာအုပ်စုကြီး၊ လိုလိုမူဆိုအုပ်စုငယ် တွင်ပါဝင်သည်။
လီရှော၊ ယောယင်၊ လီဆော ဟုလည်းခေါ်ဆိုကြသည်။ ကချင်ပြည်နယ်၊ရှမ်းပြည နယ်နှင့်မန္တလေးတိုင်းတို့တွင် နေထိုင်ကြသည်။ လူဦးရေ ၁၂၆၀၀၀ (၁၉၈၇)


၁၃ ကယား
Kayah တိဘက်-တရုတ်အုပ်စုကြီးမှ ကရင်အုပ်စုတွင်ပါဝင်သည်
။တောင်ပေါ် ကရင်နှင့်ကွင်းကရင် ၂ မျိုးအနက် တောင်ပေါ်ကရင် အမျိုးအစား ဖြစ် သည်။ရှေးက ကရင်နီဟုခေါ်
သည်။ အချင်းချင်း ကယား (သို့မဟုတ် ကယားလိဟုခေါ်သည်။၁၉၅၁-တွင် အခြေခံဥပဒေပြဌန်းချက်အရ ကယား
ဟု တရားဝင်သတ်မှတ်ခံခဲ့ရသည်။လူဦးရေ ၄သိန်းကျော်(၂၀၀၀-ခုနှစ်)-ရှိသည်။

၁၄ ဇယိမ်း Zayein
တောင်ပေါ်ကရင်အနွယ်ဝင်၊ ဇယိန်းဟု ရေးသည်။ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံနှင့်မိုးဗြဲနယ်တွင်နေသည်။
လူဦးရေ ၉၃၀၀ (၁၉၈၃)

၁၅ ကယမ်း ပဒေါင် Kyan တောင်ပေါ်ကရင်အနွယ်ဝင်။ လည်ပင်းကြေးကွင်းစွပ်သော လူမျိုးအသိများသည်။ တောင်ငူအရှေ့တောင်ပိုင်း၊ရှမ်းပြည်တောင်ပိုင်းနှင့် ကယားပြည်နယ်တွင် တွေ့ရသည်။လူဦးရေ ၄၀၉၀၀ (၁၉၈၃)

၁၆ ကဲ့ခို
Geko တောင်ပေါ်ကရင်အနွယ်ဝင် ဂေခို့၊ဂဲခိုးဟုခေါ်ကြသည်။ရမည်းသင်းနှင့်တောင်ငူခရိုင် တောင်တန်းများတွင် နေထိုင်ကြသည်။ လူဦးရေ ၉၅၀၀(၁၉၈၃)

၁၇ ဂေးဘား
Geba တောင်ပေါ်ကရင်အနွယ်ဝင်၊ ကရင်ဖြူဟုလည်း ခေါ်ကြသည်။ကယားပြည်နယ်မြောက်ပိုင်းနှင့်ရှမ်းပြည်နယ် တောင်ပိုင်းတွင် တွေ့ရသည်။ လူဦးရေ ၁၀၀၀၀(၂၀၀၀)ခုနှစ်

၁၈ ပရဲ Bre
ကယော် ဗရဲဟု ရေးသည်။Karen/ berk/Bre ကယားစကားပြောသည်။မိမိကိုယ်မိမိ မလကူး ဟုခေါ်သည်။ကယားပြည်နယ် အနောက်ပိုင်းတွင် တွေ့ရသည်။ လူဦးရေ ၁၆၆၀၀ (၁၉၈၃)

၁၉ မနုမနော
မနုမနော Manumanow သည် ကယားနှင့်ဗရဲတို့မှ ပေါက်ဖွားလာသည် ဟုယူဆကြသည်။တောင်ငူတောင်ပိုင်းရှိ တောင်တန်းများတွင် နေထိုင် ကြသည်။လူဦးရေ ၁၀၀၀၀(၂၀၀၀)ခုနှစ်

၂၀ ယင်းတလဲ ကယားအုပ်စုဝင်။ Yintale ဘော်လခဲဒေသတွင် တွေ့ရသည်။
လူဦးရေ ၁၀၀၀၀(၂၀၀၀)ခုနှစ်

၂၁ ယင်းဘော် ကယားအုပ်စုဝင်။ Yin baw ကယားပြည်နယ် တောခေါင်ခေါင်ဒေသတွင် တွေ့ရသည်။ဘော်လခဲနယ်နှင့်တောင်ငူခရိုင် လိပ်သိုတောင်ပေါ်တွင်တွေ့ရသည်။လူဦးရေ ၇၃၀၀ (၁၉၈၃)


၂၂ ကရင် တိဘက်တရုတ်အုပ်စုကြီးမှ ကရင်အုပ်စုတွင်ပါဝင်သည်။
တောင်ပေါ်ကရင် နှင့်ကွင်းကရင် နှစ်မျိုးရှိရာတွင် ကွင်းကရင်အစုတွင်ပါဝင်သည်။ကွင်းကရင် ကိုထပ်မံ၍ မြန်မာကရင်(စကောကရင်)၊မွန်ကရင်၊ပိုးကရင်နှင့်တောင်သူ ပအို့ပ် အဖြစ်သုံးမျိုးခွဲခြားထားသည်။ကရင်သည် ကရင်လူမျိုးစုဝင်အားလုံးသိမ်းကြုံးခေါ်ဝေါ်သော အမည်ဖြစ်သည်။

၂၃ ကရင်ဖြူ တောင်ပေါ်ကရင်၊ကယားအနွယ် ။ မဲပုဟုလည်း ခေါ်သည်။အသွင်အပြင်မှာပအို့ဝ်တို့နှင့်တူသည်။ဘွဲ့ကိုလည်း ကရင်ဖြူထဲတွင် ထည့်သွင်းနိုင်သည်။

၂၄ ဘွဲ့ ကရင်ဖြူ စာရင်းဝင်။ ဘဂိုင်ဟုလည်းခေါ်သည်။ကယားပြည်နယ် ကြယ်ဖိုးကြီးဒေသတွင်တွေ့ရသည။်
လူဦးရေ ၁၅၇၀၀ (၁၉၈၃)

၂၅ မွန်ကရင်
စာဖြူ မွန်ကရင်ကို ပိုးကရင်(Pwo-Karen)ဟုလည်းခေါ်ဆိုကြသည်။ဧရာဝတီတိုင်းတွင် အများဆုံးနေထိုင်ကြသည်။ အမျိုးသားများ အမည်အစတွင်စ-တပ်ခေါ်သည်။အမျိုးသမီးများ ရှေ့တွင် နန်း+နန့် တပ်ခေါ်သည်။စာဖြူကရင်
မှာ ခရစ်ယာန်ဘာသာဝင် ကရင်များကို ခေါ်ဆိုသော အမည်ဖြစ်တယ်။
လူဦးရေ တသန်းကျော်ရှိသည်။(၁၉၈၈)

၂၆ ပိုးကရင် အထက်ဖော်ပြပြီး။
၂၇ စကောက ရင် S`gaw Karen မြန်မာကရင်ကိုခေါ်သည်။ပဲခူး၊တနသာင်္ရီနှင့်စစ်တောင် မြစ်ဝှမ်းတလျှောက်နေထိုင်သည်။ အမျိုးသားများအမည်အစကို စော-တပ်ခေါ်သည်။လူဦးရေ ၁.၃သန်း(၁၉၈၃)ရှိသည်။

၂၈ ပကူး စကောကရင်စကားနှင့် အနွယ်တူသော တောင်ပေါ်ကရင် တမျိုးဖြစ်သည်။
ရှမ်းပြည်တောင်ပိုင်းနှင့် သံတောင်မြို့နယ်တွင် တွေ့ရသည်။လူဦးရေ၅၃၀၀။အခြားအမည်မှာ မောနေပွါး။Monnepwa၊မိုပွါး Mogpha။ တလှေပွါး Thalwepwe

၂၉ မောနေပွါး တောင်ပေါ်ကရင် အစုဝင်။ ဘာသာစကား၌ပကူးတို့ကဲ့သို့စကောကရင်ဘာသာနှင့်နီးစပ်သည်။မွန်နေဘွား၊မော်နေဘွားဟုလည်း ခေါ်သည်။
တောင်ငူခရိုင်တောင်ပေါ်တွင် တွေ့ရသည်။လူဦးရေ ၂၀၀၀သံတောင်မြို့နယ်တွင် တွေ့ရသည်။ပကူးအမည်ကဲ
၃၀ မိုပွါး ပကူးအမည်ကွဲတမျိုး
၃၁ တလှေပွါး ပကူးအမည်ကွဲတမျိုး
၃၂ ပလေကီး ဘွဲကရင်၏အမည်ကွဲနှင့် မျိုးနွယ်ကွဲ

၃၃ ချင်း တိဘက်မြန်မာအုပ်စုကြီး၊ကုကီး-ချင်းအုပ်စု တွင်ပါဝင်သည်။
AD လေးရာစု၊ ငါးရာစုကတည်းက မြန်မာပြည်တွင်းသို့ ဝင်ရောက်လာပုံရတယ်။ချင်းတွင်းမြစ်ဝှမ်း
တွင်နေထိုင်ကြတယ်။ပုဂံခေတ်ပျက်ပြီး ရှမ်းလူမျိုးတို့တိုးဝင်လာသဖြင့် ချင်းလူမျိုးတို့ ချင်းတွင်းမြစ်ဝှမ်းတွင် ဆက်နေနိုင်ရန် မဖြစ်တော့သဖြင့် ၁၅ရာစုတွင် ချင်းတောင်တန်းများပေါ်သို့ ခိုလှုံရန်တက်သွားရတယ်။
မြန်မာ့စွယ်စုံကျမ်းဖော်ပြချက်အရ ပြောဆိုသောစကားကို လိုက်ပြီးအုပ်စု ၂-စုခွဲထား၊မေထေး
ခေါ်ကသည်းချင်းနှင့် ချင်းရိုးရိုး။ ချင်းရိုးရိုးကိုမှ ထပ်မံခွဲ၍ ရှေးကုကီးချင်း၊မြောက်ပိုင်းချင်း၊အလယ်ပိုင်းချင်း၊ တောင်ပိုင်းချင်း ဟူ၍လေးမျိုးထပ်ခွဲတယ်
ရှေးကုကီးချင်းတွင် အာသံနှင့်မဏိပူရတွင် အများဆုံးရှိနေကြတယ်။ကုလားတန်မြစ် တဝိုက်ရှိ ကျော(သို့)ချောလူမျိုးများပါဝင်နေတယ်။
မြောက်ပိုင်းချင်းအုပ်စုတွင် သာဒိုးချင်းများနှင့် စုတ်တေး၊ကမ်ဟောင်နှင့်စီယမ်ချင်းဆိုပြီး ၂မျိုးထပ်
ခွဲတယ်။ သာဒိုးချင်းမှာ သာဒိုးနှင့်ယိုချင်း၊ တီးတိန်ချင်းမှာစုတ်တေး၊ကမ်ဟောင်နှင့်စီယင်ချင်းတို့ ပါဝင်တယ်။
အလယ်ပိုင်းချင်းမှာ ဖလမ်းနှင့်ဟားခါးနယ်တွင် နေသောချင်းများဖြစ်တယ်။ တရှုချင်း၊ ဇဟောင်ချင်း၊ လိုင်ဇို၊လွန်စီအိုချင်း၊ကွန်လီချင်း၊ ငွန်(တပေါင်ချင်း)၊ လူရှေ(ငင်တေချင်း)၊ ဝုန်လငိုချင်း၊ ဇင်ဂျက်ချင်း၊ လိုင်(ဟားခါးချင်း) ၊ကလန်ကလန်နှင့်ယိုကွချင်း ၊လောထုချင်း၊ ဇိုတုန်ချင်း၊ ဆမ်တန်ချင်းများဆိုပြီး မျိုးစုတွေ ရှိကြတယ်။
တောင်ပိုင်းချင်းအစုမှာ ဝေလောင်ချင်း၊တမန်ဂီ၊မီရမ်၊ဇိုလမ်နမ်၊မဂန်(ကြိမ်ပတ်ချင်း)၊ မင်းတပ်နှင့်ကန်ပက်လက်ရှိ ချင်းပုတ်များ၊ယင်းဒူးချင်းနှင့်ချင်းပုန်းများ၊ယောနယ်ရှိတောင်သားများ၊ တောင်ဖက်အကျဆုံး အရှိုချင်းများ၊ရခိုင်ပြည်နယ်ရှိ မြို(ခေါ်)ခမွီ၊ ခမွေများဆိုပြီး ခွဲခြားဖော်ပြပါတယ်။
2001 Novထုတ် စံပယ်ဖြူမဂ္ဂဇင်းပါ သမိုင်းပါမောက DRသန်းထွန်းရဲ့ တက္ကသိုလ် သုတေသန စီမံကိန်းဝင်ချင်းတောင်ဘာသာဗေဒခရီး Dec, 1954-ခုဆောင်းပါးအရ ချင်းဘာသာစကားအုပ်စုကြီး ၇ မျိုးရှိတယ်။ဘာသာစကား ၂၂ မျိုးတွေ့ရတယ်။
၁။ဇုံဆယ်သဒိုး။ချင်းဒေသမြောက်ဖျား၊နာဂမြေနဲ့စပ်၊ဆွမ်မရဘုံနယ်တွင်း လေရှီတဝိုက်ပြောတဲ့စကား။
၂။တီးတိန်၊ကမ်မှော်စကား။ တီးတိန်မြောက်ဖက်၂၅မိုင်အကွာကမ်မှော်အကြီးအကဲရုံးစိုက်ရာဒေသ တုံဇမ်နဲ့တိဇမ်မှာပြောစကား။
၃။လွဲငို၊မြန်မာဆန်တဲ့လူရှိုင်းစကား။မြန်မာအိန္ဒိယနယ်စပ်ကို ပိုင်းခြားပေးတဲ့ တိအော်မြစ် အရှေ့ဖက်ကမ်း၊ ဖလမ်းရဲ့အနောက်မြောက်ကစကား။
၎။ခွဲလစိမ်၊ဖလမ်းအရှေ့နဲ့ရှေ့တောင်မှာပြောတဲ့စကား။
၅။ဟားခါး။လဲလို့လဲ ခေါ်။ဟားခါးမြို့သုံးစကား။
၆။အရှို၊စိုင်ဘောင်ချင်း၊ရခိုင်တောင်ဖက် သံတွဲမှာပြောတဲ့တောင်ဖက် အကျဆုံးချင်းစကား။
၇။ခုမိ၊ အရိန်ခုမိ၊ ရခိုင်မြောက်ဖျား၊ကုလားတန်မြစ် အနောက်ဖက်ကမ်း၊ပလက်ဝအထက် လက ချောင်း (သကိုလွိ)အညာရပ်မှာပြောစကား။
ချင်းသမိုင်းရှာဖွေပြုစုရေးကော်မတီမှ 2001-ခုနှစ်ထုတ် “ချင်းလူမျိုးတို့၏သမိုင်းဖြစ်စဉ်နှင့်ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများအကျဉ်း”စာအုပ်မှာ
ချင်းလူမျိုးအုပ်စုကြီး ၇-စု၊နှင့် လူမျိုးစုကွဲ ၃၀ မှာ
၁-= ချို Cho၊
၁။M’avk law ၂။ M’kang law ၃။ khan chaak ၄။Dai

၂-။ အရှို Asho၊
၁။kyunthu ၂။ottu
၃=။ ဇိုမီ Zomi၊
၁။ tedim/Paite ၂။ Z0(Yo) ၃။Thado ၄။ Sihzang
၎=။ မီဇို Mizo၊
၁။Hunlngo ၂။ Hmar
၅=။လိုင်မီး Laimi၊
၁။Laizo(Hlawnceu) ။၂။Sim/Zahau ၃။ Khuaism ၄။Zanniat ၅။Tlaisun ၆။ Ngswn ၇။Zophei
၈။Senthang ၉။ Mi-e ၁၀။Thawr ၁၁။Miram
၆=။ ခူမီး Khumi၊
၁။ Khami ၂။Anu ၃။Khaungsu ၄။ Pawmnau ၅။Mro
၇=။ မတု Matu
၁။ Batu ၂။Mara ၃။Lautu ၄။Zotung
ဆိုပြီးဖော်ပြကာ မျိုးနွယ်ကွဲ ၃၁-မျိုးကိုဖော်ပြထားပါတယ်။တီးတိန်နှင့်တွန်းဇံမြို့နယ်ရှိ ချင်းများ၊ဟားခါးနှင့်ထန်တလန်ရှိချင်းများ၊မင်းတပ်မြို့နယ်ရှိချင်းများ၊ပလက်ဝမြို့နယ်ရှိချင်းများ၊မြေပြန့်ရှိ အရှိုချင်း(ဆလိုင်းချင်း)များဆိုပြီး မြို့နယ်အလိုက် စာတမ်း ၇ စောင် သီးခြားတင်သွင်းပြီးမှ ပေါင်းစုဖော်ပြထားတာ ကိုတွေ့ရပါတယ်။

၃၄ မယ်တိုင်
ကသည်း မေထေးချင်း၊မဏိပူရနေကသည်းလူမျိုးများ။ကုကီး-ချင်းအုပ်စုဝင်။ဘိုးတော်ဘုရားလက်ထက်က မဏိပူရကို သိမ်းပြီး သုံ့ပန်းများကို မန္တလေးတွင်နေရာချထားရာမှပေါက်ဖွားလာ။

၃၅ ဆလိုင်း အရှိုချင်း(မြေပြန့်ချင်း)ကို ခေါ်သောအမည်ကွဲ။

၃၆ အရှိုချင်း အရှိုချင်း(မြေပြန့်ချင်း)ကို ခေါ်သောအမည်ကွဲ။အရှိုချင်း Asho ကို မြေပြန့်ချင်း၊ဆိုင်ဘောင်ချင်း၊Kyuntu ကျွန်းတူချင်း၊Ottu အွတ်တူချင်း၊ ချင်းပုန်း၊ ချင်းပုတ်၊ ဆလိုင်းချင်း စသည်ဖြင့် ခေါ်ဆိုကြသည်။ ရခိုင်ပြည်နယ်ရှိ ခမီ၊ ခမွေ၊ မြိုတို့ဟာလည်း ဒီချင်းအုပ်စုဝင်များဟု ရေးသားကြတယ်။

၃၇ ခမီ /Khami Myo မြို ခေါ်ခမီ၊ စွယ်စုံကျမ်းအရ မြန်မာအစုငယ်တွင် ပါဝင်တယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ပင်းချောင်း၊မီးချောင်းတလျှောက် နေထိုင်ကြတယ်။ပလက်ဝမြို့နယ်တွင် ခူမီချင်းများအား ခမိ၊ခမီ၊ခမီး၊အစရှိသဖြင့် ရေးသားဖော်ပြနေကြသလို မြိုကိုလည်း အဝခမီးအဖြစ် ဖော်ပြထားသည်။မြိုတို့သည် သကရဇ် ၁၃၁ မှ ၁၅၆ ထိ ၂၅နှစ်ကြာ ရခိုင်ထီးနန်းတွင် မင်းဆက်၂ ဆက်အုပ် ချုပ်ခဲ့ဖူးသည်။ ထို့ကြောင့်ခမီ၊ခမွီး၊ခမီး၊ခူမီး၊မြို၊မရို၊မရာ၊လေးမရိုခေါ်လေးမြို၊အောင်ခမီ စသည်ဖြင့်အမည်အမျိုးမျိုး ဖြစ်ပေါ်နေသော လူမျိုးစုဖြစ်နေတယ်။၁၉၉၀-ပြည့်ပါတီစုံအထွေထွေရွှေးကောက်ပွဲတွင် မြို ခေါ်
ခမီ အမျိုးသားညီညွတ်ရေးပါတီဖြင့် ဝင်ရောက်ယှဉ်ပြိုင်၍ လွှတ်တော်အမတ်တဦး ရွှေးကောက်ခံထားရတယ်။ ကျေက်တော်၊မြောက်ဦး၊ပလက်ဝ၊ပုဏ္ဏာကျွန်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ကျောက်တော် မဲဆန္ဒနယ် ၂ မှဦး စံသာအောင် ရွှေးချယ်တင်မြှောက်ခံရတယ်။
၂၀၁၀-ရွေးကောက်ပွဲအတွက် မြိုခေါ်ခမီပါတီ၊ မြိုပါတီ။ ခမီပါတီ သုံးမျိုးထွက်လာနေတယ်။

၃၈ အောင်ခမီ ခမီအမည်ကွဲတခုဖြစ်ရန်ရှိ။
၃၉ လေးမြို ပလက်ဝမြို့နယ်လေးမြိုမြစ်(လည်မြိုမြစ်)Lemiro မြစ်နားတွင်နေထိုင်သောချင်းမျိုးနွယ်စု၊ လေးမရို ဟုလည်းခေါ် ကြတယ်။

၄၀ ပါကင်းမ်
မရို မရို-မြိုနှင့်တူနိုင်တယ်။
၄၁ ကလင်ကော
လူရှေ လူရှိုင်းချင်းကို ခေါ်ဆိုသောအမည်တမျိုး။ရှေးယခင်က လူရှေဟုခေါ်သည်။လူရှိုင်းတောင်တန်းတွင် နေထိုင်ကြတယ်။၁၉၆၃ တွင် တော်လှန်ရေး ကောင်စီက တိုင်းရင်းသားလူမျိုးတမျိုးအဖြစ် အသိအမှတ်ပြုခဲ့တယ်။

၄၂ လူရှိုင်း
လူရှေ ဖော်ပြခဲ့ပြီး။
၄၃ ခေါနိုး တီးတိန်နှင့်တွန်းဇံမြို့နယ်ရှိ ချင်းမျိုးနွယ်စုများ။Khuano
၄၄ ခေါင်စို့ ပလက်ဝမြို့နယ်ရှိ ချင်းမျိုးနွယ်စု။Khaung Su
၄၅ ခွါဆင်းမ် Khual Sim ဟားခါးနှင့်ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စု။ခွါလ်ဆိမ်ဟုရေးတယ်။
၄၆ ခွန်လီ
(ဆင်းမ်) Sim ဆိမ့်ဟုရေး။ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စု။
၄၇ ဂန်တဲ့ Vangteh ဗန်တဲ့ဟုရေး။တီးတိန်ရှိ ချင်းမျိုးနွယ်စု။
၄၈ ဂွေးတဲ့ Quite ဂွေးသဲဟုရေး။တီးတိန်ရှိ ချင်းမျိုးနွယ်စု။
၄၉ ငွန်း Ngawnငေါန်းဟုရေး။ဖလမ်းနယ်ရှိချင်းမျိုးနွယ်စု။စီယင်ချင်း၏အမည်တမျိုး
၅၀ ဆီတန် Sih-zang စီဇန်၊တီးတိန်ရှိ ချင်းမျိုးနွယ်စု။စီယင်ချင်း၏ အမည်တမျိုး။
၅၁ ဆင်တန် Senthang ဆင်တန်ဟုရေး။ဟားခါးနယ်ရှိ ချင်းမျိုးနွယ်စု။
၅၂ ဆိုင်းတန် Sai Zang ဆိုင်းဇန်ဟုရေး။တီးတိန်နယ်ရှိ ချင်းမျိုးနွယ်စု။
၅၃ ဇာတောင် Za hau ဇာဟောင်ဟုရေး။ဖလမ်းနယ်ရှိ ချင်းမျိုနွယ်စု။
၅၄ ဇိုတုံး Zo Taung ။မတူပီနယ်ရှိ ချင်းမျိုးနွယ်စု။
၅၅ ဇိုဖေ Zo phei ဟားခါးနယ်ရှိ ချင်းမျိုးနွယ်စု။
၅၆ ဇို Zo (Y0) ရိုဟုလည်းခေါ်တယ်။တီးတိန်ရှိ ချင်းမျိုးနွယ်စု။
၅၇ ဇန်ညှပ် ဇန်နီယပ် Zangiat ဟုလည်းခေါ်။ဖလမ်းရှိ ချင်းမျိုးနွယ်စု။
၅၈ တပေါင် Ta pang ။ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စု။
၅၉ တီးတိန်
တဲဒင်မ် တီးတိန်နှင့်တွန်းဇံမြို့နယ်များအတွင်းရှိ ချင်းမျိုးနွယ်စု ၁၂ စုကိုပေါင်း၍တီးတိန်ချင်းဟုခေါ်တယ်။တီးတိန်ဇိုမီး
Tedim Zomi အဖြစ်လည်းခေါ်နိုင်တယ်။၁၉၉၀-ရွှေးကောက်ပွဲမှာ ဇိုမီးအမျိုးသားကွန်ဂရက်အမည်ဖြင့်
တီးတိန်၊ကလေး၊တွန်းဇံမဲဆန္ဒနယ်မြေများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးတီးတိန်မဲဆန္ဒနယ် ၁ မှ ဦးပုကျင့်ရှင်းထန် ရွေးချယ်ခံရတယ်။
၆၀ တေဇန် Tei Zang ။တီးတိန်နှင့်တွန်းဇံနယ်ရှိ ချင်းမျိုးနွယ်စု။
၆၁ တိုင်ချွှန်း Tai Shun တာရွှန်းဟုလည်းခေါ်တယ်။ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စု။
၆၂ တာဒိုး Tha do တာဒို၊တီးတိန်ရှိ ချင်းမျိုးနွယ်စုများ။
၆၃ တောရ် Thawr ထောဟုခေါ်တယ်။ဟားခါးနယ်ရှိ ချင်းမျိုးနွယ်စု။
၆၄ ဒင်မ် Dim ။တီးတိန်နယ်ရှိ ချင်းမျိုးနွယ်စု။
၆၅ ဒိုင်(ယင်းဒူး) စွယ်စုံကျမ်းတွင် ကန်ပက်လက်အထက် စလင်းချောင်းနှင့်အခြားချောင်း တခုတွင် နေထိုင်သောချင်းလူမျိုးဟု ဖော်ပြတယ်။Cho-ချင်းလေးမျိုးတွင်Dai ပါရှိပြီး မတူပီနယ်တွင်လည်း နေတယ်။
၆၆ မကန်း မင်းတပ်မြို့နယ်တွင်တွေ့ရသောချင်းမျိုးနွယ်စု။M`Kang Law မကန်းလော်ဟုလည်း ခေါ်ကြသည်။
၆၇ မတူ Matu မတူပီမြို့နယ်ရှိ ချင်းမျိုးနွယ်စု။
၆၈ မီရမ်
(မရာ) Miran ထန်တလန်နှင့် မတူပီမြို့နယ်တွင်နေထိုင်သောချင်းမျိုးနွယ်စု။မရာMara ဟုလည် ကိုယ့်ကိုယ်ကို ခေါ်ဆိုကြတယ်။၁၉၉၀ ပြည့်ရွှေးကောက် ပွဲတွင် မရာပြည်သူ့ပါတီ အမည်ဖြင့် ပလက်ဝနှင့်မတူပီတွင် ယှဉ်ပြိုင်၊
မတူပီမဲဆန္ဒနယ် ၁ မှ ဦးရိုအုပ် ရွေးချယ်ခံရ။
၆၉ မီအဲ Mi-e ၊ဟားခါးနယ်ရှိ ချင်းမျိုးနွယ်စု။
၇၀ လင်တဲ Lente လဲင်သဲဟုရေး။ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စု။
၇၁ လောက်ကု Lau Tu လောက်တူဟုခေါ်။ဟားခါးနယ်ရှိ ချင်းမျိုးနွယ်စု။
၇၂ လိုင် ဖလမ်းနယ်ရှိ ချင်းများကိုခေါ်ခြင်းဖြစ်တယ်။လိုင်ဇိုချင်းများကိုအမည်တမျိုးခေါ်ခြင်းဖြစ်နိုင်ပါတယ်။
၇၃ လိုင်ဇို ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စု။Laizo။ Hlawn Geu လှောန်ကျဲအို ဟုလည်းခေါ်ကြတယ်။
၇၄ ဟွာလ်ငို Hulngo ၊တီးတိန်နှင့်ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စုများ။
၇၅ အနူး Anu ပလက်ဝမြို့နယ်ရှိ ခူမီးချင်းမျိုးနွယ်စုဝင်။
၇၆ နာဂ ချင်းလူမျိုးနှင့်မဆိုင်။တိဘက်-မြန်မာအုပ်စုကြီးမှ နာဂအုပ်စုခွဲဝင်။ နာဂတောင်တန်းတွင် အဓိကနေ ထိုင်ကြတယ်။ ခန္တီး၊လေရှီး၊လေဟယ်မြို့နယ်များတွင် တွေ့ရတယ်။နာဂမျိုးကွဲပေါင်း များစွာရှိပြီး ထင်ရှားသော နာဂမျိုးစုများမှာ နောက်ကော်နာဂ၊တန်ဂန်နာဂ၊ဟေမြဲနာဂ၊ရန်ပန်နာဂ၊တန်ခူးနာဂ၊ပါရာနာဂ၊ခေါင်ဆိုင်နာဂ ၊ ရှာရာနာဂ၊ရာတနာဂ၊ မက်ဝဲယာနာဂ တို့ဖြစ်တယ်။

၇၇ ခေါင်ဆိုင်
ချင်း ခေါင်ဆိုင်ချင်းအနေဖြင့် မတွေ့ရဘဲ ခေါင်ဆိုင်နာဂ ကိုသာတွေ့ရတယ်။

၇၈ တန်ခူး ဆွမ်ဘရာဘွမ်၊မန္တီးနှင့်မော်လိုက် မြို့နယ်များတွင် တွေ့ရတယ်။တာန်ခူးလ်Tangkhal ဟုရေးတယ်။နာဂထဲတွင် တန်ခူးနာဂလဲ ရှိနေတယ်။

၇၉ မာရင် နာဂအနွယ်တမျိုး
၈၀ ပနန်း ခမီချင်း( မြို) တမျိုး
၈၁ မွင်း ချိုမိီးချင်းအနွယ်ဝင်
၈၂ အနန်း နာဂအနွယ်တမျိုး
၈၃ အူပု ချိုမီးချင်းအနွယ်ဝင်
၈၄ လျင်ကု နီပေါလ်နွယ်ဘွား တောင်ပေါ်သား။
၈၅ ရောင်ကု ချိုမီးချင်းအနွယ်ဝင်

၈၆ ဗမာ တိဘက်မြန်မာအုပ်စုကြီးမှ မြန်မာနှင့်ရှေးဦးမြန်မာ အုပ်စုမှ အဓိကလူမျိုးစုကြီး။
ရှေးကမြန်မာဟု ရေးခဲ့ပြီး ယခု ဗမာဟု ရေးသားဖော်ပြနေတယ်။ဗမာ ဟာလူမျိုးစုကို ကိုယ်စားပြုပြီး မြန်မာနိုင်ငံ တခုလုံးကို ကိုယ်စားပြုနေတယ်လို့ပြောဆို နေကြသော်လည်း အများစုက ရောထွေးနေဆဲဖြစ်တယ်။
မြန်မာ့စွယ်စုံကျမ်းအရ
၁။ခေတ်မြန်မာစကားကို ပြောဆိုနေကြတဲ့ အများစုဖြစ်နေတဲ့မြန်မာများ၊
၂။ခေတ်ဟောင်းဝေါဟာရကို ဆက်လက်သုံးစွဲ၍ အသံအချို့တွင် ခေတ်မြန်မာစကားနှင့် မတူဘဲ ကွဲပြားခြားနားတဲ့ အသံကွဲမြန်မာစကားကိုပြောဆိုတဲ့လူမျိုးများ။
ရခိုင်များ၊ရမ်းဗြဲသားများ၊ကုလားတန်မြစ်ဝှမ်းနေချောင်းသားများ၊ထားဝယ်နှင့်မြိတ်သားများ၊ပခုက္ကူခရိုင်ရှိ ယောသားများ၊ပဲခူးရိုးမနေ ရဗိန်းများ၊ ထားဝယ်နှင့် မြိတ်သားများ၊ ရှမ်းပြည်နယ်ရှိ ဓနုနုင့်တောင်ရိုးများ အင်းလေးကန်ရှိအင်းသားများ။
၃။ရှေးဦးမြန်မာ စကားပြောဆိုတဲ့ လူမျိုးစုများ ၊
ရှေးပဝေဏသီကပင် ရွေ့ပြောင်းလာရာမှ လမ်းခရီးတွင် ကျန်ခဲ့သော လူမျိုးစုများ၊ မရူ၊အဇီး၊လရှီ၊အာချန်ခေါ်မိုင်းသာ ၊ဖွန်းလူမျိုးများ။
Maru,Atzi,Lashi,Achang(maingtha),Hpon

၈၇ ထားဝယ်
Tavogan အသံကွဲမြန်မာစကားပြောဆိုတဲ့ အုပ်စုဝင်။ဘိုးတော်ဘုရား ရခိုင်ကိုသိမ်းယူစဉ် ပြောင်းရွေ့ပြေးသော ရခိုင်များမှ ဆင်းသက်လာသည်ဟု ယုံကြည်ကြတယ်။လူဦးရေ ၄သိန်း (၁၉၈၃)။
၈၈ မြိတ် ထားဝယ်သားများနှင့် တူနိုင်တယ်။အသံကွဲ မြန်မာစကားပြောတယ်။
၈၉ ဆော
ယော ထီးလင်း။ဂန့်ဂေါနှင့်ယောမြို့နယ်ရှိ ယောလူမျိုးစု။အသံကွဲ မြန်မာစကားပြောဆိုတယ်။ချင်းတို့ကလည်း ချင်းလူမျိုးစုတခု အဖြစ် ယူဆထားတယ်။
၉၀ ရဗိန်း ယဗိန်းဟု ယခင်ကရေးသား။ပဲခူးရိုးမ အစွန်တွင် နေထိုင်တယ်။အခြားအချက်အလက်များ မသိရ။အင်တာနက်ထဲတွင် တွေ့ရှိချက်အရ Yang Bye လူဦးရေ ၈၁၀၃၀၀ (၁၉၈၃) ဟုဖော်ပြထားတယ်။
၉၁ ကဒူး
ခုံကူး တိဘက်မြန်မာအုပ်စုကြီး၊သက်အုပ်စုဝင်။ ကန္တူး၊ကတူးဟု ရေးတယ်။လက်ရှိကတူးကနန်းဟု ရေးသား ဖော်ပြတယ်။ပင်လယ်ဘူး၊ဗန်းမောက် မြို့နယ် တို့တွင် နေထိုင်တယ်။လူဦးရေ တသိန်းကျော်ရှိတယ်။
၉၂ ကနန်း စွယ်စုံကျမ်းတွင် ဖော်ပြခြင်းမတွေ့ရ။ကနန်းတို့သည် နန်ချောင်တို့ရန်မှပြေးလာသော ပျူလူမျိုးမှ ဆင်းသက်လာခြင်းဟု ယူဆကြတယ်။ရှေးကနန်းလူမျိုးတို့ဟာ အရိုးပြာကို ပျူလူမျိုးများကဲ့သို့ မြေအိုးဖြင့် မြုပ်လေ့ရှိသည်။ကတူးတို့နှင့် ရောနှောနေထိုင်တယ်။လူဦးရေ ၃၀၀၀၀-ကျော်။

၉၃ ဆလုံ ပင်လယ်ပိုင်းတွင်ပြောဆိုသောသြစထရိုနီးရှအစုကြီး(မလေးပိုလိုနီရှ)မှ အင်ဒိုနီရှအုပ်စု၊မလေး၊ဆလုံအုပ်စုဝင်ဖြစ်။ မော်ကင်း ဟုလည်း ခေါ်ဆိုကြတယ်။မြိတ်ကျွန်းစု တဝိုက်တွင် နေထိုင်ကြတယ်။လူဦးရေ ၇၀၀၀(၁၉၈၃)။

၉၄ ဖုန်း(ဖွန်) ရှေးဦးမြန်မာစကားပြောအုပ်စုဝင်။ ဧရာဝတီ ပထမမြစ်ကျဉ်း၊ဗန်းမော်ခရိုင်ဝိုက်တွင် နေထိုင်ကြတယ်။လူဦးရေ ၂၂၅၄ (၂၀၀၀)ခုနှစ်။

၉၅ မွန် ကုန်းတွင်းပိုင်းတွင် ပြောဆိုသော သြစထရိုအာရှအုပ်စုကြီးမှ မွန်ခမာအုပ်စုတွင်ပါဝင်။မြန်မာတိုင်ရင်းသား တို့အနက် ရှေးအကျဆုံး ဝင်ရောက်နေထိုင်သော လူမျိုးစုဖြစ်တယ်။BC 2000-ခန့်ကပင် ရာမညဒေသသို့ ဝင်ရောက်
လာကြောင်း ပညာရှင်တို့က ယူဆထားတယ်။မြို့ပြနိုင်ငံများ၊အင်ပါယာနိုင်ငံများ တည်ထောင်နိုင်ခဲ့ပြီး
ကုန်းဘောင်ခေတ် အလောင်းမင်းတရားကို ရှုံးနိမ့်ပြီးနောက် အင်အားပြန်လှယ် မထူထောင်နိုင်တော့ပေ။
လူဦးရေ ၇သိန်းကျော် (၂၀၀၁)-ခုနှစ်။


၉၆ ရခိုင် တိဘက်မြန်မာအုပ်စုကြီးမှ၊မြန်မာနှင့်ရှေးဦးမြန်မာအုပ်စုဝင်။အသံကွဲမြန်မာစကားပြောဆိုတယ်။
ကုလားတန်မြစ်ဝှမ်းနေ ချောင်းသားများနှင့်ရမ်းဗြဲကျွန်း သားများလည်း အသံကွဲမြန်မာစကားကို ပြောဆိုတယ်။ ချောင်းသား Changtha 121700(1983) ကျော့ခေါ်ချော့ Chak 20000၊ရှိပြီး ရခိုင် Rrakanses 730000(2001)
၉၇ ကမန် ကမန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့်၁၉၉၀ပြည့်ရွှေးကောက် ပွဲတွင် သံတွဲနှင့်စစ်တွေ တွင်ယှဉ်ပြိုင်။စစ်တွေမဲဆန္ဒနယ် ၁ မှ ဦးရွှေယ လွှတ်တော်အမတ် အဖြစ်အရွေးခံရတယ်။စွယ်စုံကျမ်းတွင် ကမန်လူမျိုးနှင့် ပတ်သက်၍ ဖော်ပြခြင်း မတွေ့ရ။
၉၈ မြို ရှေးကျသောမြန်မာစကားနှင့် အနွယ်တူသော ဘာသာစကားကို ပြောဆိုတယ်။ရခိုင်တောင်တန်းနှင့်စစ်တွေ ခရိုင်တွင်တွေ့ရတယ်။အငြင်းပွားစရာအကောင်းဆုံး လူမျိုးအမည် ဖြစ်နေတယ်။မြိုခေါ်ခမီ အဖြစ်ရေးသားသလို
ခမွီး၊ခမီးနဲ့ ချင်းတို့ကလည်း ခူမီးချင်း အဖြစ်ဖော်ပြရေးသားထားတယ်။
အမှတ်စဉ် ၃၇ မှာ ရှင်းလင်းဖော်ပြထားပါတယ်။

၉၉ ခမွီး မြိုရဲ့အခေါ်တမျိုး ဖြစ်နိုင်ပါတယ်။
၁၀၀ ဒိုင်းနက် တိဘက်မြန်မာအုပ်စုကြီးမှသက်အုပ်စုဝင်။
စစ်တွေခရိုင်တွင် နေထိုင်ပြီး စစ်တကောင်းသွေးရော၍ ဘင်္ဂလီစကား ပြောဆိုတယ်။

၁၀၁ မရမာကြီး စွယ်စုံကျမ်းတွင် ဖော်ပြခြင်း မတွေ့ရ။ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အများဆုံးတွေ့ရသောဘင်္ဂါလီစကားပြောသော မြန်မာလူမျိုှးဗုဒ္ဓဘာသာဝင်များဖြစ်တယ်။
၁၀၂ သက် တိဘက်မြန်မာအုပ်စုကြီးမှ သက်အုပ်စုဝင် ။
လက်ရှိ ရခိုင်ပြည်နယ် အစွန်အဖျားများတွင်နေထိုင်နေကြဆဲဖြစ်ပြီး လူဦးရေ ရာဂဏန်းမျှသာရှိတော့တယ်

၁၀၃ ရှမ်း တိုင်း-တရုတ်အုပ်စုကြီး Tai-Chinese မှ Tai အုပ်စုဝင်။၎မျိုးရှိပြီး ထိုင်း၊ရှမ်း၊အဟုန်ရှမ်းနှင့်ခန္တီးရှမ်းတို့ဖြစ်တယ်။ Tai အနွယ်ဝင်တို့ပြောဆိုသော စကားသံများသည် ကွဲပြားမှုရှိမနေဘဲ နေထိုင်ရာဒေသ ပထဝီအလိုက် ရေးသား
သောစာပေများ ကွဲပြားမှုရှိနေတယ်။
မြန်မာပြည်တွင်းတွင် အသုံးပြုနေသော ရှမ်းစာများမှာ သံလွင်မြစ်အနောက်ဖက်တွင် အသုံးပြုသော မြန်မာ အက္ခရာသုံး ရှမ်းစာ(ရှမ်းစာကြီး)၊သံလွင်မြစ်အရှေ့ဖက်ကမ်းတွင်အသုံးများသောဂုံရှမ်းစာ၊ရှမ်းပြည်နယ်မြောက်ပိုင်း တွင် အသုံးများသော မောရှမ်းစာ၊ကချင်ပြည်နယ်တွင် အသုံးများသောခန္တီးရှမ်းစာဟူ၍တွေ့ရတယ်။ အာသံဘက်တွင်လည်း အဟောမ်၊(အဟုန်ရှမ်းစာ)ကိုတွေ့နိုင်တယ်။ရှမ်းကြီးစာကိုလည်း မူဟောင်းရေးနုန်းနှင့် အသစ်ပြန်လှယ်ပြုပြင်ထားသော မူသစ်ရှမ်းစာ ဟူ၍ရှိနေပြီးဖြစ်တယ်။ရှမ်းလူမျိုး ဦးရေ ၃.၂ သန်းကျော် (၂၀၀၀) ခုနှစ်။
ရှမ်းတို့နေထိုင်ရာ အရပ်ဒေသနှင့် ပထဝီဝင်နေရာ၊ဝတ်စားဆင်ယင်ပုံ များကိုလိုက်၍ ခေါ်ဝေါ်သုံးစွဲ မှတ်တမ်းတင်ကြသဖြင့် ရှမ်းအမျိုးအမည်များ ပြားနေရခြင်း ဖြစ်တယ်လို့ ရှမ်းပညာရှင်များက ပြောဆိုကြပါတယ်။ရှမ်းများအားလုံးမှာ ပြောစကား အားလုံးနားလည်နိုင်ပါတယ်။

၁၀၄ ခန္တီးရှမ်း Tai တိုင်းအုပ်စုမှ ခန္တီးရှမ်းအစု။
ပူတာအိုလွင်ပြင်နှင့်ကဘော်ချိုင့်ဝှမ်း ခန္တီးတို့တွင် အများဆုံးနေထိုင်ကြတယ်။လူဦးရေ ၁၃၁၁၄-သာရှိ

၁၀၅ ဂုံ(ခွန်) Khun ။ကျိုင်းတုံဒေသတွင် အဓိကနေထိုင်သော ရှမ်းလူမျိုးစုဖြစ်ပြီး မြန်မာတို့ကဂုံရှမ်းဟုခေါ်ကြတယ်။ခွန်(ခင်)ရှမ်း။ သံလွင်မြစ် အရှေ့ဖက်ကမ်းတွင်အဓိကလူမျိုးဖြစ်ပြီး ဂုံရှမ်းစကားနှင့် စာကို အသုံးပြုတယ်။
လူဦးရေ ၂သိန်းခန့်(၂၀၀၀)ခုနှစ်။
၁၀၆ မောရှမ်း ရှေးမောရှမ်းပြည်များဖြစ်သော တရူတ်ပြည်၊ယူနန်နယ် ရွှေလီမြစ်ဝှမ်းရှိ မိုင်းမောဒေသမှ ရှမ်းများကိုမောရှမ်း ဟုခေါ်တယ်။ မြန်မာ့သမိုင်းတွင် အလွန်ထင်ရှားခဲ့သော သိုဟန်ဘွားမှာ မောရှမ်းခေါင်းဆောင်ဖြစ်တယ်။ မောရှမ်းတို့ဟာ ဗုဒ္ဓဝါဒီများမဟုတ်၊စာပေလည်းမရှိ တိုက်ခိုက်ရေးကိုသာ အားသန်သော ရှမ်းလူမျိုးများဖြစ်တယ်။
သူ့တို့အားရှမ်းကြီး ဟုလည်းခေါ်ဆိုကြတယ်။
၁၀၇ ရှမ်းကြီး ထိုင်းလူမျိုးတို့က ရှမ်းပြည်နယ်ရှိ ရှမ်းတို့ကို တိုင်းလုံ(ရှမ်းကြီး)ဟုခေါ်ဝေါ်နေကြဆဲ ဖြစ်တယ်။ဒါကြောင့် ရှမ်းကြီးဆိုတာ မောရှမ်းတို့ကိုခေါ်သလား၊ရှမ်းပြည်နယ်နေ ရှမ်းတို့ကိုခေါ်သလား ခွဲခြားမရပါ။
၁၀၈ ရှမ်းကလေး ထိုင်းတို့အား ရှမ်းပြည်နယ်ရှိရှမ်းတို့က ခေါ်ဆိုခြင်းဖြစ်တယ်ဒ
၁၀၉ တိုင်းလုံ ရှမ်းဘာသာစကား အခေါ်ဖြစ်ပြီး မြန်မာလို ရှမ်းကြီးဟု အဓိပ္ပါယ်ရတယ်။
၁၁၀ တိုင်းလျမ် မိုးကောင်း၊မိုးညှင်းဒေသ တဝိုက်နေထိုင်ကြသော ရှမ်းလူမျိုးများ၊ရှမ်းနီဟုခေါ်တယ်။တိုင်းလျမ်မှာ ရှမ်းနီဟု အဓိပ္ပါယ်ရပြီး ဝတ်ဆင်ထားသော ခေါ်ခြင်းဖြစ်နိုင်ပါတယ်။ကချင်များက ခေါ်ခြင်းလည်း ဖြစ်နိုင်တယ်

၁၁၁ တိုင်းလွယ် တောင်ပေါ်ရှမ်းဟု အဓိပ္ပါယ်ရပါတယ်။တိုင်းလွီဟုလည်းရေး။ ဗုဒ္ဓအယူဝါဒရှိသော ဝလူမျိုးတမျိုး၊ ဝကွပ်ဟုလည်း ခေါ်တယ်။ ဂုံရှမ်းတို့ကို အရှုံးပေးအရေးနိမ့်ပြီးနောက် ဗုဒ္ဓဘာသာကို ယုံကြည်လာသော လူမျိုးဖြစ်ပြီး ကျိုင်းတုံနယ်
မြောက်ပိုင်းတွင် တွေ့ရသည်။ ဗုဒ္ဓ၀ါဒကို ယုံကြည်သောအခြားတောင်တန်းသားများကိုလည်း ရှမ်းတို့က တိုင်းလွယ်
ဟုခေါ်လေ့ရှိတယ်။ ဥပမာ ပလောင်တို့ကို တိုင်းလွယ်ဟုခေါ်ဆိုတတ်သည်။
၁၁၂ တိုင်းလေ့ တရုတ်ပြည် မိုင်းလင်းနယ်မှ ပြောင်းလာသော လူမျိုး။ တိုင်းလင်ဟုလည်းခေါ်တယ်။ရှမ်းပြည် တောင်ပိုင်း၏
အနောက်ဖက်ပိုင်းဒေသတွင် နေထိုင်ပြီး ဗုဒ္ဓဘာသာဝင်များ ဖြစ်တယ်
၁၁၃ ယွန်း
(လာအို) မြန်မာနှင့်လောနယ်စပ်တွင် နေထိုင်ကြသူများဖြစ်တယ်။ရှေးက မြန်မာတို့က ယွန်းလူမျိုးများဟု ခေါ်ဆိုကြကာ
Tai တိုင်းအုပ်စုဝင်များဖြစ်တယ်။
၁၁၄ ၀ ကုန်းတွင်းပိုင်းတွင် ပြောဆိုသော သြစထရိုအာရှအုပ်စုကြီးမှ မွန်ခမာအုပ်စုမှ ၀-ပလောင်အုပ်စုခွဲတွင်ပါဝင်တယ်။
ရှေးယခင်က မြန်မာနိုင်ငံအလယ်ပိုင်းတွင် အခြေစိုက်ခဲ့ကြပြီး မြန်မာနှင့်ရှမ်းလူမျိုးတို့ ၀င်ရောက်လာမှုကြောင့်
အစွန်အဖျားဒေသတို့ ပြောင်းရွေ့လာပုံရကြောင်း ပညာရှင်တို့က ယူဆကြတယ်။ ၀၊လ၀။ လွယ်လ။ လ။ လွယ်လ
လူမျိုးများဟု ရေးသားခေါ်ဝေါ်ကြပြီး ဟိုပန်၊ ပန်ဝိုင်၊ ပန်ဆန်းမြို့များတွင် နေထိုင်ကြတယ်။လူဦးရေ လေးသိန်းခန့်။
၁၁၅ ပလောင် မွန်ခမာအုပ်စုမှ ၀-ပလောင်အုပ်စုခွဲ တွင်ပါဝင်။ပလောင်၊ပလေး ဟု ခေါ်ဝေါ်သုံးစွဲလေ့ရှိတယ်။ရွှေပလောင်၊
ငွေပလောင်ဟူ၍ ခွဲခြားခေါ်သေးတယ်။
၁၆ ရာစုက ဗန်းမော်နှင့် ဆဒုံနယ်များတွင် နေထိုင်နေရာမှ ကချင်တို့ တိုးဝင်လာမှုကြောင့် ရွှေလီမြစ်တောင်ဖက်
သို့ ရွေ့ပြောင်းလာပြီး နမ့်ဆမ်၊ နမ္မတူ၊ မိုးကုတ်၊မိုးမိတ်ဒေသများတွင် ပြန့်နှံ့နေထိုင်ကြတယ်။
၁၁၆ ပလေး ၀-ပလောင်အုပ်စုခွဲ-ပလောင်ပလေးတွင်ပါဝင
၁၁၇ ဓနော မွန်ခမာအုပ်စုမှ ၀-ပလောင်အုပ်စုခွဲ ပလောင်၊ပလေးအစုငယ်တွင်ပါဝင်တယ်။
၁၁၈ အင် မွန်ခမာအုပ်စုမှ ၀-ပလောင်အုပ်စုခွဲ တွင်ပါဝင်။
၁၁၉ ခမူ မွန်ခမာအုပ်စုမှ ၀-ပလောင်အုပ်စုခွဲ တွင်ပါဝင်ပြီး ခမုတ်ဟုလည်းခေါ်တယ်။
၁၂၀ ယင်းကြား မွန်ခမာအုပ်စုမှ ၀-ပလောင်အုပ်စုခွဲ တွင်ပါဝင်။
မြန်မာက ယင်း၊ ရှမ်းက ယန်းဟုခေါ်တယ်။ ယင်းနက်၊ ယင်းကြားနှစ်မျိုးရှိပြီး ယင်းနက်ကို ကရင်နက်၊ကရင်ကျား
ဟုလည်းခေါ်သေးတယ်။ ယင်းဆက် ဟုလည်းတွေ့ရသေးတယ်။ သိန္ဒီ၊ ပင်လုံ၊ မိုးနဲ၊ ကျေးသီနှင့် မံစံ မြို့နယ်များ
တွင် တွေ့ရတယ်။လူဦးရေ-၄၆၀၀၀-(၂၀၀၀-ခုနှစ်)
၁၂၁ ယင်းနက် ဖြော်ပပြီး
၁၂၂ ကော်/အခါ
အီကော တိဘက်မြန်မာအုပ်စု-လိုလိုမူဆို အုပ်စုငယ်တွင်ပါဝင်။အခါတိုင်းရင်းသားများဟု လူသိများပြီး ကျိုင်းတုံနယ်တွင်
အများဆုံးနေထိုင်ကြတယ်။
၁၂၃ တောင်ရိုး တိဘက်မြန်မာအုပ်စု- မြန်မာနှင့်ရှေးဦးမြန်မာအုပ်စုတွင် အသံကွဲမြန်မာစကားပြောဆိုသောလူမျိုးစုတစ်ခု။
ရှေးမြန်မာပေါရဏစကားကို သုံးစွဲတယ်။ တိုရု ဟုလည်းရေးသားဖော်ပြပြီး ပွေးလုနှင့်ပင်းတယ၊ ရွှာငံနယ်များတွင် နေထိုင်ကြတယ်။ ပုဂံခေတ်က ရှမ်းပြည်နယ်သို့ ရွှေ့ပြောင်းလာသော မြန်မာအနွယ်ဝင်များဖြစ်မည်ဟု ယူဆကြတယ်။
၁၂၄ ဓနု တိဘက်မြန်မာအုပ်စု- မြန်မာနှင့်ရှေးဦးမြန်မာအုပ်စုတွင် အသံကွဲမြန်မာစကားပြောဆိုသောလူမျိုးစုတစ်ခု။
ပင်းတယ၊ပွေးလှနှင့်  ရွှာငံမြို့နယ်များတွင် နေထိုင်ကြတယ်။ဓနုတို့ဟာ မြန်မာနှင့် ရှမ်းတို့မှ ပေါက်ပွါးဆင်းသက်
လာသူများ ဖြစ်နိုင်တယ်လို့ ပညာရှင်များက ယူဆကြတယ်။
၁၂၅ အင်းသား တိဘက်မြန်မာအုပ်စု- မြန်မာနှင့်ရှေးဦးမြန်မာအုပ်စုတွင် အသံကွဲမြန်မာစကားပြောဆိုသောလူမျိုးစုတစ်ခု။
ထားဝယ်လူမျိုးများမှ ဆင်းသက်လာသူများဟု ယုံကြည်ကြတယ်။အင်းလေးကန်တွင် အဓိက နေထိုင်တယ်။
၁၂၆ လားဟူ တိဘက်မြန်မာအုပ်စု-လိုလိုမူဆိုအုပ်စုငယ်တွင်ပါဝင်။ ရှမ်းတို့က လားဟူတို့ကို မူဆိုလူမျိုးဟုလည်းခေါ်ကြတယ်။
လားဟူတွင် လားဟူစီ(လဟူစီ)နှင့် လားဟူန(လဟူန)ဆိုပြီး ကွဲပြားသေးတယ်။ မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြချက်
အရ ကွေ့ရှမ်းတို့ဟာ လားဟူရှီများကိုခေါ်သော အမည်မူကွဲတစ်ခုဖြစ်နေတယ်။ လားဟူတို့ဟာ ကျိုင်းတုံ၊
မိုင်းဆတ်၊ မိုင်းပန်ဒေသတို့တွင် အဓိကနေထိုင်ကြတယ်။
၁၂၇ ကိုးကန့် တိုင်းတရုတ် (Tai-chinese) အုပ်စုကြီးမှ တရုတ်အုပ်စုဝင် ။တရုတ်မျိုးနွယ်။
မြန်မာနိုင်ငံတွင် ရာစုနှစ်အတော်ကြာကတည်းက အခြေကျနေထိုင်ခဲ့ကြသူ တရုတ်မျိုးနွယ်များ နေထိုင်ရာဒေသ ဖြစ်တယ်။ရှေးမြန်မာဘုရင်များထံသို့ လက်ဆောင်ပဏ္ဍာဆက်သရသော လက်အောက်ခံနယ်မြေဖြစ်တယ်။
အင်္ဂလိပ်ကိုလိုနီအစိုးရလက်ထက်တွင် သိန္ဒင်္ီစော်ဘွားလက်အောက်ခံ မြို့စားနယ်အဖြစ် သတ်မှတ်ခဲ့ပြီး လွတ်လပ်
ရေးရပြီးနောက် စော်ဘွားနယ်တခု ဖြစ်လာတယ်။ ခေတ်အဆက်ဆက်တွင် ကိုယ်ပိုင်ဒေသကာကွယ်ရေးတပ်ဖွဲ့
များ ဖွဲ့စည်းလှုပ်ရှားခဲ့ကြတယ်။ ယခင်က ဘိန်းဘုရင်များအဖြစ် ကျော်ကြားခဲ့ကြသော လော်စစ်ဟန်၊ခွန်ဆာနှင့်
ဖုန်ကြားရှင် တို့ဟာ ကိုးကန့်နယ်သားများ ဖြစ်ကြတယ်။
၁၂၈ မြောင်ဇီး တိဘက်-တရုတ်အုပ်စုကြီးမှ မန်အုပ်စုတွင် ပါဝင်ပြီး မျောင်နှင့် ယောင် အုပ်စုခွဲတွင်ပါဝင်တယ်။ မျောင်ဟု အများစု
ကခေါ်ကြပြီး မျောင်အချင်းချင်း မျောင်စီး ဟု ခေါ်တယ်။ ၀နှင့်ကိုးကန့်နယ်တွင် နေထိုင်ကြတယ်။
၁၂၉ ကြီ လားဟူအေခၚတမ်ိဳး ။ကွေ့ အသံနှင့် ခပ်ဆင်ဆင်။ကွေ့ရှမ်း
၁၃၀ ဖျင် အခါ တို့ကို ခေါ်သောအမည်ကွဲ
၁၃၁ သအို့ ယအို့၊ယောင်တို့ကိုခေါ်သောအမည်
၁၃၂ စုံ(ဆံ) အင်၊စုံ၊ ၀နဲ့ တိုင်းလွယ်တို့ဟာ လူမျိုးတမျိုးတည်းပါ။
၁၃၃ အိုက်ဆွယ် မြောင်တို့ကို ခေါ်သောအမည်တစ်မျိုး
၁၃၄ မိုင်းသာ တိဘက်မြန်မာအုပ်စုကြီး၊ ရှေးဦးမြန်မာအုပ်စု။ ရှေးဦးမြနမာစကားပြောအုပ်စုဖြစ်တဲ့ မရူ-အဇီးအုပ်စုငယ်တွင် ပါဝင်
Achang ဟုလည်း ခေါ်ဆိုတယ်။ ရှမ်းတရုတ်ဟုလည်း ခေါ်ဆိုကြပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မိုင်းသာဟု အခေါ် များတယ်။ ဗန်းမော်။ မြစ်ကြီးနား၊ နမ့်ခမ်းနှင့် ကျိုင်းတုံဒေသတို့တွင် နေထိုင်ကြပြီး ရှမ်းနှင့်မြန်မာစကားနှစ်ခုစလုံး
ရောနှောနေတဲ့စကားမျိုးကို ပြောဆိုကြတယ်။
၁၃၅ ပအိုဝ့် တိဘက်-တရှတ်အုပ်စုကြီးမှ ကရင်အစုဝင်။
ကရင်တွင် တောင်ပေါ်ကရင်၊ ကွင်းကရင်နှင့် တောင်သူ(ပအိုဝ့်) ဟူ၍သုံးမျိုးကွဲပြားနေတယ်။ ရှမ်းပြည် ပင်လောင်း
ဆိဆိုင်၊မောက်မယ်နှင့် မွန်ပြည်နယ် သထုံဒေသတိုံ့တွင် အဓိက နေထိုင်တယ်။လူဦးရေ -၅သိန်းကျော်ရှိတယ်။


တိုင်းရင်းသား ၁၃၅ မျိုးမှာ အမည်အများဆုံးကတော့ မြို ခေါ် ခမီ ဖြစ်တယ်။ ချင်းထဲမှာလည်း ပါနေသလို ရခိုင်ထဲမှာလည်း အတော်ပါ
နေတယ်။မှတ်သားရသလောက်ဆိုရင် ခမီ/အောင်ခမီ/အ၀ခမီ/ခေါင်စို့/ ပနန်း/ လေးမြို/ ၀ါကင်းမ်/ အနူး/ခမွီး/မြို တွေဖြစ်တယ်။
မြန်မာစွယ်စုံကျမ်းတွေထဲမှာ ပါခဲ့ပြီး ယခုလက်ရှိ ၁၃၅ မျိုးထဲမှာ မပါတဲ့ လူမျိုးတွေကတော့
၁=။ တောင်သားလူမျိုး
ဂန့်ဂေါ၊ယောနှင့်ဆော ဒေသများတွင်အများစု နေထိုင်ကြတယ်။ ပျူလူမျိုးများမှ ဆင်းသက်လာသူများဖြစ်တယ်လို့ ယုံကြည်ကြတယ်။
၂=။ ထမန်လူမျိုး
ချင်းတွင်းမြစ်အထက်ပိုင် ထံမသီ (ရှေးက ထမန်သည်) ဒေသတွင် နေထိုင်ကြသူများဖြစ်ပြီး တိဘက်မြန်မာအုပ်စုကြီးမှ သက်အစုတွင်
ပါဝင်တယ်။ရှေးဒဏ္ဍရီများအရ လူမှကျားအဖြစ်သို့ ပြောင်းနိုင်သောလူမျိုးအဖြစ အသိများတယ်.။ထမန်စကားဟာ ကချင်စကား၊နာဂ
စကားတို့နှင့် နီးစပ်တယ်။
၃=။ဒရယ်လူမျိုး
ရှမ်းပြည်မြေလတ်ပိုင်းတွင် နေထိုင်ကြပြီး ရှမ်းဒရယ်ဟု ခေါ်ဆိုကြတယ်။ တိုင်းTAI အုပ်စုတွင်ပါဝင်ပြီး ရှေးသာခန်းမိုင်းနယ် အောင်ပန်း မြို့နယ်ရှိ ဒရယ်ရွာ (သူရဲရွာ) မှ ပေါက်ပွါးဆင်းသက်လာသည်ဟု ယုံကြည်ကြတယ်။
၎=။ ဒရူးလူမျိုး/ထလူ/ထရူး
တိဘက်မြန်မာအုပ်စု လိုလိုမူဆိုအုပ်စုခွဲတွင်ပါဝင်သောလူမျိုး။ နုံ လူမျိုးတို့နဲ့ အနွယ်တူတယ်။မြန်မာနိုင်ငံမြောက်ပိုင်း၊ထရုံမြစ်ဝှမ်းနှင့်
အထက်နမ့်တမိုင် မြစ်ဝှမ်းတွင် နေထိုင်ကြတယ်။
၅=။ယောင်လူမျိုး
တိဘက်တရုတ်အနွယ်ကြီး။ ယောင်/မျောင်အုပ်စုတွင် ပါဝင်တယ်။မြောင်ဇီးနှင့်ယောင်လူမျိုးတို့ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း
တွင် အနှံအပြားနေထိုင်ကြတယ်။ ကျိုင်းတုံနယ်နှင့် မိုင်းပန်နယ်တွင် တွေ့ရပြီး တရုတ်ယဉ်ကျေးမှုအတိုင်းနေထိုကြတယ်။
၆=။လူ့ လူမျိုး
ကျိုင်းတုံနယ်ရှိ ဂုံရှမ်းတို့နဲ့ ရောနှောနေထိုင်ကြတဲ့ လု(လူး)ရှမ်းများ၊ တရုတ်ပြည်ရှိ ဆစ်ဆောင်ပန္နားဒေသတွင် လူးတို့ အများစု နေထိုင်ကြတယ်။ထိုဒေသဟာ အရင်က မြန်မာတို့ ပိုင်နက်ဖြစ်ခဲ့ဖူးတယ်။
ရခိုင်ပြည်နယ်အတွင်းတွင် နေထိုင်နေကြတဲ့ လူမျိုးတမျိုးအဖြစ် သိနေကြသော ချောင်းသားများ၊ ရခိုင်တောင်တန်းရှိ
ကျော့ ခေါ် ချော့ CHAKS များဟာ တိုင်းရင်းသား ၁၃၅ မျိုးမှာ မပါဝင်သေးပါ။
ဒါကြောင့် တရားဝင်မှတ်ယူနေကြတဲ့ တိုင်းရင်းသား ၁၃၅ မျိုးဆိုတာ ရှိမရှိ/ ဟုတ်မဟုတ် စနစ်တကျ လေ့လာဆန်းစစ်ပြီး ဖော်ထုတ်
ပေးကြဖို့လိုပ်ါတယ်။ ဒါကို တတ်နိုင်ရင် သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးအုပ်စုကြီးတွေကိုယ်တိုင်က သုတေသနပြုပြီး ရေးသားဖော်ပြသင့်
ပါတယ်။ဒါ့အပြင် လူမျိုးတမျိုးရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်ကိုလည်း စနစ်တကျသတ်မှတ်ဖော်ပြသင်ပါပြီ။ လိုအပ်ရင် ဥပဒေပြဌာန်းဆောင်ရွက်
ဖို့ လိုအပ်လာပါပြီ။ အဘယ်ကြောင့်ဆိုသော် လက်ရှိ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲတွေမှာ တိုင်းရင်းသားလူမ်ျိုးကိုယ်စားပြု
အမတ်တွေအတွက် ရွေးချယ်ဖို့လိုအပ်တာကြောင့် ကိုယ့်ကိုယ်ကို ဘာလူမျိုးလဲဆိုတာကို သိဖို့လိုအပ်နေပါပြီး။ လ၀က ကသတ်မှတပေးတာ
ုကိုအတည်ယူလို့မဖြစ်သင့်တော့ပါဘူး။ အဖေနဲ့အမေက လူမျိုးတမျိုးစီ ဖြစ်နေရင် မွေးလာတဲ့ကလေးဟာ ဘာလူမျိုးဖြစ်သင့်တယ်ဆိုတာ စနစ်
တကျနဲ့ ဥပဒေပြဌာန်းဆောင်ရွက်မှ ဖြစ်တော့မှာပါ။ လူမျိုးတွေ ရောနှောနေရင် ပိုတောင်ဆုံးဖြတ်ရ ခက်ပါလိမ့်မယ်။
ချင်းတွေလို ၀တ်စားဆင်ယင်ပုံကွာခြားချက်သိပ်မရှိပါပဲ အပြောစကားကိုလိုက်ပြီး ချင်းလူမျိုးပေါင်းများစွာရှိနေပါတယ်လို့
ခွဲခြားဖော်ပြခြင်းခံနေရတာမျိုးတွေရှိနေသလို၊ အပြောစကားတူညီပြီး နေထိုင်ရာဒေသအလိုက် ခေါ်ဝေါ်သုံးစွဲခံနေရလို့ လူမျိုးအများကြီး ဖြစ်
နေရတဲ့ ရှမ်းလူမျိုးတွေအပြင် နေထိုင်ရာပြည်နယ်အလိုက် အဓိကလူမျိုးစုကြီးတွေထဲ ဘုမသိ ဘမသိ နဲ့ အသွင်းခံလိုက်ရပြီး မဆီမဆိုင်လူမျိုးစုအဖြစ် သတ်မှတ်ခံနေရတဲ့  လူမျိုးစုငယ်တွေ လည်း မြန်မာပြည်ထဲမှာ ရှိနေကြပါတယ်။ တိကျတဲ့ အဖြေတခုတော့ ရအောင်
ပညာရှင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေက ဆုံးဖြတ်လုပ်ဆောင်ကြဖို့လိုပါပြီ။


၁၉၈၈ -ခုတွင် တည်ထောင်ခဲ့ကြသော တိုင်းရင်းသားနိုင်ငံရေးပါတီများစာရင်း
၁။ ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့ချုပ်
၂။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
၃။ ကချင်ပြည်နယ်အမျိုးသားဒီမိုကရက်တစ်ပါတီ
၎။ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့
၅။ ဇိုမီးအမျိုးသားကွန်ဂရက်
၆။ ချင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၇။ ရှမ်းပြည်တိုင်းရင်းသားများးဒီမိုကရေစီအဖွဲ့ချုပ်
၈။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
၉။ ဒီမိုကရက်တစ်လူငယ်များအဖွဲ့(မွန်ပြည်နယ်)
၁၀။ နာဂတောင်တန်းဒေသတိုးတက်ရေးပါတီ
၁၁။ ရခိုင်ပြည်ညီညွတ်ရေးနှင့် ဒီမိုကရေစီအဖွဲ့
၁၂။ လူမျိုးပေါင်းစုံ ချစ်ကြည်ရေးအသင်း(ပြည်ထောင်စုမြန်မာနိုင်ငံ)
၁၃။ ကယားပြည်နယ် လူမျိုးပေါင်းစုံ ဒီမိုကရေစီအဖွဲ့ချုပ်
၁၄။ ရခိုင်ပြည်သူ့ညီညွတ်ရေးအဖွဲ့
၁၅။ ရှမ်းအမျိုးသားဖွံ့ဖြိုးရေး ဒီမိုကရေစီအဖွဲ့ချုပ်((ပြည်ထောင်စုမြန်မာနိုင်ငံ)
၁၆။ ရှမ်းပြည်မြောက်ပိုင်း လူငယ်များ ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
၁၇။ ကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီကွန်ဂရက်
၁၈။ ရခိုင်တိုင်းရင်းသားညီညွတ်ရေးအဖွဲ့ချုပ်(ရ.ည.တ)
၁၉။ ရှမ်းပြည်နယ်လုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ
၂၀။ ကရင်ပြည်နယ်အမျိုးသားအဖွဲ့ချုပ်
၂၁။ ပြည်ထောင်စုပအိုဝ့်အမျိုးသားအဖွဲ့ချုပ်
၂၂။ တောင်တန်းသားများဒီမိုကရက်တစ်ပါတီ
၂၃။ ရခိုင်အမျိုးသားများလူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့
၂၄။ ကချင် တက္ကသိုလ်ကျေုာင်းသားများ ဦးဆောင်သောလူငယ်အဖွဲ့
၂၅ ။ လူမျိုးစုံ ပေါင်းစည်းဖွံ့ဖြိုးတိုးတက်ရေးပါတီ
၂၆။ ရခိုင်လူမျိုးစုများ ဒီမိုကရေစီပါတီ
၂၇။ မြန်မာနိုင်ငံလုံးဆိုင်ရာ ညီညွတ်သော လူမျိုးစုများအဖွဲ့ချုပ်
၂၈။ ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားများ သွေးစည်းညီညွတ်ရေးအဖွှဲ့ချုပ်
၂၉။ မေယုဖွံ့ဖြိုးတိုးတက်ရေးကျောင်းသားလူငယ်များအဖွဲံ့ချုပ်(အာရ်ကန်)
၃၀။ရခိုင်လူမျိုးစုများ ညီညွတ်ရေးနှင့် ဒီမိုကရက်တစ်ပါတီ
၃၁။ရှမ်းပြည်လုံးဆိုင်ရာ ကျောင်းသားလူငယ်များငြိမ်းချမ်းရေးအဖွဲ့ချုပ်
၃၂။ တောင်သူလယ်သမားကဒူး၊ကနန်းနှင့် ရှမ်းအမျိုးသား သွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်(ဗန်းမောက်မြို့)
၃၃။ တအောင်းပလောင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၃၄။ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ
၃၅။ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ
၃၆။ ပြည်ထောင်စုလူမျိုးစုများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)
၃၇။ ရက္ခိင်ကျောင်းသားလူငယ်များအဖွဲ့ချုပ်
၃၈။ ရှမ်းပြည်နယ်ကချင်အမျိုးသားများဒီမိုကရက်တစ်ပါတီ
၃၉။ ကချင်အမျိုးသားလုံးဆိုင်ရာကွန်ဂယက်
၄၀။ ပြည်ထောင်စုဓနုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၄၁။ ကမန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၄၂။ ပအိုဝ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
၄၃။ တိုင်းရင်းသားလူမျိုးစုဘ၀သစ်ထူထောင်ရေးပါတီ(ဌာနချုပ်)
၄၄။ ကူကီးချင်းအမျိုးသားစည်းလုံးညီညွတ်ရေးပါတီ
၄၅။ ကယန်းအမျိုးသားစည်းလုံးညီညွတ်ရေးဒီမိုကရေစီအဖွဲ့
၄၆။ မရာပြည်သူပါတီ
၄၇။ မြို့ ခေါ် ခမီအမျိုးသားညီညွတ်ရေးအဖွဲ့
၄၈။ တောင်ပိုင်းချင်းဒီမိုကရေစီပါတီ
၄၉။ အရှိုချင်း အမျိုးသားဖွံ့ဖြိုးရေးအဖွဲ့
၅၀။ ၀ -အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၅၁။လီဆူအမျိုးသားသွေးစည်းခိုင်မာရေးအဖွဲ့
၅၂။ ကရင်အမျိုးသားဒီမိုကရေစီကွန်ဂယက်
၅၃။ အင်းအမျိုးသားအဖွဲ့ချုပ်
၅၄။ ရခိုင်အမျိုးသားလူမှုဘ၀မြှင့်တင်ရေးအဖွဲ့
၅၅။ တိုင်းရင်းနွယ်ဖွား ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
၅၆။ ဖယ်ဒရယ်ဒီမိုကရက်တစ်ပါတီ
၅၇။လားဟူအမျိုးသားဖံွ့ဖြိုးတိုးတက်ရေးပါတီ
၅၈။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်
၅၉။ ပြည်ထောင်စုပြည်သူ့ဘ၀နှင့်ဒီမိုကရေစီပါတီ
၆၀။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ်
၆၁။ ရခိုင်ပြည်သူဒီမိုကရေစီတပ်ပေါင်းစု
၆၂။ ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးပါတီ
၆၃။ ချင်းအမျိုသားလူငယ်အဖွဲ့
၂၀၁၀ ရွေးကောက်ပွဲအတွက် တည်ထောင်နေသော တိုင်းရင်းသားပါတီများစာရင်း

၁။ ကရင်ပြည်သူ့ပါတီ (၃၁ မတ်လ ၂၀၁၀) ၂။ပအိုင်းအမျိုးသား အဖွဲ့ချုပ် (PNO)(၂ ဧပြီလ ၂၀၁၀) ၃။ ကချင်ပြည်နယ်တိုးတက်ရေးပါတီ(၅ ဧပြီလ ၂၀၁၀) ၄။ ချင်းအမျိုးသားပါတီ (Chin National Party)(၇ ဧပြီလ ၂၀၁၀) ၅။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(၈ ဧပြီလ ၂၀၁၀) ၆။ တအောင်း(ပလောင်) အမျိုးသားပါတီ(၈ ဧပြီလ ၂၀၁၀) ၇။ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်(၈ ဧပြီလ ၂၀၁၀) ၈။“ဝ” ဒီမိုကရက်တစ်ပါတီ(၉ ဧပြီလ ၂၀၁၀) ၉။ မြို (ခေါ်) ခမိ အမျိုးသားများ ညီညွတ်ရေးအဖွဲ့ (မခမညဖ) Mro or Khami National Solidarity Organization (M.K.N.S.O)(၉ ဧပြီလ ၂၀၁၀) ၁၀။ ဖလုံ- စဝေါ် ဒီမိုကရေစီပါတီ (၂၃ ဧပြီလ ၂၀၁၀) ၁၁။ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (Northern Shan State Progressive Party) (၂၃ ဧပြီလ ၂၀၁၀) ၁၂။ ချင်းတိုးတက်ရေးပါတီ (Chin Progressive Party) (၂၃ ဧပြီလ ၂၀၁၀) ၁၃။ လားဟူအမျိုးသားဖွင့်ဖြိုးတိုးတက်ရေး ပါတီ (၂၃ ဧပြီလ ၂၀၁၀) ၁၄။ ကယန်းအမျိုးသားပါတီ (၂၆ ဧပြီလ ၂၀၁၀) ၁၅။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု(၂၈ ဧပြီလ ၂၀၁၀) ၁၆။ ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ (၂၉ ဧပြီလ ၂၀၁၀) ၁၇။ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(၂၉ ဧပြီလ ၂၀၁၀) ၁၈။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (၃၀ ဧပြီလ ၂၀၁၀) ၁၉။ ညီညွတ်သော ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်) United Democracy Party (Kachin State) (၃၀ ဧပြီလ ၂၀၁၀) ၂၀။ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (၃၀ ဧပြီလ ၂၀၁၀) ၂၁။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(၄ မေလ ၂၀၁၀) ၂၂။တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးတိုးတက်ရေးပါတီ(၆ မေလ ၂၀၁၀) ၂၃။ ခမိအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (၁၇ မေလ ၂၀၁၀) ၂၄။ မြိုတိုင်းရင်းသားပါတီ(၂၀ မေလ ၂၀၁၀) ၂၅။ကမန်အမျိုးသားတိုးတက်ရေးပါတီ( ၂၅ မေလ ၂၀၁၀)
ပြည်တွင်းရှိ လက်လမ်းမှီရာ စာရွက်စာတမ်းနှင့် စာအုပ်ပေါင်းစုံမှ ထုတ်နုတ်လေ့လာ၍ ဤစာတမ်းကိုပြုစုပါသည်။
ပညာရှင်များဆက်လက်ရှာဖွေပြီး မြန်မာနိုင်ငံ၏ တိုင်းရင်းသား ၁၃၅ မျိုးအကြောင်းကို စနစ်တကျ ပြုစုနိုင်ကြပါစေ
ဟု မျှော်မှန်းလျှက်
ပြုစုသူ ---------ဦးတိုးတိုး (ndf koko@gmail.com)
စာတမ်းပြီးရက်စွဲ---၂၉/၁/၂၀၁၀
ကိုးကားသောကျမ်းများ
၁ =။မြန်မာ့စွယ်စုံကျမ်းများ အတွဲ(၁)မှ ၁၅ ထိ၊ ၂=။ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်းဝင်စာရွှက်စာတမ်းများ(ရဲဘော်လှမျိုး) ၃=။ချင်းရိုးရာ ချင်းဓလေ့ (ဦးသောင်းလွင်) ၄။ ဗိုလ်ချုပ်မှူးကြီးစောမောင်၏ မိန့်ခွန်းပေါင်းချုပ် (ပထမတွဲ)
၅=။ လေ့လာမိသမျှ ကတူးကနန်းဒေသ (အကိုစော-၁၉၇၅)။ ၆=။ တိုင်းရင်းသားလူမျိုးများအရေးနှင့်ပက်သက် ၍တော်လှန်ရေးကောင်စီ၏ အမြင်နှင့်ခံယူချက်
၇=။ ခေတ်ဟောင်းရာဇ၀င် (ဒေါက်တာသန်းထွန်း ။၁၉၆၉)
၈=။ ကျွှန်တော့်အမြင်( ဗိုလ်မှူးသမိန်) ။
၉=။ ၀ိသေသသမိုင်းအစ (သိန်းဖေမြင့်)
၁၀=။ သိင်္ဂါနဒီ မြန်မာပြည်မြောက်ဖျားသို့ (လမ်းစဉ်သတင်းအဖဲံွ့)
၁၁=။ ချင်းလူမျိုးများ၏သမိုင်းဖြစ်စဉ်နှင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများအကျဉ်း ( ချင်းသမိုင်းရှာဖွေပြုစုရေးကော်မီတီ၊ရန်ကုန်၊ ၂၀၀၁)
၁၂=။ မြန်မာနိုင်ငံပထ၀ီဝင်၊အထက်တန်း (၁၉၅၉)။
၁၃=။ပြည်တော်သာခရီး (ပ/ဒု)။ ဦးသန့်
၁၄=။မြန်မာနိုင်ငံဘာသာစကားမြေပုံ (စောလူ)-စတိုင်သစ်မဂ္ဂဇင်း(စက်တင်္ဘာ၊၂၀၀၅။
၁၅=။မြန်မာနိုင်ငံပထ၀ီဝင် -၁၉၅၉ ။
၁၆=။ န၀မတန်း ပထ၀ီဝင်၊ ဇန်န၀ါရီ ၊၁၉၉၂။
၁၇=။ သုခမှတ်စု ။(၁၉၉၁)။
၁၈=။လောကဟီတရာသီကျမ်း (ဆရာကြီးဦးဘိုးမြစ်-၁၉၇၀)။
၁၉=။ရှမ်းပြည်နယ်မဂ္ဂဇင်း(၁၉၉၆)
၂၀=။ အခြေပြမြန်မာနိုင်ငံရေးသမိုင်း(ပထမတွဲ-လမ်းစဉ်ပါတီ-၁၉၈၃) ။
၂၁=။ကနန်းအလှ -(မောင်ကျော်ရှင်-၁၉၉၄) ။၂
၂၂=။ပုံတောင်ပုံညာသွား တောလား (မြသန်းတင့်-၂၀၀၀) ။
၂၃=။ လေ့လာမိသမျှ ကတူးကနန်းဒေသ (အကိုစော-၁၉၇၅)။
၂၄=။ လေ့လာမိသမျှ မြန်မာ့နိုင်ငံရေးအခြေအနှေင့် ဒေသအတွင်း မြန်မာနိုင်ငံ၏အခန်းကဏ္ဍ (ဗိုလ်မှူးကြီးလှမင်း-၂၀၀၀)

Read More...

18 June, 2010

NDF စည်းရုံးတာ NLD နှောင့်ယှက်သလား

NDF စည်းရုံးတာ NLD နှောင့်ယှက်သလား



အရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ခေါင်းဆောင်ဟောင်းတချို့ ထူထောင်ထားတဲ့ NDF ခေါ် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီဟာ ဇွန်လ ၁၅ ရက်နေ့ကပဲ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ရသွားခဲ့ပါပြီ။ ဒါပေမဲ့လည်း တဘက်မှာတော့ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ တော်တော်များများ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ အရင် NLD အဖွဲ့ဝင်ဟောင်းတွေနဲ့ နိုင်ငံရေး အယူအဆ မတူညီတဲ့ ပြဿနာတွေလည်း ပါဝင်ပါတယ်။ အကြောင်းစုံကို သိနိုင်အောင် NDF ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေနဲ့ အရင် NLD ပါတီက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင်တို့ကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဦးခင်မောင်ဆွေတို့ရဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ရသွားပြီလို့ ကြားရပါတယ်။

“မှတ်ပုံတင်ခွင့်ပေးဖို့ ကျနော်တို့ တင်တာကတော့ မေလ ၂၇ ရက်နေ့က စတင်ထားတာပါ။ ကျတာက ဇွန်လ ၁၅ ရက်နေ့မှ ကျတယ်ဆိုတော့ နှစ်ပတ်ကျော်သွားပြီဗျ။ အဲဒီတော့ ကျနော်လည်း အစကတော့ သံသယတော့ ရှိတာပေါ့ဗျာ။ မှတ်ပုံတင်ခွင့် မပေးဘူးတောင် ထင်နေတာ။”

NLD ပါတီဝင်ဟောင်းတွေနဲ့ ဆရာတို့ကြားမှာ ပြဿနာတွေ ရှိနေတယ်ဆိုတဲ့ ကိစ္စကရော ဟုတ်ပါသလားခင်ဗျ။

“အခုဟာတော့ ဘာဖြစ်နေလဲဆိုတော့ နယ်တွေမှာ တချို့ကလည်း လာပြိုင်မယ့် ပါတီတွေကို ကြောက်နေရတာ ရှိသလို NLD အဟောင်းတွေက လိုက်ပြီးတော့ ကျနော်တို့ကို ဖျက်နေတဲ့ဟာတွေလည်း ရှိတယ်။ မိုးကုတ်ဆို အင်မတန် အားကောင်းတဲ့နေရာပေါ့။ NDF ကို အပြည့်အ၀ ထောက်ခံတဲ့ NLD အဟောင်းတွေကို NLD အဖွဲ့ချုပ် ခေါင်းဆောင်အချို့က လိုက်ပြီးတော့ တားဆီးနေတယ်လို့ သတင်းတွေ ၀င်လာပါတယ်။ ရှမ်းပြည်တောင်ပိုင်း၊ ကချင်ပြည်နယ်ကိုလည်း NLD လူငယ်အဖွဲ့ဝင် တချို့က သွားပြီးတော့ ကျနော်တို့နဲ့ မပတ်သက်ဖို့ ပြောတယ်လို့ သတင်းတွေ ၀င်လာပါတယ်။

“အဲတော့ ကျနော်တို့က ဒီမိုကရေစီ အင်အားစု အချင်းချင်းမှာ ဒီလို လိုက်ကန့်တဲ့ အတွက်ကြောင့် အလုပ်လုပ်ရတာ တော်တော်တော့ ခက်တယ်ဗျ။ ပါတီမှတ်ပုံတင် ကျပြီးရင်တော့ ရဲရဲတင်းတင်း ကျနော်တို့ ဆင်းသွားမှာပါ။”

ဆရာတို့ကို ကန့်ကွက်နေတဲ့ NLD အင်အားစုတွေကို ဆရာတို့ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

“ကျနော်တို့ကတော့ ကိုယ့်လမ်း ကိုယ်လျှောက်စေချင်တာပေါ့။ သူတို့ ပါတီ Registration မလုပ်ဘူး၊ ရွေးကောက်ပွဲ မ၀င်ဘူး။ ဒါ သူတို့ ဆုံးဖြတ်ချက်၊ ကျနော်လည်း ပါခဲ့တာပဲလေ။ ပါတီ Registration ထပ်မလုပ်ဘူးဆိုတာ NLD ရဲ့ ဂုဏ်သိက္ခာ၊ ၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖော်မပေးတဲ့အတွက် ဒါအတွက် မှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲ မ၀င်ဘူး ဆိုရင်လည်း ကျနော်တို့ ကန့်ကွက်ခြင်း လုံးဝ မရှိခဲ့ပါဘူး၊ အဲဒီအချိန်တုန်းက။

“အဲဒီ ဆုံးဖြတ်ချက် ချတဲ့နေ့တုန်းက ပါတီအသစ် မထောင်ရဘူးလို့ ဆုံးဖြတ်ချက်ထဲမှာ မပါပါဘူး။ ပါတီသစ်ထောင်ပြီး လုပ်ခွင့်မရှိဘူးလို့လည်း ဆုံးဖြတ်ထားခြင်း မရှိဘဲနဲ့ အခု လိုက်ပြီး ကန့်ကွက်တာဟာ ကျနော့်အနေနဲ့တော့ အချင်းချင်းမှာ ရန်သူ မဖြစ်သင့်ဘူး၊ ဒီမိုကရေစီကို သွားတဲ့အခါမှာ သွားသာသွားကြ၊ လမ်းကြောင်း ကွာချင်တာ ကွာမယ်၊ ပန်းတိုင်ကတော့ အတူတူပဲ၊ ရွေးချယ်တဲ့လမ်းကြောင်း ကွာတဲ့အပေါ်မှာတော့ လိုက်ပြီးတော့ အနှောင့်အယှက် ပေးတာမျိုးဟာ နအဖကို ၀မ်းသာစေတာပေါ့ဗျာ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ၀မ်းသာစေတာပေါ့။ မလုပ်အပ်ဘူးလို့ ကျနော်တို့က ယူဆပါတယ်။ သို့သော်လည်းပဲ ကျနော်တို့က ပြန်ပြီးတော့ တားနေတဲ့ ပုဂ္ဂိုလ်များ၊ ရဲဘော်များ၊ မိတ်ဆွေဟောင်းများကို ဆန့်ကျင်သွားမှာလည်း မဟုတ်ပါဘူး၊ အပြစ်တင်မှာလည်း မဟုတ်ပါဘူး။ NLD ကိုလည်း တိုက်ခိုက်မှာ မဟုတ်ပါဘူး။”

ဒီပြဿနာက ဆရာတို့ လူကြီးချင်း NLD ရဲ့ ခေါင်းဆောင်ပိုင်းကို ညှိနှိုင်းလိုက်ရင်ရော မပြေလည်နိုင်ဘူးလားခင်ဗျ။

“ကျနော်တို့ကို သူတို့က အဖက်မလုပ်ပါဘူး။ အဲတော့ ညှိနှိုင်းဖို့ဆိုတော တော်တော်ကြီးကို ခက်ပါတယ်။ ကျနော်တို့ကို စကားပြောချင်တဲ့ အနေအထားတောင်မှ မရှိဘူးလို့ သိရှိထားရပါတယ်။”

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) ခေါင်းဆောင်ဖြစ်တဲ့ ဦးခင်မောင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။

သူ့ရဲ့ ပြောဆိုချက်အရ NLD ပါတီဝင်ဟောင်းတွေက NDF အဖွဲ့ဝင်တွေကို အနှောင့်အယှက် ပေးတဲ့ကိစ္စ ဟုတ်မဟုတ်ဆိုတာ သိရအောင် NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

“မန္တလေးတိုင်းထဲက မြို့နယ်တချို့က လုပ်ဖော်ကိုင်ဘက်တွေနဲ့ ကျနော် တွေ့ပြီးပါပြီ။ ကျနော်တို့ ဒီမှာ သိထားတာကတော့ NDF ပါတီက စည်းရုံးတဲ့ ပုဂ္ဂိုလ်တွေက ကျနော်တို့ မြို့နယ်တွေက တချို့ပုဂ္ဂိုလ်တွေကို NLD ပါတီဆိုတာ မရှိတော့ဘူး၊ ပျက်ပြယ်သွားပြီ၊ ဒါကြောင့်မို့ သူတို့က နိုင်ငံရေးကို ဆက်ပြီး မှတ်ပုံတင်ရတာ ဖြစ်တယ်။ အဲဒီလိုဟာတွေ လျှောက်ပြောပြီးတော့ပဲ NLD ရဲ့ အဖွဲ့ခွဲ ဖြစ်သလိုလို၊ သူတို့နဲ့ NLD နဲ့ အတူတူပဲ ဖြစ်သလိုလို အဲဒါမျိုးတွေ လျှောက်ပြောနေတယ်ဆိုတာ အဖွဲ့ဝင်တွေက ကျနော့်ကို မေးတာမြန်းတာတွေ ရှိပါတယ်။ ခြိမ်းခြောက်တယ် ဘာညာဆိုတာ ကျနော်တို့ ရဲဘော်တွေ မရှိပါဘူး။ ကျနော်တို့မှာ အဲဒီစိတ်ဓာတ်လည်း မရှိပါဘူး။ ကျနော်တို့မှာ ဘယ်သူ့ကိုမှ အနှောင့်အယှက်ပေးဖို့ မရည်ရွယ်ပါဘူး။ လုပ်လည်း လုပ်ခြင်း မရှိပါဘူး။”

အရင် NLD ပါတီက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင် ပြောသွားတာ ဖြစ်ပါတယ်။

NLD က ခွဲထွက်သွားတဲ့ ဦးခင်မောင်ဆွေတို့ရဲ့ NDF ပါတီဟာ လောလောဆယ် အခြေအနေမှာ ပါတီရန်ပုံငွေနဲ့ ပတ်သက်တဲ့ အခက်အခဲတွေလည်း ကြုံနေရပါတယ်။ ဒါပေမဲ့လည်း တရားဝင်ပါတီ ထူထောင်ခွင့် ရပြီးရင်တော့ ငွေအား၊ လူအား ထောက်ခံမှုတွေ ပိုရလာဖို့ ရှိတယ်လို့လည်း ဦးခင်မောင်ဆွေက ပြောပါတယ်။ အဲဒီ ထပ်ရလာမယ်ဆိုတဲ့ အင်အားတွေထဲမှာ အရင် NLD ပါတီဝင်ဟောင်းတွေလည်း အများအပြား ပါလာလိမ့်မယ်လို့ ဆ

Read More...

အမျိုးသားဒီမိုကရေစီ အင်အားစု

အမျိုးသားဒီမိုကရေစီ အင်အားစု
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၆ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၃၈ မိနစ်

NDF ပါတီကို ဦးဆောင်သူများမှာ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဟု ကြေညာထားသော ပင်မအတိုက်အခံပါတီကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ သဘောကွဲ ခွဲထွက်သွားသူများဖြစ်သည်။ NDF ပါတီဥက္ကဌမှာ ဒေါက်တာသန်းငြိမ်းဖြစ်သည်။

NDF ကို မေလ ၆ ရက် ၂ဝ၁ဝ ခုနှစ်တွင် အဖွဲ့ဝင် ၂၈ ဦးဖြင့် ဖွဲ့စည်းပြီး ဇွန်လ ၁၄ ရက်တွင် နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့် ရခဲ့သည်။

ပါတီ၏ မူဝါဒရေးရာများကို သိရှိနိုင်ရန် ခေါင်းဆောင်တဦးဖြစ်သည့် ဦးခင်မောင်ဆွေကို ဆက်သွယ်မေးမြန်းထားပါသည်။

(မှတ်ချက် ။ ။ ဦးခင်မောင်ဆွေအား ဧရာဝတီ တိုင်း၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ၂ဝရက်၊ ဇူလိုင်လ၊ ၁၉၄၇ ခုနှစ် တွင် မွေးဖွားသည်။ ၁၉၆၆ ခုနှစ်၌ BSC ဘူမိဗေဒ ရေနံဘာသာတွဲဖြင့် ဘွဲ့ရ။ ရေနံရှာဖွေရေး အကြီးတန်း ဘူမိဗေဒအရာရှိအဖြစ် ၁၉၆၆-၈၈ အထိ တာဝန်ထမ်းဆောင်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလာ ၂၂ ရက် မှ စတင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၉ ခုနှစ် တွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ယခုနှစ် မေလ ၆ ရက်နေ့ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရ။ အောက်တိုဘာလမှ စ၍ ၂ဝဝ၈ ခုနှစ် စက်တင်ဘာ ၂၅ ထိ စုစုပေါင်း ၁၆ နှစ်နှင့် ၆ လ အကျဉ်းကျခဲ့သည်။)

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒ နယ်မြေ

“လောလောဆယ်တော့ လာပြီးဆက်သွယ်ထားတဲ့ ကျနော်တို့ NDF အနေနဲ့ ပါပြီးတော့ ရွေးကောက်ပွဲ ဝင်ဖို့ အကြောင်းကြားထားတာ မြို့နယ် ၄ဝ လောက်ရှိတယ်။ ပဲခူး၊ ရှမ်းပြည်၊ ရခိုင်တို့၊ ချင်းပြည်နယ် ပလက်ဝမြို့၊ မကွေးတိုင်း အစရှိသဖြင့်က လူတွေ ဆက်သွယ် လာတာရှိပါတယ်။ နောက်ထပ် ကျန်နေတာက ရန်ကုန်တိုင်း၊ မန္တလေး၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းတွေမှာတော့ ကျနော်တို့ စာရင်း မချုပ်ရသေးပါဘူး။”
”အမတ်ဦးရေ ကိုယ်စားလှယ် ၂ဝဝ လောက် ဝင်ပြိုင်ဖို့ မှန်းဆ ထားပါတယ်”

ရွေးကောက်ပွဲ ဝင်ရသည့် အကြောင်းအရင်း

“အရင်တခါတုန်းကတော့ နိုင်ငံရေးဆက်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပြောတယ်။ နံပတ်တစ်က ၉ဝ ခုနှစ်တုန်းက ပြည်သူကို ဒီမိုကရေစီ ဆောင်ရွက်ပေးမယ်ဆိုတဲ့ တာဝန်ဟာ မကျေပြွန်ခဲ့တဲ့အတွက်ကြောင့်မလို့ ဒီမိုကရေစီအရေး ဆက်လက်ဆောင်ရွက်ပေးဖို့ ဝင်တာဖြစ်တယ်။ နံပါတ် ၂ က အန်ကယ် တို့ခေတ်၊ သက်တမ်းတွေမှာ ဒီမိုကရေစီဟာ ချက်ချင်းကြီးရမှာ မဟုတ်တဲ့အတွက် နောက် ၁ဝ နှစ်ကြာ စောင့်ပြီး ဒီမိုကရေစီခရီးကို လျှောက်ရအုန်းမှာမို့လို့ ဒီမိုကရေစီ လူငယ်အင်အားတွေကို နိုင်ငံရေး ကစားကွင်းထဲမှာ လမ်းပွင့်နိုင်အောင် NDF ကို တည်ထောင်ခြင်းဖြစ်ပါတယ်။"
" မြန်မာနိုင်ငံမှာ အရေးတကြီးလိုအပ်နေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုရောက် အောင် လွတ်တော်ထဲကို ဝင်ရောက်ပြီးတော့ တိုင်းရင်းသားခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်တွေ နဲ့ ၇၅ ရာခိုင်နှုန်းမှာ ပါလာမဲ့ တပ်မတော်ခေါင်းဆောင်တွေဟာ အမျိုးသားအင်အားစုတွေအနေနဲ့ နိုင်ငံရေးယုံကြည်မှုကို တည်ဆောက်ပြီးလို့ ရှိရင် အမျိုးသားပြန်လည် သင့်မြတ်ရေးကို သွားနိုင်မယ်လို့ ယုံကြည်လို့ ရွေးကောက်ပွဲ ဝင်တာ ဖြစ်ပါတယ်”

လက်တွေ့ ကျင့်သုံးမည့် စီးပွားရေးမူဝါဒ

“ဈေးကွက်စီးပွားရေးအခြေပြု ရောပြွန်း စီးပွားရေးစနစ်လို့ သတ်မှတ်ထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူမှုအဆောက်အအုံကြီးဟာ လူလတ်တန်းစား နည်းပါးနေတဲ့အချိန် အခြေအနေမှာ ရှိပါတယ်။ ကျနော်တို့ စီးပွားရေးအရ လူတိုင်းပါဝင်နိုင်တဲ့ မျဉ်းညီကွင်း မရောက်သေးပါဘူး။ လူတိုင်း ပါဝင်နိုင်တဲ့ နိုင်ငံသားတိုင်းဟာ အခွင့်အလှမ်း ညီတူညီမျှဖြစ်အောင် သွားနိုင်တဲ့ စီးပွားရေးစနစ် ရောက်အောင် အစိုးရကနေ တာဝန်ယူပြီးတော့ ဖေးမကူညီရမယ်ဆိုတဲ့ လမ်းကြောင်းကို ရွေးတဲ့ အတွက်ကြောင့် ပုဂ္ဂလိကအပိုင်း အဓိကထားပြီးတော့ အစိုးရကနေ ဝင်ရောက်ကူညီ ဖန်တည်းပေးတာ မျိုးပေါ့။ ဥပမာ အမေရိကန်မှာဆိုရင် ကားကုမ္မဏီတွေ ပြိုလဲတဲ့အခါမှာ အစိုးရကနေ ငွေကြေးထောက် ပံ့မှုကို လုပ်ပေးသလိုပေါ့။ အဲဒီလို အစိုးရကနေထောက်ပံ့ပြီးတော့ ဈေးကွက်စီးပွားရေးကို ရှင်သန် အောင် လုပ်တဲ့လမ်းကြောင်းကို ရွေးချယ်ခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နယ်တွေမှာဆိုရင် ပြည်သူတွေဟာ အလုပ်လက်မဲ့ဖြစ်နေတာတွေ၊ မိမိအလုပ်မဟုတ်ဘဲနဲ့ တခြားအလုပ်လုပ်ကို လုပ်နေရတဲ့ (under Employment) တွေ၊ ဒါမျိုးတွေ ပပျောက်အောင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။"

လက်ရှိ တိုင်းပြည်စီးပွားရေးအပေါ်အမြင်

“လက်ရှိ မြန်မာနိုင်ငံမှာ အဖွဲ့အသင်းတော်တော်များများကနေပြီးတော့မှ အများစုနဲ့ မသက်ဆိုင်ဘဲနဲ့ လက်ဝါးချင်းအုပ်ထားတဲ့ အနေအထားမျိုးတွေကို မြင်တွေ့နေရတယ်။ တဖွဲ့တသင်းကနေပြီးတော့ စီးပွားရေးကို ချုပ်ခိုင်ထားပြီးတော့ ဆောင်ရွက်နေတဲ့သဘောတွေ တွေ့ရတယ်။”

ပါတီရဲ့ နိုင်ငံရေး မူဝါဒ

“နိုင်ငံရေးမူဝါဒက ခုနပြောတဲ့ စီးပွားရေးမူဝါဒနဲ့ ယှဉ်ပြိုင်ပြီးတော့ တွဲဖက်ထားပါတယ်။ ဒီနိုင်ငံမှာ liberal Democracy ပေါ့၊ အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံ၊ အနောက်နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ liberal Democracy မျိုးကို ကျနော်တို့နိုင်ငံက ချက်ချင်းလက်ငင်းကြီး မခံယူနိုင်သေးပါဘူး။ ဒါကြောင့်မလို့ ဒီမိုကရေစီသွားတဲ့လမ်းကြောင်းမှာ တဆင့်နောက်ဆုတ်ထားတဲ့ Social Liberalism လူမှုအခြေပြုလွတ်လပ်ခွင့်ဝါဒက နေပြီးတော့ Liberal Democracy ကို သွားဖို့ ရည်ရွယ်ပါတယ်။”
” လူမှုရေးနာကျင်မှုတွေကို ကူမ ပြီးတော့ သွားနိုင်အောင် နိုင်ငံရေးပုံစံကိုလည်းဘဲ လူမှုအခြေပြု လွတ်လပ်ခွင့်ဝါဒ ဆိုပြီးတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို မပစ်ပယ်ဘဲနဲ့ တဖက်ကလည်းဘဲ လူမှုရေး အခြေခံတရားတွေကို ကျနော်တို့ ဆောင်ရွက်နိုင်အောင် လူမှုရေးပိုက်ကွန်တွေ ပါတဲ့ စနစ်မျိုးကို ရောက်အောင် ကျနော်တို့ ဒီလို ဖန်တီးထားတာ ဖြစ်ပါတယ်”

ရွေးကောက်ပွဲပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ကြုံတွေ့နေရသည့် အခက်အခဲတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မျော်လင့်လား။

“ရွေးကောက်ပွဲပြီးတဲ့နောက် ဘယ်သူဘဲ အစိုးရ လုပ်လုပ်ပေါ့ဗျာ၊ ဒီဥပဒေပြုအာဏာဟာ လွတ်တော်ထဲရောက်လာမှာ ဖြစ်ပါတယ်။ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတွေ တသီးတခြားစီ ရှိသွားမဲ့အချိန်မှာ ပြည်သူတွေ တင်မြောက်ထားတဲ့ လွတ်တော် ကိုယ်စားလှယ်တွေရဲ့ လက်ထဲကို ရောက်လာမှာပါ။ အဲဒီအခါမှာ ခုနကပြောခဲ့တဲ့ စီးပွားရေးမညီမျှမှုတွေကို ဥပဒေနဲ့ ပြုပြင်ဖန်တီးပြီးတော့မှ ဥပမာ ပို့ကုန်တွေမှာ အမြတ်ခွန်တွေကို တအားကောက်ခံတဲ့ဟာမျိုးတွေ ဖျက်သိမ်းပေးနိုင်သလို၊ တင့်သင့်လျောက်ပတ်တဲ့ သွင်းကုန်တွေကိုလည်းဘဲ၊ သင့်တင့်တဲ့အခွန်တွေနဲ့ ကောက်နိုင်အောင် လွတ်တော်ထဲမှာ ဥပဒေပြုမှုတွေကို ဖန်တီးဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါက တစ်အချက်ပေါ့နော်။ နံပါတ် ၂ အချက်က ဒီမိုကရေစီလူ့ဘောင်ကို ရောက်အောင် အခြေခံဥပဒေကို ဖြည်းဖြည်းချင်း ပြင်သွားဖို့ ကျနော်တို့ အဓိကအချက်အနေနဲ့ ရည်ရွယ်ထားပါတယ်။ လွတ်တော်ထဲမှာ Simple Majority ပေါ့ဗျာ၊ ၅၁ ရာခိုင်နုန်းရလို့ရှိရင် ခုနပြောခဲ့တဲ့ ဥပဒေတွေကို ညှိနိုင်း၊ တားဆီးနိုင်တဲ့ အခွင့်အရေးကို လွတ်တော်ကိုယ်စားလှယ်တွေ ရရှိမှာဖြစ်ပါတယ်”

မြန်မာနိုင်ငံမှာ ဒီမိုကရေဒီတည်ဆောက်နေတဲ့ကာလမှာ ဖွံဖြိုးတိုးတက်ဖို့ဆိုရင် ဘယ်အခန်းကဏ္ဍတွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်သလဲ။

“လူထုပတ်ဝန်းကျင် သာယာစိုပြေအောင် စီးပွားရေးဥပဒေတွေဟာ အများနဲ့မပတ်သက်ဘူးဆိုပြီးတော့ တဦးတယောက် တဖွဲ့တသင်းကိုပဲ ဦးတည်ပြီးတော့ ရေးဆွဲထားတဲ့ စီးပွားရေး ဥပဒေတွေရှိလို့ ရှိရင် အများညီကစားကွင်းဖြစ်အောင် အဲဒီဥပဒေကို ပြုပြင်ပေးဖို့လိုပါတယ်။”
” နိုင်ငံရေးမှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို ရောက်အောင် အခြေခံဥပဒေကို စပြီးတော့ တစချင်းတစချင်း နိုင်ငံရေးယုံကြည်မှုကို တည်ဆောက်ပြီးတော့ လွတ်တော်ထဲကို ပြင်သွားဖို့ လိုပါတယ်”

၂ဝ၁ဝ ရွေးကောက်ပွဲ အပေါ်အမြင်

” ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ၊ ပါတီဥပဒေတွေဟာ တရားမမျှတဘူးဆိုတာ အန်ကယ်တို့ ပြောထားပြီး ဖြစ်ပါပြီ။ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ် မဖြစ်ဆိုတာကတော့ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှ မဲပေးပုံ၊ မဲပေးနည်း၊ မဲရေတွက်တဲ့အခါ၊ မဲရုံစောင့်ကြပ်တာတွေ လွတ်လပ်စွာ ပေးမလားမပေးဘူးလားဆိုတာ တရားမျှတမှုနဲ့ လွတ်လပ်မှုကိုတော့ ကြိုတင်ပြောလို့မရဘူးလေ။ မဲရေတွက်တဲ့အခါ မဲကို ကလိမ်ကကျစ်လုပ်တာတွေတော့ ရှိနေသေးတယ်။ ပြည်သူတွေ သိဖို့လိုပါတယ်။ ဘယ်လောက်ပဲ တရားမျှတခြင်း မရှိဘူးဆိုပြီးတော့ ရွေးကောက်ပွဲ ဆန့်ကျင်ရင်လည်း လက်တွေ့မှာ မဖြစ်နိုင်ပါဘူးဆိုတာကို ဥပဒေမှာ ပါနေတဲ့အတွက်ကြောင့်မလို့ ဥပေဒအရ သိသာထင်ရှားမှာ ဖြစ်ပါတယ်။”

ပြိုင်ဘက်ပါတီတွေ အပေါ်အမြင်

“ဒီမိုကရေစီပါတီ အချင်းချင်းကိုတော့ ကျနော်တို့က ပြိုင်ဘက်လို သဘောမထားပါဘူး။ ညီအကို ပါတီလို့ပဲမြင်တယ်။ တိုင်းရင်းသားတွေက ဒီမိုကရေစီအင်အားစုထဲပါ ထည့်ထားတယ်။ ဒီမိုကရေစီ စစ်စစ်ပါတီတွေပေါ့လေ။ အစိုးရ နောက်ခံရှိတဲ့ ပါတီတွေကိုတော့ ကျနော်တို့က ပြိုင်ရမှာပါ။ အဲဒီပါတီတွေကတော့ ၉ ခုလောက်ရှိပါတယ်။”
” တကယ်ပြိုင်ဘက်တွေကတော့ အစိုးရနောက်ခံရှိတဲ့ပါတီတွေလို့ပဲ ပြောချင်ပါတယ်”

တကယ်လို့များ အနိုင်ရခဲ့မယ်ဆိုရင် အာဏာလွဲပေးမယ်လို့ ယုံကြည်လား။

“၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတုန်းကတော့ အခြေခံဥပဒေမရှိပါဘူး။ ကြိုက်သလို လုပ်လို့ရပါတယ်။ အာဏာမလွဲချင်လဲရပါတယ်။ ဒါက အာဏာသိမ်း စစ်အစိုးရကိုး၊ အာဏာသိမ်းအစိုးရကိုယ်တိုင်က သူတို့ရဲ့အခြေခံ ဥပဒေကြီးဟာ ၉၂ ရာခိုင်နုန်းမက အတည်ပြုထားတာဖြစ်တယ် ဆိုပြီးတော့ တကျော်ကျော်အော်နေတဲ့အခါမှာ အခြေခံဥပဒေနောက်ခံနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲကို အာဏာမပေးဘူးဆိုလို့ ရှိရင် လွဲမပေးတဲ့လူလောက်မိုက်တာ ရှိမှာမဟုတ်ပါဘူး။ ဒါဟာ ထင်ရှားမြင်သာတဲ့ အချက်တချက်ပါ”

၂ဝဝ၈ ဖွဲ့စည်းပုံအပေါ် အမြင်

“တရားမျှတမှုမရှိတဲ့ ဒီမိုကရေစီနည်းလမ်းမကျတဲ့အတွက်ကြောင့် ဒီ ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် လွတ်တော်ထဲကို ရောက်အောင်သွားတာ ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ရွေးကောက်ပွဲ ဥပဒေ၊ ပါတီဥပဒေတွေကို လွတ်တော်ထဲရောက်ရင် အကုန်ပြင်ဆင်ဖို့ ရည်ရွယ်ချက်ရှိပါတယ်”

ပါတီအနိုင်ရ၊ မရ မျော်လင့်ချက်

ကြိုတင်တွက်လို့တော့ မရဘူး။ ပြည်သူတွေကိုတော့ လျော့တွက်လို့မရဘူး။ သူတို့အနာဂတ်ကို ကောင်းစွာ မွန်စွာဖန်တီးပေးမဲ့ ပါတီကိုတော့ မဲပေးမှာတော့ အသေအချာပဲ။

Read More...

14 June, 2010

ကမ္ဘာကျော်စီးပွါးရေးပညာရှင် စတိဂလိစ်၏ မြန်မာပြည်ခရီးစဉ်တွင် အကြံပြုချက်များ

Type your summary here Type rest of the post here
ကမ္ဘာကျော်စီးပွါးရေးပညာရှင် စတိဂလိစ်၏ မြန်မာပြည်ခရီးစဉ်တွင် အကြံပြုချက်များ
ပါမောက္ခ စတိဂလိစ်က မြန်မာပြည်မှပြန်အထွက်တွင် သူ၏အကြံပြုချက်မှာ လေးချက်သာဖြစ်ကြောင်း ပြောခဲ့သည်။
၁=။ချေးငွေစနစ် CREDIT
၂=။ပညာရေး EDUCATION
၃=။သဘာဝသယံဇာတကျိန်စာ NATURAL RESOURCE CURSE
၎=။နိုင်ငံရေးဘောဂဗေဒ POLITICAL ECONOMY ၁။ချေးငွေစနစ်သည်အဓိကအကြောင်းဖြစ်သည်။ကျန်သုံးချက်သည်ယေဘုယျအုကြံဥာဏ်(သို့)မှတ်ချက်များသာဖြစ်သည်။ ပါမောက္ခစတစ်ဂလစ်က တောင်သူလယ်သမားများအား သက်သာသောအတိုးနုန်းနှင့် ငွေချေးပေးလျှင် လယ်ယာကဏ္ဍ အမြန်တိုးတက်သွားနိုင်ပြီးအစီမ်းရောင်တော်လှန်ရေးပင် ဖြစ်သွားနိုင်သည်ဟုဆိုသည်။ ယခုလောလောဆယ် လယ်သမားမျုားချေငွေရယူလိုပါကအပြင်တွင်တစ်ဆယ်ရာခိုင်နှုန်းနှင့်အထက်အတိုးနှုန်း(၁၀တိုး)ပေးနေရသဖြင့်ပုဂ္ဂလိကလယ်ယာစီးပွါးတိုးတက်ရေးကို အဟန့်အတားသဖွယ် ဖြစ်နေသည်။ လယ်သမားများသည် လယ်ယာထွက်ကုန် တိုးတက်ရေးအတွက်ဓာတ်မြေသြဇာနှင့်အထွက်ကောင်းမျိုးစေ့များဝယ်ယူလိုသော်လည်းငွေကြေးအလွယ်တကူမရနိုင်ဟု စတိဂလစ်ကပြောခဲ့သည်။ မြန်မာလယ်ယာကဏ္ဍတွင် တစ်ဧကဓါတ်မြေသြဇာသုံးစွဲမှုမှာ အခြားဆန်စပါး ထုတ်လုပ်သည့် နိုင်ငံများနှင့် နိုင်းယှဉ်ပါက အတော်နည်းနေသဖြင့် ထိုနိုင်ငံများနှင့်နိုင်းယှဉ်လျှင် စပါးတစ်ဧကအထွက် များစွာနိမ့်နေခြင်း ဖြစ်သည်။ လယ်ယာကဏ္ဍ တွင်ဓါတ်မြေသြဇာ အနည်းငယ် တိုးတက်သုံးစွဲရုံဖြင်တစ်ဧကအထွက်နုန်း အတော်တက်သွားလိမ့်မည်။ လယ်သမားများအား ဓါတ်မြေသြဇာဝယ်နိုင်အောင်အသင့်အတင့်နုန်းဖြင့် ငွေချေးပေးနိုင်ရုံဖြင့်အမြန်ပြောင်းလဲတိုးတက်သွားနိုင်သည့်သဘော ဖြစ်သည်။ မြန်မာနိုင်ငံတွင် အလုပ်အကိုင်များ၏ ၇၀%မှာ လယ်ယာကဏ္ဍတွင် ဖြစ်သောကြောင့် ယခုပြောသောတစ်ချက် ပြောင်းလဲရုံမျှဖြင့် ၇၀% အားလုံး ပြောင်းလဲသွားနိုင်သောသဘော ဖြစ်သည်။တရုတ်နိုင်ငံတွင် တိန်ရှောင့်ဖိန၏်စီးပွါးရေးပြုပြင်ပြောင်းလဲကာစက တရုတ်လယ်သမားများအား ကိုယ်စိုက်လို့ရတာ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်ရောင်း၊ ရသောအမြတ်ကို ကိုယ်ယူ ဟုပြောလိုက်ရုံဖြင့် တရုတ်ပြည်ကြီးအား နှစ်သုံးဆယ်အတွင်း ယခုအခြေအနေသို့ ဆိုက်ရောက်စေခဲ့သည်။ တိန်ရှောင့်ဖိန်၏မှုဝါဒတစ်ချက် ပြောင်းလိုက်ရုံဖြင့် တရုတ်ပြည်တွင် အစီမ်းရောင်တော်လှန်ရေးကြီးဖြစ်ပွါးကာ လယ်ယာကဏ္ဍ တစ်ဟုတ်ထိုးတိုးတက်ခဲ့ပြိး နိုင်ငံကိုလည်း တိုးတက်ရေးလမ်းကြောင်းပေါ်သို့ တင်ပေးခဲ့သည်။
၂=။ပညာရေးကို လူသားအရင်းအနှိးအဖြစ် ပြောသွားသည်။ ငွေကြေးအရင်းအနှီးသည် စီးပွါးရေးဖော်ဆောင်ရာတွင် အဓိကကျ သလို လူသားအရင်းအနှီး HUMAN CAPITAL သည်လည်းထပ်တူအရေးပါလာကြောင်းကမ္ဘာပညာရှင်များက အသိအမှတ်ပြုလာပြီဖြစ်သည်။နိုင်ငံကြီးပွါးရေးတွင်ပညာရေးသည်အလွန်အရေးကြီးကြောင်းယေဘုယျထောက်ပြသွား သော်လည်းမြန်မာပြည်ရှိလူကြီးနှင့်လူငယ်အကြားအဟကိုထောက်ပြအကြံပြုသွားသည်။နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင်ကဏ္ဍ နှစ်ခုစလုံးတွင်အသက်၅၀ ကျော်လူကြီးများသည် ပညာကောင်းစွာတတ်သော်လည်း သူတို့ကိုဆက်ခံမည့် လူငယ် လူရွယ်များမှာ ထိုသူများနှင့် မျုားစွာအလှမ်းကွာနေသည်။လူကြီးများမှာတနေ့တခြားအသက်ကြီးလာမည်ဖြစ်၍ သူတို့နေရာတွင်အစားထိုးနိုင်ရန်လူငယ်များကိုကောင်းစွာလေ့ကျင့်ပေးထားရမည်။ငွေကြေးအရင်းအနှီးများအပါအ၀င် လုပ်ငန်းတွင်သုံးစွဲရသည့်အက်ဆက်မှန်သမျှသင်္ခါရသဘောအရယိုယွင်းတတ်ရာစာရင်းအင်းသဘောအရ တန်ဖိုးလျှော့ စရိတ်ကို ထည့်သွင်းတွက်ချက်ရလေ့ရှိသည်။ ဥပမာ ထွန်စက်တစ်စီးကို ၀ယ်လိုက်ပါက ထိုထွန်စက်သည်တနှစ်အတွင်း မည်မျှ ယိုယွင်းမည်၊တန်ဖိုးကျလာမည်ကိုတွက်ချက်ခြင်းဖြစ်သည်။ ထိုထွန်စက်၏ အသုံးဝင်မည့်သက်တမ်းသည် ၁၀နှစ်ဟု သတ်မှတ်ပါက ထိုထွန်စက်၏တန်ဖိုးသည်၁၀နှစ်ကြာလျှင် သုံညဖြစ်သွားမည်။ စတိဂလစ်ကကုမ္မ္မဏီများ၏နှစ်စဉ်အရှုံးအမြတ်စာရင်းငွေကြေးအရင်းအနှီး၏တန်ဖိုးလျှော့စရိတ်ကိုထည့်သွင်းတွက်ချက် သကဲ့သကဲ့သို့ နိုင်ငံများ၏ နှစ်ချုပ်အစီရင်ခံစာတွင် လူသားအရင်းအနှီး၏ ယိုယွင်းပြုန်းတီးလာမှုကို ထည့်သွင်းတွက် ချက် သင့်သည်ဟု အကြံပေးသည်။ ၁၀ နှစ် အသုံးဝင်သက်တမ်းသတ်မှတ်ထားသည့် အက်ဆက်တစ်ခုအတွက် ၁၀ နှစ်သက်တမ်း အကြာတွင် အသစ်လဲရသကဲ့သို့ လူသားအရင်းအနှီးသည်လည်း အချိန်ကာလတစ်ခုအကြာတွင် သွေးသစ်လောင်းမှသာ နိင်ငံ၏တိုးတက်မှု ဆက်လက်ရှင်သန်မည် ဖြစ်သည်။
၃=။ တတိယမှာ NATURAL RESOURCE CURSE သယံဇာတကျိန်စာ ဖြစ်သည်။ သဘာဝသယဇာတ ကြယ်ဝ သောနိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနောက်ကျလေ့ရှိတတ်သည်။ သဘာဝသယဇာတ ကြယ်ဝသောနိုင်ငံ များသည် အရင်စလိုအလုပ်လုပ်ကိုင်စရာမလိုပေ။ သယံဇာတများကို ထုတ်ယူသုံးစွဲနေရုံဖြင့် အတော်အတန်စားလောက် သောက်လောက် ရှိနေသည့်အပြင် ဆော်ဒီအာရေဗျ ဘရူနိုင်းတို့ကဲ့သို့ နိုင်ငံများတွင် ကြွယ်ဝချမ်းသာမှုများကို မြင်တွေ့နေရလေ့ရှိသဖြင့် အခြားနည်းလမ်းများအားဖြင့် ကြီးပွါးချမ်းသာအောင် လုပ်ရန် မလိုအပ်ပေ။ သဘာဝသယဇာတမရှိသော နိုင်ငံများမှာမှု တစ်ခုခုမှထမလုပ်လျှင် ငတ်တော့မည်ဖြစ်ရာ ကြီးပွါးရေးဖြစ်အောင် အလျင် အမြန်ဖော်ဆောင်ရလေ့ရှိသောကြောင့် ကြီးပွါးမြန်လေ့ရှိသည်။ ကမ္ဘာသမိုင်းတွင် မကြူံဖူးအောင် အလျင်အမြန် တိုးတက်လာသောကြောင့် အံဖွယ်အာရှဟု ကင်ပွန်းတပ်ခံရသော စင်္ကာပူ၊ တရုတ်တိုင်ပေ၊ တောင်ကိုးရီးယား၊ ဂျပန် တို့သည် သယံဇာတရှားပါးသောအုပ်စုတွင် ပါဝင်သည်။
ရေနံနှင့်သဘာဝဓါတ်ငွေ့သည် မြေအောက်မှထုတ်ယူရရှိရာ ထိုမှရသည့်ဝင်ငွေဖြင့် ၀င်ငွေရင်းမြစ်တခုကို ပြန်လှယပြီ်းမတည်ဆောက်နိင်ပါက မြေအောက်မှရင်းမြစ်ကို ဖျက်စီးပစ်ရာရောက်မည်ဟု စတိဂလစ်က အကြံပေး ခဲ့သည်။မြန်မာပြည်၏သဘာဝသယံဇာတတွင်သဘာဝဓါတ်ငွေ့သာမကရေအားလျှပ်စစ်သည်လည်းအားကိုးလောက် သည် ဟု စတိဂလစ်ကမြင်သည်။ ရေအားလျှစ်စစ်ထုတ်ယူရန် ရေကာတာများတည်ဆောက်ရခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးစေသော်လည်း ရေသာအစဉ်ရရှိနေလျှင် ရေအားလျှပ်စစ်သည် တစ်ခါထုတ်ရုံဖြင့် ပြီးမသွားသော သဘာဝသယံဇာတ ဖြစ်သည်။စတိဂလစ်က သဘာဝကပေးသော အက်ဆက်ကို ကြာရှည်သုံးစွဲနိုင်သော အက်ဆက် အဖြစ် အသွင်ပြောင်းရန် အကြံပေးသည်။
၎=။နောက်ဆုံးပြောခဲ့သမျှမှာ အရေူးအကြီးဆုံးအချက်ဖြစ်သည်။ ပထမသုံးချက်သည် နယ်ပယ်နှင့်ဆိုင်သည်။ နောက်ဆုံး အချက်မှာမှု နယ်ပယ်အားလုံးကို ခြုံငုံထားခြင်းဖြစ်သည်။ စတိဂလစ်စကားအတိုင်းကောက်နုတ်ရလျင် Politics and economics are indistinguishable နိုင်ငံရေးနှင့် စီးပွါးရေးသည် ခွဲမရ ဟုဆိုသည်။ နိုင်ငံရေးဘောဂဗေဒ political Ecomnomy ကိုဆိုလိုသည်။ နိုင်ငံရေးဘောဂဗေဒအရ နိုင်ငံရေးနှင့်စီးပွါးရေးသည် အပြန်အလှန် အမှီသဟဲပြု နေကြသည်။ နိုင်ငံရေးကို စီးပွါးရေးအရ ဖန်တီးသကဲ့သို့ စီးပွါးရေးကိုလည်းနိုင်ငံရေးက ဖန်တီးသည်။ နိုင်ငံကိုပြုပြင် ပြောင်းလဲရာတွင် အခြားနိုင်ငံများ၏အတွေ့အကြုံကိုလေ့လာပြီး အလုပ်ဖြစ်သည်ကိုယူကာ အလုပ်မဖြစ်သည်ကို ဘေးဖယ်ထားသင့်ြေုကာင်း စတိဂလစ်က တစ်ပါတည်းပြောခဲ့သည်။
စတိဂလစ်၏နောက်ဆုံးအချက်ကို ပိုမိုနားလည်လိုလျှင် သူ၏နောက်ကြောင်းကို ပိုသိရန်လိုသည်။ သူသည်နိုင်ငံတစ်ခုကို အပြောင်းအလဲလုပ်ရာတွင် တဆင့်ချင်းပြောင်းမှ ကောင်းမည်ဟူသော ၀ါဒကို စွဲကိုင်သူ Gardualistဖြစ်သည်။သူက ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် စီးပွါးရေးပြုပြင်ပြောင်းလဲမှုလုပ်ရာတွင် တစ်ဆင့်ပြီးတစ်ဆင့် သွားရမည်ူဟု ယုံကြည်သည်။ဈေးကွက်သည် သူ့ချည်းလွှတ်ထားရအောင် ပြီးပြည်စုံခြင်းမရှိသည့်အတွက် ဈေးကွက် ကိုလွတ်မထားဘဲ အားနည်းသည့်နေရာများတွင် နိုင်ငံတော်က ပါဝင်ရေးကိုထောက်ခံသူ ဖြစ်သည်။ ၀ူန်းဒိုင်းပြောင်းလဲ သောနိုင်ငံများဖြစ်သည့် ရုရှားနှင့် အရှေ့ဥရောပနိုင်ငံအချို့ ဖရိုဖရဲဖြစ်ကာ အခက်အခဲတွေ့ကာ နိုင်ငံ၏အက်ဆက်များ လူနည်းစုလက်အတွင်းသို့ ရောက်ရှိသွားခြင်းကြောင့်Free market and Democracy အစား Oligrachy လူနည်းစုကြိးစိုးမှုအဖြစ်သို့ ရောက်ရှိသွားခြင်းကို ထောက်ပြသည်။တစ်ဆင့်ချင်းသွုားရသောနိုင်ငံများတွင် ထိုသို့ ဖရိုဖရဲဖြစ်ခြင်းမျိုးကို ရှောင်လွဲနိုင်သည်။ တရုတ်ပြည်ဥပမာသည် အထင်ရှားဆုံးဖြစသည်။
တရုတ်သည် စီးပွါးရေးပိုင်းတွင် ပြုပြင်ပြောင်းလဲခဲ့ခြင်းဖြင့် တရုတ်ပြည်၏ နိုင်ငံရေးသည်လည်း အလိုက်သင့်ပြောင်းလဲလာခဲ့သည်။တရုတ်၏စီးပွါးရေးစပြောင်းချိန်နှင့်ယနေ့တရုတ်ပြည်ကိုနိုင်းယှဉ်ကြည့်ပါကနိုင်ငံရေးအပိုင်းတွင် မမှတ်မိတော့လောက်အောင် ပြောင်းလဲသွားသည်ကို တွေ့ရမည်ဖြစ်သည်။ ယခင် ဆိုရှယ်လစ်စနစ်၏ ရန်သူဆိုသော စီးပွါးရေးလုပ်ငန်းရှင်များကိုပင် တရုတ်ကွန်မြူနစ်ပါတီသို့ ၀င်ခွင့်ပြုခဲ့ပြီ ဖြစ်သည်။
တစ်ချိန်က နိင်ငံတော်တည်ဆောက်ရေးတွင် နိုင်ငံရေးမှုဝါဒအဖြစ် နိုင်ငံတကာတွင်ခေတ်စားခဲ့သော ၊ယခုအချိန်တွင် PolicyAnalysis ပြုလုပ်ရန်အတွက်သာ သီအိုရီအဖြစ်သုံးစွဲကြတော့သည့် Matxism အရလည်း နိုင်ငံတခုတွင် အောက်ထပ်အဆောက်အဦအဖြစ် စီးပွါးရေးနှင့် အပေါ်ထပ်အဆောက်အဦအဖြစ် နိုင်ငံရေး၊ လူမှုရေး နှစ်ထပ်ရှိသည့် အနက်အပေါ်ထပ်အဆောက်အဥိသည် မဏ္ဍိုင်ဖြစ်ပြီး အောက်ထပ်အဆောက်အဦသည် အပေါ်ထပ်အဆောက်အဦပေါ် မှုတည်ပြီးပြောင်းလဲသည်ဟုယူဆထားသည်။စတိဂလစ်ပြောခဲ့သမျှမှာထိုလေးချက်သာဖြစ်သည်။ထိုလေးချက်သည်မြန်မာပြည်အတွက်အလွန်ပင်အရေးကြီးပါသည်။အခြားသုများ ပြောပြိးသားဖြစ်နိုင်သော်လည်း ထိုလေးချက်သည် Policy Discussion များကို လှုပ်နှိုးပေးလိမ့်မည်ဟု ယူဆပါသည်။
မင်းညိုစံ
ပါမောက္ခ စတိဂလိစ်က မြန်မာပြည်မှာ အခြေခံကစပြီး ပြုပြင်ပြောင်းလဲရေးကိုလုပ်မယ်ဆိုရင်အလားအလာကောင်း တွေအများကြီး ရှိတယ်ဆိုတာကို အဓိကထားပြီးပြောသွားတာပါ။ သူပြောတဲ့အခြေခံအချက်တွေ ကတော့ မြန်မာပြည် ရဲ့တည်ဆဲစွမ်းအားအရပ်ရပ် ( မြေယာကြွယ်ဝမှု ၊ ရာသီဥတုကောင်း၊ အလုပ်ကြိုးစားသောလူထု၊ အားကောင်းသော လူမှုအရင်းအမြစ်)အပေါ်မှုတည်ပြိး နိုင်ငံတော်တည်ဆောက်ရေးကို လုပ်ကိုင်ရန်၊ မြန်မာ့စီးပွါးရေးကို ပြုပြင်ပြောင်းလဲရန်၊ ပြောင်းလဲသောနည်းစဉ်များသည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေစေရန်၊ ရရှိလာသောအကျိုအမြတ်များကို နိုင်ငံသား အားလုံး အချိုးကျခံစားခွင့် ရရှိစေရန်၊ အခြေခံကျသော တန်ဖိုးများ မပြောင်းမလဲတည်ရှိစေရန် ဟူ၍ သူ၏အကြံပြုချက် စာတမ်းတွင် ဖော်ပြထားသည်။
ခါးသီးသောအတိတ်သမိုင်းသင်ခန်းစာများ၊ အထွေထွေအပြားပြား မျက်မှောက်အရေးကိစ္စများ ဖြေရှင်းရန် ရှိနေတဲ့ မြန်မာပြည်မှာ လက်ရှိရင်ဆိုင်နေရသော ကမ္ဘာလုံးဆိုင်ရာ ပြဿနာနှင့်မလွတ်သဖြင့် ထိုအခြေအနေ အားလုံး အပေါ်မှုတည်ကာအားလုံးကိုရင်ဆိုင်ဖြေရှင်းသွားရမည်ဖြစ်သည်။အတိတ်ကရခဲ့တဲ့သင်ခန်းစာတွေနဲံ့ကန့်သတ်ချက်တွေကိုရင်ဆိုင်၊အသစ်ပေါ်လာတဲ့ အခွင့်အလမ်းတွေကိုလည်းယူ၊ လက်ရှိအားသာချက်တွေကိုအရင်းတည်ပြီးအပြောင်းအလဲ တစ်ခု အမြန်လုပ်ပစ်ရမယ်လို့ ပါမောက္ခ စတိဂလိစ်က ပြောခဲ့သည်။

ပါမောက္ခစတိဂလိစ်ကတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်တနေရာတည်းကိုသာတိုးတက်အောင်လုပ်လို့မရဘဲဘက်စုံထောင့်စုံမှဖံွ့ဖြိုးတိုးတက်အောင်လုပ်နိုင်ဖို့မူဝါဒချမှတ်ဖို့လိုတယ်။မြန်မာပြည်အတွက်ဘက်စုံထောင့်စုံမှဖံွ့ဖြိုးတိုးတက်အောင်လုပ်နိုင်ဖို့စဉ်းစားမယ်ဆို ရင် အထူးအလေးထားပြောရမှာက ဆင်းရဲမှုလျော့ချရာမှာအားထားရတဲ့ စိုက်ပျိုးရေးကဏ္ဍရဲ့ အရေးပါပုံ ကိုပါပဲ။တိုင်းပြည်မှာ ဂျီဒီပီရာခိုင်နုန်းမြင့်လာတဲ့အခါမှာ ဒါဟာစိုက်ပျိုးရေးကဏ္ဍကြောင့်ဆိုရင် ဆင်းရဲသားတွေအတွက် အကျိုးရှိတယ်ဆိုတာကို ပြနေတယ်။ စိုက်ပျိုးရေးကဏ္ဍကြောင့် ဂျီဒီပီတိုးတက်လာတာဆိုရင်အကျိုးကျေးဇူးအများဆုံးကို ခံစားရမှာကအဆင်းရဲဆုံးလူတန်းစားတွေဖြစ်တယ်။အခြားကဏ္ဍတွေကြောင့်ဂျီဒီပီတိုးတက်လာတာဆိုရင်တော့အကျိုး အမြတ်အများဆုံးခံစားရမယ့်သူတွေက အဆင်းရဲဆုံးလူတန်းစားတွေ ဖြစ်ဖို့မသေချာတော့ဘူး။ ကျေးလက်ဒေသအသက်မွေးဝမ်းကျေုာင်းလုပ်ငန်းတွေဖြစ်ထွန်းဖို့နဲ့ဆင်းရဲမှုလျော့ချနိုင်ဖို့အတွက်ဘက်စုံဖွံ့ဖြိုးရေးအာဂျင်တာတစ်ခုကို ဖော်ဆေုင်တော့မယ်ဆိုရင် ဒီအာဂျင်တာမှာ ဈေးကွက်ပြုပြင်ရေး၊ မြေယာပြုပြင်ပြောင်းလဲရေး၊ အကြွေးချေးယူ ချေးပေးနိင်တဲ့စနစ်၊ နည်းပညာကဏ္ဍ၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍ၊ အခြေခံအဆောက်အဦကဏ္ဍ၊ စိုက်ပျိုးရေးကိုအခြေမခံတဲ့ အလုပ်အကိုင်တွေအားလုံးကို ထည့်သွင်းစဉ်းစားမှသာ အောင်မြင်နိုင်မယ်။
မြန်မာပြည်မှာ ရုပ်ပိုင်းဆိုင်ရာအခြေခံတွေဖြစ်တဲ့ လမ်းတံတားတွေ မြောင်းတာတမံတွေနဲ့ ကားလမ်းတွေ၊ လျှပ်စစ်တာဝါတိုင်တွေ အများကြီးတွေရပြီ။ ဈေးကွက်သဘောတရားအရ ဈေးကွက်နဲ့လမ်းဟာ အညမည အထောက်အကူပြုနေတယ်။ သီးနှံစိုက်ပျိုးဖို့အတွက် မျိုးစေ့လိုအပ်တယ်ဆိုရင် လမ်းကောင်းရင် လယ်သမားအတွက် မျိုးစေ့ကုန်ကျစရိတ်သက်သာသွားမယ်။ ဒီနေရာမှာ ကျေးလက်လမ်းပန်းဆက်သွယ်ရေးဟာ ကျေးလက်ဈေးကွက် ဖွံ့ဖြိုးရေးရဲ့ တစိတ်တပိုင်းအဖြစ် အရေးပါနေတယ်။ အခြေခံအဆောက်အဦတွေ ဖွံ့ဖြိုးအောင်ဆောင်ရွက်ရာမှာလည်း ရပ်ရွှာလူထုရဲ့သဘောထားကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ စီမံကိန်းအကောင်အထည်ဖော်ရာမှာရပ်ရွာလူထုရဲ့ ပူးပေါင်းပါဝင်မှုက အလွန်အရေးကြီးပါတယ်။ သူတို့ဒီလိုပါဝင်လာမှသာ ရေရှည်မှာစီမံကိန်းက လူတွေအပေါ် ကောင်းကျိုးပြုလာမှ ဖြစ်ပါတယ်။
ဘက်စုံဖွံ့ဖြိုးရေးကိုအကောင်အထည်ဖော်ရာမှာ အခြေခံအဆောက်အဦတွေသာမက အီစတီကျူးရှင်း လိုအပ်ချက်တွေ၊လူသားအရင်းအမြစ်တွေကိုလည်း ဖြည့်ဆီးပေးရပါမယ်။ဒါက ပညာရေးနဲ့ကျန်းမာရေးပါ။ ဒါအပြင် ဈေးကွက်ပြုပြင်ပြောင်းလဲရေးကလည်း လိုအပ်ပါတယ်။ အဓိကပြုပြင်ပြောင်းလဲဖို့လိုအပ်တာက ငွေကြေးဈေးကွက်ပါ။ လူတွေရဲ့ပိုင်ဆိုင်မှုကိုလုံခြုံမှုရှိစေတဲ့ ဥပဒေတွေ ကိစ္စပါ။နောက်ပြီးလူမှုဘ၀လုံခြုံရေးအတွက် အစီအမံတွေ၊ ဒီနေရာမှာ အင်အားချို့တဲ့သူတွေကို အကာအကွယ်ပေးဖို့၊ အထူးသဖြင့် ဆင်းရဲမွဲတေမှုအပေါ်တက်ရပ်နေတဲ့သူတွေ၊ အစာရေစာမလုံလောက်လို့ ဒုက္ခကြုံတွေ့နေရသူတွေ၊ အဟာရချို့တဲ့သူတွေအတွက် လူမှုဖူလုံရေးတွေ ပါမယ်။
ဈေးကွက်ပြုပြင်ရေးနဲ့ပက်သက်ပြီး ပြောရရင် ဒါဟာအဓိကအကျပ်အတည်း ဖြစ်နေပါတယ်။ ဆန်ဈေးတက်ခြင်းဟာ စားသုံးသူကိုနစ်နာစေပေမယ့် ဆန်ဈေးကျသွားခြင်းဟာလည်း လယ်သမားကိုအထိနာစေပါတယ်။ ဒီအတွက် ဆန်ဈေးအကျဟာ စားသုံးသူအကျိုးအတွက်လိုအပ်နေချိန်မှာ ဆန်ဈေးအတက်ဟာ လယ်သမားကိုကယ်တင်ဖို့အတွက် ဖြစ်နေတယ်။ ဒီလိုအတက်နဲ့အကျကိုတစ်ပြိုင်နက်လိုအပ်တဲ့ ပြဿနာကို ရှင်းနိုင်ဖို့အတွက် ဆန်ကိုဈေးကွက်ထဲ အရောက်ပို့ရတဲ့နေရာမှာ ကုန်ကျတဲ့စရိတ်အဆင့်ဆင့်ကို သက်သာအောင်လုပ်တဲ့နည်းတစ်နည်းပဲ ရှိပါတယ်။ မြန်မာပြည်မှာဖြစ်နေတာက လယ်သမားဟာ သူ့ထုတ်လုပ်တဲ့ကုန်ရဲ့ဈေးကွက်ပေါက်ဈေးရဲ့ ၂၀% သာသာကိုသာ ခံစားနေရတာပါပဲ။ ကျန်တဲ့၈၀%ကိုအခွန်၊သယ်ယူပို့ဆောင်ခ၊ ပွဲစား၊ ကြိတ်ခွဲခအစရှိတာတွေအတွက် ကုန်ကျရ တာဖြစ်ပါတယ်။တကယ်တန်းစားသုံးသူက ပေးလိုက်ရတဲ့တန်ဖိုးကို လယ်သမားကအပြည့်အ၀ရရှိတာမဟုတ်ပါဘူး။ ဒီအတွက်အခုလယ်သမားတွေအဖို့သတင်ဆိုးတင်မကသတင်းကောင်းတခုလည်းရှိလာပါပြီ။သတင်းကောင်းကတော့ ဈေးကွက်အရောက်ကုန်ကျစရိတ်အဆင့်ဆင့်ကို လျှော့ချခြင်းဖြင့် လယ်သမားတွေကို ကူညီနိုင်တယ်ဆိုတာပါပဲ။
ဒီနည်းလမ်းက စားသုံးသူတွေပေးရတဲ့ဈေးကိုလျှော့ချနိုင်သလို လယ်သမားတွေအတွက်လည်း ထိုက်တန်တဲ့ဈေးကိုရရှိစေမှုာဖြစ်ပါတယ်။ဆန်ကိုမှီခိုနေရတဲ့စားသုံးသူနဲ့စိုက်ပျိုးတဲ့လယ်သမားကိုပါနှစ်ဦးနှစ်ဖက်အကျိုးရှိစေတဲ့နည်းပါ။စပါးဈေးအတက်အကျဟာလယ်သမားတွေရဲ့ဘ၀ကိုသာမကသူတို့ရဲ့စပါးထုတ်လုပ်နိုင်တဲ့ပမာဏကိုပါအကျိုးသက်ရောက်မှုရှိစေပါတယ်။ဒီနိုင်ငံရဲ့ပဲထုတ်လုပ်မှုကိုကြည့်ရင်ဈေးကောင်းရတဲ့အခါလယ်သမားတွေရဲ့ထုတ်လုပ်မှု ပမာဏတက်လာတာကိုတွေ့ရပါတယ်။ဒါကိုကြည့်ရင်လယ်ယာကဏ္ဍဟာလိုအပ်တဲ့အပြောင်းအလဲကိုဖြည့်ပေးနိုင်ရင် ထုတ်လုပ်မှုနဲ့ပက်သက်ပြီးအလားအလာကောင်းတွေ အမျာကြီးရှိတယ်ဆိုတာကို သိနိုင်ပါတယ်။ ဒီနေရာမှာအခြား လိုအပ်ချက် တွေကိုလည်း ဖြည့်ဆီးပေးနိုင်ဖို့ လိုပါတယ်။ဥပမာ -လယ်သမားတွေ ငွေချေးယူလို့ရတဲ့နေရာတွေ ပေါ်လာဖို့
စိုက်ပျိုးရေးမှာ မြေယာပိုင်ဆိုင်မှုဟာ အလွန်အရေးကြီတဲ့ အစိတ်အပိုင်းဖြစ်တယ်။ နိုင်ငံအတွက် အခွန်အကောက် ကောင်းကောင်းရနိုင်တဲ့နေရာ ဖြစ်တယ်။ မြန်မာပြည်မှာစီးပွါးရေးစနစ်ကပြောင်းပေမယ့်အခွန်ကောက်တဲ့စနစ်က မပြောင်းလဲဘူး။ မြန်မာပြည်မှာ လယ်သမားက မြေကိုအကြောင်းပြုပြီး ငွေချေးလို့မရလို့ အပြင်ငွေချေးသူများကို လုံးလုံးမှီခို နေရတယ်။ ဒါပေမယ့်မြေယာပြုပြင်ပြောင်းလဲမှုလုပ်ပြီဆိုရင်လည်း မြေမပါဘဲနဲ့ ငွေချေးမရတော့ဘူးဆိုတဲ့ အနေအထားမှာ သတိထားရမှာက လူမှုလုံခြုံရေးပိုက်ကွန် Social Safely Net ရှိဖို့။ဒါမျိုးကောင်းကောင်း မရှိရင်လဲ မြေယာပြုပြင် ပြောင်းလဲရေးလုပ်ဖို့ မလွယ်ဘူး။
နိုင်ငံအတော်အများများမှာ မြေယာပြုပြင်ပြောင်းလဲရေးဟာ မရှိမဖြစ်အခြေခံတစ်ခုအနေနဲ့အရေးပါခဲ့ပါတယ်။ မြေပိုင်ယာပိုင်မရှိတာဟာ ပြဿနာတစ်ရပ်အဖြစ်ရှိနေပြီး နောက်ဒီထက်ပိုပြီးဆိုးသွားနိုင်တယ်။ လူမှုရေး၊ စီးပွါးရေး ဖိအားတွေ ပုံစံမျိုးစုံနဲ့ ပေါ်ထွက်လာပြီး ကုန်ထုတ်လုပ်မှုကိုလည်း ကျဆင်းစေနိုင်တယ်။ မြေပိုင်မရှိတာနဲ့ ဆင်းရဲမှုဟာ ဆက်စပ်နေတယ်။ တကယ်လို့သာ လုံလောက်တဲ့နည်းပညာနဲ့ လိုအပ်ချက်တွေုကိုဖြည့်ဆီးပေးမယ်ဆိုရင် အသေးစား လယ်သမားတွေရဲ့ ထုတ်လုပ်မှုက ပိုပြီးအားကောင်းတယ်ဆိုတာကိုပါပဲ။ အောင်မြင်နေတဲ့နိုင်ငံတွေက မြေယာပြုပြင် ပြောင်းလဲရေးကိုပုံစံမျိုးစုံနဲ့လုပ်ခဲ့ကြတယ်။အောင်မြင်တဲ့မြေယာပြုပြင်ပြောင်းလဲရေးနမှုနာတွေကိုကြည့်မယ်ဆိုရင်သူတို့က အခြားကဏ္ဍတွေမှာပါပြုပြင်ပြောင်းလဲရေးကို တဆက်တည်းဆောင်ရွက်သွားကြတာကို တွေ့ရမယ်။ မြေယာပြုပြင်ပြောင်းလဲမှုနဲ့အတူ ငွေကြေးဈေးကွက်နဲ့ နည်းပညာရရှိဖို့ ဆက်တိုက်ဆောင်ရွက်ခဲ့ကြတယ်။ လယ်သမား အသေးစားလေးတွေကထိုက်သင့်တဲ့ငွေကြေးနဲ့နည်းပညာပံ့ပိုးမှုသာရရင်လယ်သမားကြီးတွေထက် ထုတ်လုပ်မှုနုန်းပိုကောင်းတယ်။ လယ်သမားအသေးစားလေးတွေအတွက် မက်လုံးက လယ်သမားကြီးများထက် စာရင် ပိုမိုအားကောင်းတယ်။သူတို့မှာ အခြားစရိတ်စကတွေမရှိတော့ နည်းပညာနဲ့ အရင်းအနှီးရှိတဲ့အခါသူတို့ရဲ့အသက်မွေးမှု ၊ဘ၀လုံခြုံမှု ပိုအခြေအနေကောင်းလာတယ်။လူနေမှုအဆင့်မြင့်လာတယ်။ ပြီးတော့ လယ်သမားတွေအခြေအနေ ကောင်းလာရင်တကယ်အကျိုးဖြစ်ထွန်းမှုက ကျေးလက်ကိုအခြေပြုတယ်။
ဘဏ္ဍာရေးဈေးကွက်လို့ဆိုတဲ့ ငွေကြေးဈေးကွက်၊ ချေးငွေဈေးကွက်ပြုပြင်ရေးမှာတော့ လယ်သမား တွေကအရည်အသွေးမြင့်မျိုးစပါးနဲ့ ဓါတ်မြေသြဇာတွေဝယ်နိုင်ဖို့ ငွေလိုတာကို ချေးငွေဈေးကွက်ပြုပြင်ရေးက ကူညီ နိုင်ပါမယ်။အထူးသဖြင့် နဂိုကတည်းကဈေးကွက်မခိုင်မာတဲ့၊ မုန်တိုင်းဒဏ်ကြောင့်ဈေးကွက်ယိုယွင်းသွားတဲ့ နိုင်ငံမျိုးမှာ ပိုပြီးလိုအပ်ပါတယ်။ လက်ရှိတည်ဆဲစနစ်အရ အစိုးရအမတော်ကြေးဟာ လယ်အတွှက်မလုံလောက် တာကြောင့် အပြင်ပုဂ္ဂိကငွေရှင်တွေဆီသွားရပါတယ်အပြင်မှာပေးရတဲ့အတိုးနုန်းကလက်မခံနိုင်အောင်ကိုမြင့်မားနေပါတယ်။တလကို တဆယ်တိုးနုန်း၊။ ငွေချေးကိစ္စပြုပြင်ရာမှာဘက်ပေါင်းစုံကနေ ဆောင်ရွှက်ရမှာပါ။ အခြားနိုင်ငံတွေမှာဆိုရင် ပုဂ္ဂလိကကဏ္ဍတွေ၊ ကော်ပိုးရေးရှင်းတွေ၊ NGOတွေ၊ သမ၀ါယမတွေကို စည်းကမ်းနဲ့ပါဝင်ဆောင်ရွှက်ခွင့် ပြုခဲ့ပါတယ်။ သူတို့ပါဝင်လာမှုကြောင့် လယ်ယာစိုက်ပျိုးရေးမှာအထွက်တိုးလာတာကို တွေ့ရပါတယ်။
အစိုးရရဲ့ငွေချေးစနစ်ရဲ့ပြဿနာက အတိုးနှုန်းအလွန်နည်းခြင်းပါပဲ။ ဘဏ်ကပေးတဲ့အတိုးနုန်းက တကယ့်ဈေးကွက်မှာဖြစ်နေတဲ့ ငွေကြေးဖောင်းပွနှုန်းထက်နိမ့်နေတောု့ဘဏ်ကိုငွေလာအပ်သူတွေနည်းပြီး ဘဏ်ကငွေထုတ်ချေးပေးဖို့ ငွေမလည်ပတ်နိုင်တော့ဘူး။ ဘဏ်ရဲ့အရင်းအနှီးကို မှန်မှန်ပြန်မဖြည့်နိုင်ဘူး။ ဒါကြောင့်ဘဏ်တွေအရင်းအနှီးရှိနေဖို့အတွက် လောလောဆယ်ပေးနေတဲ့နိမ်တဲ့အတိုးနုန်း NAGATIVE အတိုးနှုန်းအစား POSITIVE အတိုးနှုန်းနဲ့ ပေးရမယ်။ နောကပြီ်းလယ်သမားရဲ့ငွေလိုအပ်ပုံကိုလိုက်ပြီး ချေးငွေပုံစံအမျိုးမျိုးနဲ့သွားရမယ်။ ကမ္ဘာမှာ အောင်မြင်နေတဲ့နည်းလမ်းတွေရှိသလိုမြန်မာပြည်မှာလည်း ဒီပုံစံတွေကို စတင်နေပြီ ဖြစ်တယ်။ mirco credit အသေးစားချေးငွေတွေနဲ့အတူ NGO တွေရဲ့ အခန်းကဏ္ဍတွေကို ချပြီးသုံးရာကနေ အောင်မြင်နေတဲ့နိုင်ငံတွေ ပေါ်ထွက်လာခဲ့ပြီ ဖြစ်တယ်။
mirco credit က ရပ်ရွာအုပ်စုကလေးတွေကို အခြေခံပြီးငွေချေးတာကြောင့် စောင့်ကြည့်ရလည်း အဆင်ပြေတယ်။ အကြွေးပြန်ဆပ်နှုန်းလည်းမြင့်တယ်။ ဒီစနစ်နဲ့အောင်မြင်တဲနေရာတွေမှာ ငွေအပြင် နည်းပညာနဲ့ မျိုးစေ့ အထောက်အပံ့ကိုပါ အချေးအငှါးစနစ်နဲ့လုပ်ကြတယ်။ပုဂ္ဂလိကလုပ်ငန်းတွေက လယ်သမားအပေါ်ငွေချေးတာ ရှုံးမှာကိုကြောက်တော့လယ်သမားအနေနဲ့အထွက်တိုးအောင်အခြားအထောက်အကူတွေကိုပါထပ်ဆောင်းပြီးပံ့ပိုးခဲ့ကြတယ်။ နည်းပညာမျိုးစေ့ အစရှိသဖြင့်။ပြီးတော့သမားရိုးကျ ၀င်ငွေအပြင် အခြားဝင်ငွေရနိုင်တဲ့နည်းလမ်းတွေအတွက်ပါ ငွေထပ်ချေးပေးတာ၊ နည်းပညာပံ့ပိုးတာတို့ကိုပါ လုပ်ပေးတယ်။ ကြက်၊ဘဲမွေးမြူရေးအစရှိသဖြင့်ပေါ့။
ဒုတိယအကြိမ်မြောက် မြစိမ်းရောင်တော်လှန်ရေးမှာ အထွက်တိုးဖို့အတွက် ခေတ်မီစိုက်ပျိုးရေး နည်းပညာရဖို့ မရှိမဖြစ်လိုအပ်တယ်။ လယ်ယာကဏ္ဍအတွက် မျိုးစပါး၊ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေဟာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဖို့ လိုလာပြီ။ သီးနှံအထွက်တိုးဖို့ မျိုးစေ့အရည်အသွေးကောင်းတွေလိုလာသလို ရောဂါပိုးအသစ်တွေကျရောက်လာရင် လယ်သမားတွေကို သတိပေးခြင်းအားဖြင့်သူတို့အဆုံးအရှုံးကို ကာကွယ်နိုင်ဖို့၊ သုတေသနအတွက်ရေရှည်ရင်းနှီးမြုတ်နှံမှုနဲ့အတူဘက်ပေါင်းစုံချည်းကပ်မှုနဲ့အတူမျိုးစေ့နဲဓါတ်မြေသြဇာတွေအလုံအ လောက်ရရှိအောင်ဆောင်ရွက်ပေးဖို့၊ ရေသွင်းစိုက်ပျိုးနိုင်အောင် ပံ့ပိုးကူညီပေးဖို့လိုအပ်တယ်။ နည်းပညာအသစ်တွေ လယ်သမားဆီကို မိတ်ဆက်ပေးနိုင်ဖို့အတွက် ပေးနေကျများထက် ပိုပေးတဲ့ဝန်ဆောင်မှုတွေလိုအပ်လာမယ်။ လယ်သမားတွေအတွက်ပေးနိုင်တဲ့သင်တန်းနဲ့ဝန်ဆောင်မှုတွေက မြန်မာပြည်မှာ လျော့ကျလာနေတာကို တွေ့နေရတယ်။
အထွက်နုန်းတိုးဖို့အတွက် မျိုးစေ့နဲ့ဓါတ်မြေသြဇာဟာ အလွန်အရေးပါတယ်။ဒါကိုသုံးဖို့ ငွေအကုန်အကျ များမယ်။အထွက်နှုန်းဘယ်လောက်များများ လယ်သမာအနေနဲ့ ငွေချေးဖို့ မသေချာရင်၊မြေပိုင်ဆိုင်ခွင့် ဆုံးရှုံးသွားနိုင်တဲ့ အနေအထားရှိနေရင် ဒီအတွက် လယ်သမားကစွန့်စားလုပ်ဆောင်မှာ မဟုတ်ဘူး။ ရလာဒ်ကတော့ မြန်မာပြည်မှာ သဘာဝက ပေးထားတဲ့ မြေဆီသြဇာကောင်းမွန်မှုနဲ့ သင့်တင့်တဲ့မိုးလေ၀သအခြေအနေအားသာချက်ကို အမြင့်မားဆုံးအသုံးချနိုင်တဲ့ အနေအထားကို ရောက်လာမှာမဟုတ်ဘူး။ နိုင်ငံကိုဘက်ပေါင်းစုံကနေတိုးတက်လာစေချင်ရင်လယ်ယာကဏ္ဍနဲ့မပက်သက်တဲ့အလုပ်အကိုင်ကဏ္ဍတွေကိုတိုးတက်အောင်လုပ်ဖို့လည်းလိုပါတယ်။စိုက်ပျိုးရေးမဟုတ်တဲ့လုပ်ငန်းတွေမှာကျေးလက်အလုပ်အကိုင်ရရှိရေးဟာကြာလေအရေးကြိးလာလေ ဖြစ်ပါတယ်။ ကြုံရာကျဘမ်းလုပ်ရတဲ့သူတွေနဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် အလုပ်အကိုင်သစ်တွေ ဖန်တိးပေးရပါမယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစိးပွါးရေးလုပ်ငန်းတွေ၊တိုင်းရင်းသားလုပ်ငန်းရှင်တွေအတွက်နေရာ ဖန်တီး ပေးဖို့လိုအပ်သလို နိုင်ငံခြားရင်းနှီးမြုတ်နှံမှုလည်း လိုအပ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြုတ်နှံမှုနဲ့ အကူအညီတွေဟာ မြန်မာပြည်ရဲ့စိုက်ပျီုးရေးကဏ္ဍနဲ့ကျေးလက်ဖံွံ့ဖြိုးရေးအတွက် နည်းလမ်းပေါင်းများစွာနဲ့ အထောက်အကူပေးနိုင်သလို နည်းပညာတွေကိလည်းလွဲပြောင်းပေးနိုင်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအလုပ်ဟာ အရင်းအနှီး ကြီးမားပြီး နည်းပညာလည်း အစွမ်းထက်ဖို့လိုအပ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြုတ်နှံမှုကြောင့် ပြည်ပဈေးကွက်ကို တိုးချဲ့လာနိုင်သလို လူစွမ်းအားဖွံ့ဖြိုးမှုအကူအညီတွေရဖို့၊အလုပ်အကိုင်တွေတိုးလာဖို့နဲ့ ၀င်ငွေမြင့်တက်လာဖို့ကိုလည်း နိုင်ငံခြားရင်းနှီးမြုတ်နှံမှုကသာ ကူညီနိုင်တာပါ။ ဒီအဓိကနိုင်ငံခြားရင်းနှီးမြုတ်နှံမှုတွေကလည်းသဘာဝသယံဇာတတူးဖော်မှုမှာပဲစုနေတာကိုတွေ့ရတာကဆိုးနေပါတယ်။ဒီနေရာမှာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တဲ့နည်းပညာတွေကို ဒီကဏ္ဍတွေကနေမရနိုင်တာပါပဲ။ ရလိုက်တာကတော့ ငွေပါပဲ။ တကယ်လို့ သဘာဝသယံဇာတက ရတဲ့ဝင်ငွေကို နိုင်ငံလယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် သုံးစွဲတဲ့အနေ အထားဆိုရင် မြန်မာနိုင်ငံနဲ့လက်တွဲပြီးအကူအညီဝိုင်းဝန်းပေးကြမယ့် အလားအလာတွေ ရှိနေပါတယ်။ ဒီအခါမှာ မြန်မာပြည်ရဲ့ ဖွံ့ဖြိုးမှုစွမ်းရည်ဟာ ပိုပြီးမြင့်မားလာစရာရှိပါတယ်။
မြန်မာနိင်ငံရဲ့အနေအထားက အလွန်ကံကောင်းပါတယ်။သဘာဝသယံဇာတတွေ တွေ့ထား တယ်။လူမှုအရင်းလည်း အားကောင်းတယ်။ မြန်မာပြည်ရဲ့ တည်နေရာကလည်းကံကောင်းစေတဲ့အချက်ပါပဲ။ မြန်မာပြည်က စီးပွ့ါးရေးအတက်ဘက်ကိုပြနေတဲ့ အိမ်နီးချင်းနိုင်ငံတွေ ရှိနေတယ်။ သယံဇာတရောင်းရငွေများကို ရင်းနှီးမြုတ်နှံမှုတွေထဲကို ပြန်မထည့်ရင် နိုင်ငံက ပိုဆင်းရဲလာစရာရှိတယ်။ စီးပွါးရေးအတက်ပြရျင်တောင် ရေရှည်မခံဘူး၊ မြန်မာပြည်ကတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ပြန်လှယ်ရင်းနှီးမြုတ်နှံစရာ အခွင့်အလမ်းတွေ ရှိနေတယ်။ ဒါဟာ လူဦးရေ ၇၀%ကျော်ကို ကောင်းကျိုးပြုနိုင်တဲ့ကဏ္ဍပါ။ စောစောကပြောခဲ့တဲ့ ကျေးလက်ချေးငွေလုပ်ငန်းကို ပေါ်ပေါက်လာအောင်ကူညီနိုင်မယ်။ ကျန်းမားရေးနဲ့ ပညာရေးကဏ္ဍမှာလည်း သုံးနိုင်မယ်။ တောင်သူလယ်သမားတွေ လိုအပ်တဲ့အခြာဝန်ဆောင်မှုတွေကို ဖြည့်ဆီးပေးနိုင်တယ်။ ပုဂ္ဂလိကကဏ္ဍရော၊ အစိုးရကဏ္ဍပါ တာဝန်ထမ်းဆောင်သူတွေအားလုံးကို လုံလောက်တဲ့လစာပေးနိုင်မယ်။ အခြေခံအဆောက်အဦအတွက်သုံးနိုင်တယ်။ ပြီးတော့ ဒီလိုဆောင်ရွက်ရာမှာ NGO တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့အတူ အလှူရှင့်တွေ လက်တွဲဆောင်ရွက်သွားနိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ မြန်မာနိုင်ငံကို တချိန်ကမြင်ခဲရတဲ့ အာရှရဲ့စပါးကျီအဖြစ် ပြန်လှယ်မြင်တွေ့ဖို့ကိုပါပဲ။
The Voice weekly Journal ပါ ပါမောက္ခ စတိဂလိစ်၏ အင်တာဗျူးဆောင်းပါးများမှ ကောက်နုတ်ဖော်ပြပါသည်

Read More...

ရွေးကောက်ပွဲသပိတ်မှောက်ရေးဟာ အိုက်ဒီယာကောင်းမဟုတ် ( ကျော်ဝင်း )

ရွေးကောက်ပွဲသပိတ်မှောက်ရေးဟာ အိုက်ဒီယာကောင်းမဟုတ် ( ကျော်ဝင်း )
မြန်မာအတိုက်အခံအင်အားစုတွေအနေနဲ့ လာမယ့်ရွေးကောက်ပွဲတွင် ပါဝင်ပါက ပိုကောင်းပါမယ်။ ဘောင်အပြင်မှနေပြီး ကန့်ကွက်ဖို့ ဆိုတာ အလုပ်ဖြစ်ဖို့မလွယ်ပါ။ လက်ရှိအတိုက်အခံများက ရွေးကောက်ပွဲသပိတ်မှောက်ခြင်း ရဲရင့်တဲ့ဆုံးဖြတ်ချက်လို့ပြောနေပေမယ့် ဒီဆုံးဖြတ်ချက်အတွက် NLD ၏ တရားဝင်တည်ရှိမှုကို စတေးလိုက်ရပါပြီ။
၂၀၁၀-မှာ ၁၉၉၀-နောက်ပိုင်း ပထမဦးဆုံးအကြိမ်ကျင်းပတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်။ရွေးကောက်ပွဲဥပဒေအရ လက်ရှိပြစ် ဒဏ်ကျခံနေရသူများ ပါတီများတွင် ပါဝင်ခွင့်မပြုသဖြင့် NLD ရဲ့ အိုက်ကွန်နှင့် ပါတီကိုပူးတွဲတည်ထောင်သူ ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ပါဝင်ခွင့်မရသဖြင့် ယခုလိုသပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါလိမ့်မယ်။ NLD ဟာ ရွေးကောက်ပွဲဝင်လိုက်ခြင်းအားဖြင့် လက်ရှိအစိုးရကို တရားဝင်အသိအမှတ်ပြုရာ ရောက်မည်ဟုလည်း ယူဆထားပုံရပါတယ်။ ဒါကြောင့် ကိုယ့်ပါတိီကို ကိုယ်တိုင် ဖျက်သိမ်းလိုက်တာက ပိုကောင်မယ်လို့ တွက်ချက်လိုက်ခြင်းဖြစ်ဟန်တူတယ်။
ရွေးကောက်ပွဲဝင်မလား။သပိတ်မှောက်မလား ဆိုတဲ့ရွေးချယ်မှုဟာ (ဖဲသမားစကားနဲ့ပြောရရင်) ၂၁ကစားနည်းမှာ ကြုံရတဲ့ အကျဉ်းအကျပ်နဲ့ဆင်တူနေတယ်။ တဖက်မှ ဂျက်၊ကွင်း၊ ကင်းဖဲကြီးများနဲ့ ရင်ဆိုင်ရချိန်တွင် မသေရုံပစ်မှတ်နဲ့ ချိုမလား။ ဒါမှမဟုတ်မိုက်မိုက်ကန်းကန်း ဆက်ဆွဲမလား ဝေခွဲရခက်တဲ့ အနေအထားပါ။ ဘာရွေးရွေး ကောင်းစရာမရှိနိုင်တဲ့ အနေအထားမျိုးပါ။ မကြာမီကကြုံတွေ့ခဲ့ရတဲ့ ကမ္ဘာနိုင်ငံများရဲ့ အတွှေ့အကြုံအရ ရွေးကောက်ပွဲသပိတ်မှောက်ရေးလမ်းကြောင်းဟာ မှားယွင်းနေပါတယ်။ ၁၉၉၀-ခုနောက်ပိုင်း ကမ္ဘာနိင်ငံများရဲ့ရွေးကောက်ပွဲံသပိတ်မှောက်မည်ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ လက်တွေ့သပိတ်မှောက်မှုများဟာ ၁၇၁-ကြိမ်ရှိပြီးအကြိမ်တိုင်းလောက်ဟာ အစိုးရအပြောင်းအလဲအတွက် ထိရောက်တဲ့နည်းလမ်းတွေမဟုတ်ခဲ့ပါ။ လက်တွေ့မှာ လက်ရှိ အစိုးရမျုား ပိုမိုခိုင်မြဲစွာအမြစ်တွယ်နိုင်ဖို့ ကူညီပေးလိုက်သလို ဖြစ်သွားစေပါတယ်။ ရွေးကောက်ပွဲသပိတ်မှောက်လိုက်ခြင်းရဲ့ အရေးကြီး ဘေးထွက်ဆိုးကျိုးမှာ သပိတ်မှောက်တဲ့ပါတီကိုယ်တိုင် ဘေးရောက်သွားတတ်ခြင်း ဖြစ်တယ်။ မြန်မာ့ဒီမိုကရေစီရေးတွင်လည်း ဒီအတိုင်းအသေအချုာ ဖြစ်လာနေပြီ ဖြစ်တယ်။ NLD အနေနဲ့ လာမယ့်လွှတ်တော်မှာပါဝင်နိုင်ရေးကို စွန့်လွှတ်လိုက်ရုံမျှမက ပါတီတရားဝင် ရပ်တည်ပိုင်ခွင့်ကိုပါလက်လွတ်လိုက်ရပြီ ဖြစ်တယ်။
NLD မှပဲံ့ထွက်လာတဲ့ ပါတီသစ် NDF အနေနဲ့( ကင်မရွန်း၊ ဂမ်ဘီယာ၊ ဗင်နီဇွဲလား၊ ဇမ်ဘီယာတို့၏ အတွေ့အကြုံအရ) မှုလအတိုက်အခံပါတီ၏ အနေအထားမျိုးကို ပြန်လှယ်ရရှိနိုင်ဖို့ အခွင့်မသာနိုင်ပါ။ အဆိုပါ NDFပါတီသစ်အနေနဲ့ နာမည်သစ်နှင့် ရွေးကောက်ပွဲဝင်မယ်လို့ အခိုင်အမာပြောနေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပင် ပါတီသစ်ကို လူသိထင်ရှားဝေဖန်ခဲ့ပြီးသူမရဲ့ သပိတ်မှေုာက်ရေးဆင့်ခေါ်သံကိုသာ အရှိန်မြင့်ဆောင်ရွက်နေတယ်။
အခြားနိုင်ငံများရှိ စိတ်အချဉ်ပေါက်နေတဲ့ အတိုက်အခံနိုင်ငံရေးပါတီများလိုပင် မြန်မာ့အတိုက်အခံအင်အားစုရဲ့ လှုပ်ရှားမှုမှာ တည်ဆဲအစိုးရအပေါ် အရှိန်မြင့်ဖိအားပေးလာစေရန် နိုင်ငံတကာမိသားစုအပေါ် မျှော်လင့်နေဟန်ရှိတယ်။ NLDဦးဝင်းတင် ကလည်း မတ်လထုတ် ၀ါရှင်တန်ပိုစ် သတင်းစာတွင် သူတို့ရဲ့သပိတ်မှောက်မှုအရေးတော်ပုံကို နိုင်ငံတကာမိသားစုကထောက်ခံပြီး ရွေးကောက်ပွဲကို ကန့်ကွက်ကြပါရန် ဆောင်းပါးတပုဒ်ရေးသားခဲ့တယ်။
အမှန်အားဖြင့် ဒီဗျူဟာတွင်လည်း ပြဿနာရှိနေပါတယ်။ ဒီလိုကိစ္စမျိုးတွင် ပြင်ပဖိအားများကြောင့် ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမျိုး မရှိသလောက် ရှားပါးပါတယ်။ အထူးသဖြင့် မြန်မာပြည်လို တည်နေရာအရ အရေးသိပ်မပါလှတဲ့ နိုင်ငံအတွက် ပိုပြီး မလွယ်ကူလှပါ။ ဥပမာပြရလျင် ၂၀၀၃-ခုနှစ်က ကျင်းပခဲ့တဲ့ အဇာဘိုင်ဂျန်သမ္မတရွေးကောက်ပွဲ ဖြစ်တယ်။ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအပြီး ရက်ပေါင်းများစွာ အတိုက်အခံဘက်မှ သပိတ်မှောက်ကန့်ကွက်နေပေမယ့် ရွေးကောက်ပွဲ ရလာဒ်ကို အမေရိကန်ကမြန်မြန်ဆန်ဆန်ကြီး အသိအမှတ်ပြုခဲ့တယ်။
နောက်ထပ်စဉ်းစားရမည့်က အနောက်အုပ်စုဖိအားအနေနဲ့ တည်ဆဲမြန်မာအစိုးရအပေါ် ဘယ်လောက်အထိ သက်ရောက်နိုင်မှုရှိမရှိ ဆိုတဲ့ အကြောင်းဖြစ်တယ်။ ပြောရလျှက် ဤအကြောင်းမှာလည်း သိပ်မရှင်းလှပါ။ မြန်မာအစိုးရမှာ တောက်လျှောက်အနောက်အုပ်စုရဲ့ အပယ်ခံလိုဖြစ်နေပြီး အနောက်အုပ်စု၏အရေးယူပိတ်ဆို့မှုများကိုလည်း တင်းခံထားနိုင်ဆဲ ဖြစ်တယ်။

မကြာသေးမီကဒေါ်အောင်ဆန်းစုကြည်ကို အမြန်ပြန်လွတ်ပေးရန် အမေရိကန်အထက်လွှတ်တော်မှ ဆုံးဖြတ်ချက်ချခဲ့သော်လည်း မြန်မာအစိုးရအနေု ဖြင့် တုပ်တုပ်မှ မလှုပ်ပါ။ မြန်မာအစိုးရအနေနဲ့ လာမယ် ၂၀၁၀ ရွေးကောက်ပွဲကို ဒီမိုကရေစီ၏ပထမခြေလှမ်းအဖြစ် ဈေးကွက်ဖွင့်လျက်ရှီရာ နိုင်ငံတကာမိသားစုအနေဖြင့် တင်းတင်းမာမာတုန့်ပြန်ရန် မလွယ်ကူပါ။
အမှန်စင်စစ် ရွေးကောက်ပွဲသပိတ်မှောက်မှု မဟာဗျူဟာမှနေပြီး အပေါင်းလက္ခဏဆောင်တဲ့ အကျိုးဆက်များထွက်ပေါ်လာဖို့မှာ အလွန်ဖြစ်တောင့်ဖြစ်ခဲကိစ္စဟု ဆိုနိုင်ပါတယ်။ ဤကဲ့သို့ ရှားရှားပါးပါးကိစ္စမျိုးကို ကြည့်လိုက်ပါက အဓိကမောင်းနှင်အားမှာ ပြည်ပမှလာတာမဟုတ်ဘဲ ပြည်တွင်းမှ လာတာဖြစ်တယ်။ ဒီမိုကရစ်တစ်နောက်ခံမရှိသော နိုင်ငံများတွင် ဖြစ်ပေါ်သည်မဟုတ်။အထိုက်အလျောက်တည်ရှိပြီးတဲ့ ဒီမိုကရက်တစ်အခင်းအကျင်းအောက်တွင်သာ ဖြစ်ပေါ်နိုင်တာမျိုး ဖြစ်တယ်။ ဥပမာပြောရလျှင် ပီရူးနိုင်ငံ၏ ၂၀၀၀-၂၀၀၁ အတိုက်အခံများ၏ရွေးကောက်ပွဲသပိတ်မှောက်မှုကိစ္စုဖြစ်တယ်။ ဤအရေးတွင် အဓိကအခန်းမှပါဝင်သူများမှာပီရူးပြည်တွင်းအင်အားစုသာဖြစ်ပြီး နိုင်ငံတကာဖိအားမှာ သာမညအခန်းကဏ္ဍလောက်သာ ဖြစ်တယ်။
မြန်မာအတိုက်အခံများအတွက် အကောင်းဆုံးဖြစ်ဖွယ်ရာရှိတဲ့လမ်းကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရပေမယ့် လာမယ့်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကြဖို့ ဖြစ်တယ်။ရွေးကောက်ပွဲဝင်ဖို့စီစဉ်နေတဲ့ ပါတီသစ် အမျိုးသားဒီမိုကရက်တစ်အင်အားစု NDF ကို လည်း ထောက်ခံအားပေးသင့်ပါတယ်။ ဤနေရာမှာနိုင်းယှဉ်လေ့လာဖို့အသင့်ဆုံးမှာ ဇင်ဘာဘွေအတွေ့အကြုံပင်ဖြစ်တယ်။ ဇင်ဘာဘွေ အတိုက်အခံအင်အားစုများက လက်ရှိ သမ္မတရောဘတ်မူဂါဘီကိုဆန့်ကျင်ပြိး ၁၉၉၅-ခုရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြတယ်။အကျိုးဆက်မှာ အတိုက်အခံအင်အားစုကြီးတခုလုံး ပျောက်ပျက်မတတ် ဖြစ်ခဲ့ရတယ်။ ဒီသင်ခန်းစာကို ကောင်းကောင်းယူပြီး ၂၀၀၀ ရွေးကောက်ပွဲဝင်ခဲ့ရာ အမတ်နေရာ ၅၇ နေရာ အနိုင်ရရှိခဲ့ပြီး အာဏာရပါတီထက် မဆိုစလောက်သာနည်းပါးခဲ့တယ်။
ရွေးကောက်ပွဲံလမ်းကြောင်းကအရာရာအကောင်းဆုံးဖြစ်လိမ့်မယ်လို့မဆိုသာပေမယ့် လက်ရှိအခြေအနေထက်မှုပိုကောင်းလာနိုင်စရာ ရှိပါတယ်။
မတူညီတဲ့ အယူအဆမျိုးစုံကို ဦးနှောက်မုန်တိုင်းဆင်နိုင်ကြပါစေ။
ကျော်ဝင်း
(Voice Weekly-June-14/2010/page-20)

Read More...