05 June, 2010

NDF မူဝါဒများ

ရည်ရွယ်ချက်
၁။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အခြေခံလူ့အခွင့်အရေးများကို အာမခံနိုင်မည့် တရားဥပဒေစိုးမိုး
သည့် စစ်မှန်သောဒီမိုကရေစီစနစ်သို့ပြောင်းလဲရောက်ရှိနိုင်ရန်အတွက် ငြိမ်းချမ်းသောနည်းဖြင့်
ကြိုးပမ်းဆောင်ရွက်သွားရန်။
၂။ တိုင်းရင်းသားလူမျိုးများအားလုံး အဆင့်အတန်းနှင့် အခွင့်အလမ်းပါ တန်းတူညီမျှမှုကို အခြေခံ
သည့် ဒီမိုကရေစီပြည်ထောင်စုသစ် တည်ထောင်ရေးကို တညီတညွတ်တည်း ကြိုးပမ်းဆောင် ရွက်သွားရန်

၃။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရသော အထွေထွေပြဿနာများကို မြန်မာတိုင်းရင်း
သားများအချင်းချင်း ကိုယ်တိုင်ဖြေရှင်းလျက် အမျိုးသားပြန်လှယ်သင့်မြတ်ရေး အမှန်တကယ်ရရှိ
အောင် ဆောင်ရွက်သွားရန်။
၎။ မြန်မာ့စီးပွါးရေးနှင့် လူမှုဘ၀မြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏အခြေအနေနှင့် လိုက်လျောညီ
ထွေရှိမည့် ခေတ်မီစီးပွါးရေးမှုဝါဒများကို ချမှတ်ကျင့်သုံးသွားရန်။
၅။ ကမ္ဘာ့ငြိမ်းချမ်ရေးထိန်းသိမ်းရေးနှင့် နိုင်ငံအသ်ချင်းချင်းနားလည်မှုရရှိရေးအတွက် လွတ်လပ်၍နိုး
ကြားတက်ကြွသော နိုင်ငံခြားရေးမူဝါဒကို ကိုင်စွဲကျင့်သုံးသွားရန်။

နိုင်ငံရေးမူဝါဒသဘောတရား
တစ်ဦးချင်းပုဂ္ဂလိက လွတ်လပ်ခွင့်ကို ဗဟိုရည်မှန်းချက်အဖြစ် သဘောထားသည။ ထို့ပြင် ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ ပညာမတတ်မှု၊ ကျန်းမာရေးချို့တဲ့မှု၊ ကိုယ်အင်္ဂါချွတ်ယွင်းမှု၊ စသော လူမှုဒုက္ခတို့သည် တစ်ဦးချင်းလွတ်လပ်မှုအပေါ် ကြီးမားသည့်အကန့်အသတ်များဖြစ်စေသည်
ဟု ယုံကြည်သည်။ ယင်းအချက်များကို ပြုပြင်ပေးနိုင်ရန်အတွက် အစိုးရက သင့်လျော်သလိုဝင်
ရောက် ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ယူဆသည်။ ထို့ကြောင့် ပုဂ္ဂိလိကလုပ်ငန်းများအဓိက
ပါဝင်လျက် အစိုးရက ဆောင်ရွက်ပေးသော၊ ညှိနိုင်းစီမံသော ၀န်ဆောင်မှုအချို့တို့ဖြင့် ပေါင်းစပ်
ထားသော စီးပွါးရေးပုံစံကို ကျင့်သုံးရန်လက်ခံသည်။ ထို့ပြင် ပြည်သုအခွင့်အရေး၊ နိုင်ငံသားအခွင့်
အရေး ၊ လူ့အခွင့်အရေးနှင့် ပြည်သူ့လွတ်လပ်ခွင့်တို့ကိုလည်း ခံစားရရှိစေမည်ဟု ယုံကြည်သည်။
မြန်မာနိုင်ငံတွင် ဆယ်စုနှစ်နှင့်ချီ၍ အများပြည်သူတို့၏စီးပွါးရေးကျဆင်းလာပြီး ၀င်ငွေ
ကွာဟချက်ကြီးမားလာကာ လူလတ်တန်းအလွှာ ကျုံ့ဝင်လျက်ရှိသည်။ အခြားတစ်ဖက်တွင် ဆင်းရဲ
သားလူတန်းစားအလွှာမှာ ကြီးထွားလာနေပေသည်။ယင်းသို့သောအခြေအနေမျိုးကို အစိုးရက ၀င်
ရောက်ကူညီထိန်းညှိပေးခြင်းမရှိပါက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုအပေါ် အရှည်သ
ဖြင့် ထိခိုက်မည်ဖြစ်ပါသည်။
သို့ဖြစ်၍ ပုဂ္ဂိလိကလွတ်လပ်ခွင့် နှင့် ဈေးကွက်စီးပွါးရေးကို အခြေခံကာ ပြည်သူအ
များသက်သာချောင်ချိမှုကိုဦးတည်လျက် အစိုးရက ကူညီထိန်းညှိပေးသော “လူမှုအခြေပြု လွတ်လပ်
ခွင့်ဝါဒ (Social Liberalism ) ကို မြန်မာ့ယဉ်ကျေးမှု၊လူနေမှုဘ၀နှင့်လျော်ညီစွာ ကျင့်သုံးခြင်းကို
အမျိုးသားဒီမိုကရေစီအင်အားစု၏ အခြေခံသဘောတရားအဖြစ် ခံယူသည်။

လုပ်ငန်းစဉ်များ
စစ်မှန်သောဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး
စစ်မှန်သောဒီမိုကရေစီနိုင်ငံတည်ဆောက်ရန်အတွက် ဒီမိုကရေစီမှုများ
အပေါ် အခြေခံသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် အမှန်လိုအပ်ပေသည်။ သို့ဖြစ်ရာ ယင်း
သို့သော အခြေခံဥပဒေတည်ရှိမှုအတွက် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သကဲ့သို့ တစ်ချိန်တည်း
တွင် ပြည်ထောင်စုလွှတ်တော်မှတဆင့် အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို တရားနည်းလမ်းတ
ကျ ဦးစားပေးဆောင်ရွက်သွားမည်။ တစ်ဖက်တွင်လည်း လူထုလူတန်းစားအဖွဲ့အစည်းများ ဖွဲ့စည်း၍
လည်းကောင်း ၊ လူမှုရေးအဖွဲ့အစည်းများမှလည်းကောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသဘောထား
များကို ပြည်သူများအကြား တန်ဖိုးထားနားလည်ရေး မြှင့်တင်ဆောင်ရွက်မည်။

တိုင်းရင်းသားလူမျိုးများအရေး
၁။ တိုင်းရင်းသားလူမျိုးများအားလုံး၏ သွေးစည်းညီညွတ်မှုကို အခြေခံကာ ဒီမိုကရေစီပြည်ထောင်စု
သစ် တည်ထောင်ရေးကို ဦးစားပေးမည်။
၂။ တိုင်းရင်းသားပြဿနာများကို ဖြေရှင်းရာတွင် တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူညီမျှသည့်
အခွင့်အရေးရရှိရေးအတွက် ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး ဖြေရှင်းသွားမည်။
၃။ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အလေးထားကာ တိုင်းရင်းသားစာပေ
နှင့်ယဉ်ကျေးမှုရှင်သန်ဖွံ့ဖြိုးရေးကို အားပေးမည်။
၎။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွါးရေးနယ်ပယ်အသီးသီးတွင် တိုင်းရင်းသားလူမျိုးအားလုံး လုပ်ပိုင်ခွင့်
အညီအမျှရရှိရေး ဆောင်ရွက်မည်။
၅။ လူမျိုးတိုင်း၏ မွေးရာပါအခွင့်အရေးများကို တန်ဖိုးထားလေးစား ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်
အာမခံချက် ရှိစေရမည်။
ပြည်တွင်းငြိမ်းချမ်းရေး
အမျိုးသားအင်အားစုများဖြစ်ကြသော နိုင်ငံရေးပါတီများ၊ လူမျိုးစုအဖွဲ့အစည်းများနှင့်
တပ်မတော်ခေါင်းဆောင်များသည် သံသယကင်းစင်သော အမျိုးသားပြန်လှယ်သင့်မြတ်မှုကို ဦးတည်
ပြီး အောက်ပါအတိုင်း ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်သွားမည်။
၁။ ဥပဒေပြင်ပ၌ ကျန်နေသေးသောလက်နက်ကိုင်အဖွဲ့အစည်းများ၊အခြားအဖွဲ့အစည်းများနှင့် နိုင်ငံ
ရေးအရဖြေရှင်နိုင်ရန်အတွက် အမျိုးသားညှိနိုင်းဆွေးနွေးပွဲကြီးတစ်ရပ်ကျင်းပရန်။
၂။ ဖမ်းဆီး၊ထိန်းသိမ်း၊ပြစ်ဒဏ်ချခံထားရသော နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ အမြန်
ဆုံးလွှတ်ပေးရန်။
၃။ ပြည်ပရောက်ကျောင်းသားများ၊ဒီမိုကရေစီအင်အားစုများနှင့် အမိမြေမှကင်းကွာနေသူအားလုံးတို့
အား ငြိမ်းချမ်းနွေးထွေးစွာ နိုင်ငံတော်မှကြိုဆို ပြီး အပြစ်ဒဏ်အားလုံးကိုချေဖျက်မည့် အထွေထွေ
လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေတစ်ရပ် အမြန်ဆုံးထုန်ပြန်နိုင်ရေး ဆောင်ရွက်ရန်။
နိုင်ငံခြားရေး
၁။နိုင်ငံခြားဆက်ဆံရေးတွင် လွတ်လပ်၍ နိုးကြားတက်ကြွသော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးရန်
၂။ အိမ်နီးနားချင်းနိုင်ငံများအပါအ၀င် နိုင်ငံအသီးသီးနှင့် တန်းတူရည်တူ ချစ်ကြည်ရင်းနှီးစွာဆက်
ဆံရန်။
၃။ နိုင်ငံတကာဆက်ဆံရေးတွင် ကမ္ဘာပြည်သူတို့၏ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် ကမ္ဘာငြိမ်း
ချမ်းရေး၊လုံခြုံရေးမျက်နှာစာတွင် သာမက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပြဿနာများကို
နိုင်ငံတကာမိသားစုနှင့် အတူပူးပေါင်းဆောင်ရွက်ရန်။
စီးပွါးရေး
၁။ဈေးကွက်စီးပွါးရေးကိုအခြေခံသည့် ရောပြွန်းစီးပွါးရေးပုံစံ(Market-oriented M ixed Economy)
ကို ကျင့်သုံးဖော်ဆောင်သွားရန်။ တပြိုင်တည်းတွင် ပြည်သူအကျိုးအတွက် လိုအပ်သောစီးပွါးရေး
ကိစ္စများတွင် နိုင်ငံတော်က ကူညီထိန်းညှိဆောင်ရွက်ပေးရန်။
၂။ စီးပွါးရေးနာလန်ထူနိုင်ရန်အတွက် လိုအပ်သောပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး တစ်ချိန်တည်းတွင်
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့။ ကမ္ဘာဘဏ်စသည်တို့နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်
သွားရန်။
၃။ စီးပွါးရေးလုပ်ငန်းများတွင် လက်ဝါးကြီးအုပ် အခွင့်ထူးခံခြယ်လှယ်နေမှုကို ဥပဒေပြဌာန်း၍ ရပ်တန့်
စေရန်။
၎။ လူလတ်တန်းစားအလွှာ ကြီးထွားခြင်းကို အထောက်အကူပြုစေပြီး အလုပ်လက်မဲ့ထူပြောခြင်းကို
လျှော့ချနိုင်စေရန်အတွက် သယံဇာတမှရရှိသည့်အကျိုးအမြတ်များကို တိုင်းရင်းသားပြည်သူတို့
အား အလုပ်အကိုင်၊အခွင့်အလမ်းနှင့် အရင်းအနှီးအခွင့်အလမ်းတို့ ရရှိခံစားစေရန် နိုင်ငံတော်မှုဝါဒ
များ ချမှတ်အကောင်အထည်ဖော်ရန်။
၅။မြန်မာ့စီးပွါးရေးဘ၀ကို မြှင့်တင်နိုင်ရန် ၊လူများစုကြီးပါဝင်သည့် ကျေးလက်စီးပွါးရေးကို ဘက်ပေါင်း
စုံ အားပေးရင်း ပြည်တွင်းစားသုံးသူဈေးကွက်ကြီး ဖွံ့ဖြိုးတိုးတက်လာစေရန်။
ပညာရေး
၁။အခြေခံပညာရေးမှ ဘွဲ့လွန်ပညာရေးအထိ ခေတ်မီတိုးတက်သော သင်ရိုးညွန်းတမ်း၊ပစ္စည်းကရိယာ
နှင့် တိုးတက်လာသောကျောင်းသားဦးရေနှင့် ညီမျှသော ကျောင်းအဆောင်အဦးများတွင် သင်ကြား
ပေးရန်။
၂။အသက်မွေးဝမ်းကြောင်းပညာရေးကို အလေးပေးမည်ဖြစ်သကဲ့သို့ အဆင့်မြင့်နည်းပညာသင်ကြား
ရေးကိုလည်း အားပေးရန်။
၃။စဉ်ဆက်မပြတ်အခြေခံပညာရေးကို အထောက်အကူပြုရန်၊ မှုလတန်းနှင့် အလယ်တန်း အခမဲ့
မသင်မနေရ စနစ်ပြဌာန်းနိုင်ရေးကိုဆောင်ရွက်ရန်။
၎။ အဆင့်မီ ပုဂ္ဂိလိကပညာသင်ကျေုာင်းများနှင့် နိုင်ငံရပ်ခြားတက္ကသိုလ်/ကောလိပ်များဖွင့်ခွင့်ပြုရန်။
၅။ထူးချွန်သူမျုားနှင့် ဘွဲ့လွန်ပညာသင်ထောက်ပံ့ကြေးစနစ်နှင့် ပညာသင်စရိတ်ထုတ်ချေးသောစနစ်
ကို အစိုးရ/ပုဂ္ဂိလိကတို့မှ ပူးပေါင်းဆောင်ရွက်ပေးရန်။

ကျန်းမားရေး
၁။ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန်။
၂။ အဆင့်မီကျန်းမာရေးစောင့်ရှောက်မှုကို ကျေးလက်လူထုထံအရောက် လက်လှမ်းမီအောင်
ပေးအပ်နိုင်ရေး စီမံချက်ချဆောင်ရွက်ရန်။
၃။ ခေတ်မီဆေးသုတေသနနှင့် လေ့ကျင့်သင်ကြားရေးကို အဆင့်မြှင့်တင်ရန်။
၎။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုပြီး ကျန်းမာရေးအာမခံစနစ်ကို ပုဂ္ဂလိက/
အစိုးရ ပူးပေါင်းပြီး တိုင်းနှင့်ပြည်နယ်အလိုက် တည်ထောင်ပေးရန်။
၅။ အားကစားနှင့် ပြည်သူလူထုကျန်းမာကြံ့ခိုင်ရေးကို အလေးပေးဆောင်ရွက်ရန်

တောင်သူလယ်သမားရေးရာ
၁။ တောင်သူလယ်သမားတိုင်း လယ်ယာမြေပိုင်ဆိုင်ခွင့်၊အမွေပေးခွင့်နှင့် လျွှဲပြောင်းရောင်းချပိုင်
ခွင့် ရရှိစေရန်။
၂။ ကောက်ပဲသီးနှံများ လွတ်လပ်စွာစိုက်ပျိုးခွင့်နှင့် ရောင်းချခွင့်ရရှိစေရန်။
၃။ တောင်သူလယ်သမားများ၏ အကျိုးစီးပွါးကာကွယ်ရေးအတွက် တောင်သူလယ်သမားသမဂ္ဂ
များ ဖွဲ့စည်းခွင့်ပြုရန်။
၎။ မြေမဲ့ယာမဲ့ လက်ငုတ်မဲ့ ကျေးလက်နေပြည်သူတို့၏ လူမှုဘ၀လုံခြုံရေးအတွက် လယ်ယာစီးပွါ
နှင့်ဆက်စပ်နေသော ကုန်ထုတ်လုပ်ငန်းများ ဖော်ဆောင်ပေးခြင်းအားဖြင့် ကျေးလက်အလုပ်
အကိုင်ရရှိရေးကို မြှင့်တင်ပေးရန်။
၅။ စိုက်ပျိုးရေးသွင်းအားစုများနှင့် လုံလောက်သောစိုက်ပျိုးစရိတ်ရရှိရေးအတွက် နိုင်ငံတော်မှ
ထိရောက်စွာတာဝန်ယူဆောင်ရွက်ပေးရန်။

အလုပ်သမားရေးရာ
၁။ အလုပ်သမားများ၏ လုပ်ငန်းခွင်ဘ၀ လုံခြုံရေး၊သက်သာချေုာင်ချိရေးတို့အတွက်ဆောင်ရွက်ရန်
၂။ လူနေမှုဘ၀ဖူလုံရန်အတွက် သင့်လျော်သောလုပ်အားခရရှိရေးနှင့် အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရေး
ဆောင်ရွက်ရန်။
၃။ အလုပ်သမားများ၏ အကျိုးစီးပွါးကာကွယ်ရေးအတွက် အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်ရရန်။

ကျောင်းသားလူငယ်ရေးရာ
၁။ ကျောင်းသားလူငယ်များ၏ အနာဂတ်ဘ၀ကို ကောင်းမွန်စွာရင်ဆိုင်နိုင်ရန်အတွက် ဘက်စုံဖွံ့ဖြိုး
ရေးကို ဆောင်ရွက်ပေးရန်။
၂။ နိုင်ငံတကာအဆင့်မီ ပညာသင်ကြားရေးကို ဆောင်ရွက်ပေးရန်။
၃။ ကျောင်းသားသမဂ္ဂများ၊ လူငယ်အစည်းအရုံးများ ဖွဲ့စည်းခွင့်ပြုရန်။

အမျိုးသမီးကဏ္ဍ
၁။ အမျိုးသမီးများသည် အုပ်ချုပ်ရေး၊စီးပွါးရေး၊လူမှုရေးနယ်ပယ်အသီးသီးတွင် အမျိုးသားများနှင့်
တန်းတူ အခွင့်အရေးရရှိစေရန်။
၂။ အမျိုးသမီးများ၏ဘ၀လုံခြုံရေးအာမခံနိုင်ရန်အတွက် လိုအပ်သောဥပဒေများကို ထပ်မံပြဌာန်း
ပေးရန်။

သက်ကြီးရွယ်အိုများနှင့် မိဘမဲ့ကလေးမျုား စောင့်ရှောက်ရေး
လူမှုစောင့်ရှောက်ရေးစီမံချက်ဥပဒေတစ်ရပ်ပြဌာန်းပြီး လူမှုရေးနာကျင်မှုများ ကာကွယ်ရေးကို
ဆောင်ရွက်သွားရန်။

အဲန်ဂျီအိုများ
၁။ ဒီမိုကရေစီနိုင်ငံတွင် အဲန်ဂျီအိုများ၏ အခန်းကဏ္ဍမှာ ကျယ်ပြန့်ပြီး အရေးပါသည့်အတွက် စနစ်
တကျဖွဲ့စည်းလုပ်ဆောင်နိုင်ရေး အားပေးတိုက်တွန်းရန်။ထိုသို့ဆောင်ရွက်ရာတွင် သဘာဝဘေး
ဒဏ်ကာကွယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များတွင်သာမက လူမှုဘ၀လုံခြုံရေး
စောင့်ရှောက်မှုများဖြစ်သော လက်ငုတ်လက်ရင်းပျောက် မြေမဲ့ယာမဲ့များ၊ရွှေ့ပြောင်းလုပ်သားများ
အလုပ်အကိုင်အတည်တကျမရှိသည့် မြို့ပြနေဆင်းရဲသားပြည်သူတို့အား ဘ၀အာမခံချက်ရှိစေမည့်
စီမံချက်မျုားချမှတ်ပြီး အဲန်ဂျီအိုများမှတဆင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်စေရန်။

တရားဥပဒေစိုးမိုးရေး
၁။ တရားစီရင်ရေးမဏ္ဍိုင်သည် ဥပဒေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ကဲသို့ပင် အဆင့်အတန်းတူပြီး
လွတ်လပ်စွာသီးခြားတည်ရှိရမည်။
၂။ ဥပဒေ၏ရှေ့မှောက်တွင် အားလုံးအညီအမျှ ဖြစ်ရမည်။
၃။ တရားသူကြီးများသည် ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရမည်။ပြင်ပစွက်ဖက်မှု မရှိစေရ။
၎။ တရားဥပဒေအရ ကန့်သတ်ချက်များမှအပ အများပြည်သူရှေ့မှောက်တွင် တရားစီရင်ရမည်။
တရားဥပဒေအရ ခုခံချေပပိုင်ခွင့်နှင့် အယူခံပိုင်ခွင့်များ ရှိစေရမည်။
၅။ ပြည်သူလူထုအကျိုးစီးပွါးကို ကာကွယ်ရာမရောက်သည့်အပြင် တရားမျှတမှုမရှိသည့်ဥပဒေများ
ကို ပြန်လှယ်ပြင်ဆင်ရန် သို့မဟုတ် ဖျက်သိမ်းပစ်ရန် ကြိုးပမ်းမည်။

အထွေထွေ
၁။ ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ စံနုန်းနှင့်ညီညွတ်ခြင်း
မရှိသော တရားရုံး၊ရဲတပ်ဖွဲ့များ၊ အကျဉ်းထောင်များ၏ အခြေအနေကိုပြုပြင်ပြောင်းလဲနိုင်ရန်
အတွက် လိုအပ်သောဥပဒေများကို အမြန်ဆုံးပြဌာန်းပေးရန်။
၂။ အစိုးရကောင်းအုပ်ချုပ်မှု(good governmance) ဖွဲ့စည်းနိုင်ရန်အတွက် လာဘ်ပေးလာဘ်ယူမှုများ
အပါအ၀င် အကျင့်ပျက်မှုများကိုတိုက်ဖျက်ပြီး နိုင်ငံရေးတည်ငြိမ်မှု၊စီးပွါးရေးဖွံ့ဖြိုးမှု၊ လူမှုရေးတည်
ငြိမ်မှုနှင့်လုံခြုံမှုရရှိအောင် ဆောင်ရွက်သွားရန်။
၃။ အခြေခံဝန်ဆောင်မှုလုပ်ငန်းမျုားကိုအများပြည်သူသက်သာချောင်ချိရေးအတွက်ဆောင်ရွက်
ပေးရန်

0 comments: