04 June, 2010

ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ တတိယမြောက်ကာလအစ

မတ်လ(၁၃) ရက်၊၁၉၈၈ မှစတင်လိုက်တဲ့ စက်မှုတက္ကသိုလ် ကျောင်းသားများအရေး

အခင်းမှအစ စစ်တပ်မှအာဏာသိမ်းလိုက်တဲ့ စက်တင်္ဘာ(၁၈)ရက်၊၁၉၈၈ အထိကို ရှစ်လေးလုံး

အရေးတော်ပုံကြီးရဲ့ ပထမပိုင်းလို့ သတ်မှတ်နိုင်ပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်လှုပ်ရှားခွင့်ရရှိခဲ့တဲ့ ၁၉၈၈ ၊စက်တင်္ဘာလကုန်မှ NLD ပါတီ တရားဝင်နိုင်ငံရေးပါတီအဖြစ်မှ ရပ်စဲသွားတဲ့ မေလ(၆)၊၂၀၁၀ အထိ ကာလကို ရှစ်လေးလုံးအ

ရေးတော်ပုံကြီး၏ ဒုတိယကာလပိုင်းအဖြစ် ဆိုရပါမယ်။

၂၂-နှစ်လုံးလုံး မြန်မာဒီမိုကရေစီဖြစ်ထွန်းရေး ဦးဆောင်တပ်ဦးပါတီကြီးဖြစ်ခဲ့သော NLD အနေနဲ့ ပါတီကိုထပ်မံမှတ်ပုံမတင်ရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခြင်း

မပြုရန် ဆုံးဖြတ်ပြီး ပါတီကိုလူမှုရေးလုပ်ငန်းများသာလုပ်ဆောင်ရန် ဆုံးဖြတ်ပြောဆိုပြီးနောက်

ပိုင်း မှစပြီး ရှစ်လေးလုံးအရေးတော်ပုံကြီး၏ တတိယမြောက်ကာလ အစပျိုးလာပြီဟု ဆိုချင်ပါ တယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီးတွင် ပြိုကွဲပြန့်ကျဲသွားခဲ့ရသော လူထုအင်အားနှင့် ပြည်သူတွေရဲ့ညီညွတ်မှုကို ပြန်လှယ်ရယူတည်ဆောက်နိုင်ဖို့ အချိန်အတော်ကြာအောင် ကြိုး ပမ်းခဲ့ရပါတယ်။များပြားပြီးပေါများလှတဲ့ ရာနဲ့ချှီတဲ့ပါတီတွေအကြားမှာ ၁၉၉၀-ရွေးကောက်ပွဲမှာ အမတ်နေရာ ၈၄%နဲ့အနိုင်ရရှိခဲ့တဲ့ NLDက ဒီမိုကရေစီအရေးဦးဆောင်ပါတီကြီးအဖြစ် ပေါ်ထွက်လာပါတယ်။

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း ရဲ့သမီးဆိုတဲ့ဂုဏ်ဒြပ်ကြောင့် ဘယ်

သူမှလိုက်မမှီနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ သူမရဲ့ ရဲ့ရင့်ထက်မြက်တဲ့ဦးဆောင်မှုကြောင့်

NLD ဟာ စစ်အစိုးရအဓိကထားစိုးရိမ်နေရတဲ့ မြန်မာပြည်ရဲ့အတိုက်အခံပါတီကြီးဖြစ်လာသလို

NLDပါတီဝင်တွေဟာလည်း စစ်အစိုးရရဲ့နည်းလမ်းပေါင်းစုံနဲ့နှိပ်ကွပ်မှုတွေအကြားမှာ နောက်မ

တွန့်ဘဲ NLD ပါတီအလံတော်အောက်မှာ ကြံ့ကြံ့ခံရပ်တည်ခဲ့ကြပြိး အနာဂတ်မှာ ဒီမိုကရေစီ နိုင်ငံတော်ကြီးဖြစ်ပေါ်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ စိတ်အားတက်ကြွနေခဲ့ကြပါ

တယ်။

၁ ။၁၉၈၉ မှာဒေါ်စု အကျယ်ချုပ်အချခံရပေမယ့် NLDကတော့ ဆက်လက်လှုပ်ရှားတိုက်ပွဲဝင်ခဲ့

ကြပါတယ်။

၂ ။၁၉၉၀-ရွေးကောက်ပွဲမှာ ဒေါ်စုမပါပေမယ့် သူ့ဝိတ်နဲ့ NLD ကအပြတ်အသတ်အနိုင်ရခဲ့တယ်-၃ ။ဂန္ဒီခန်းမကြေညာချက်နဲ့အတူ စစ်အစိုးရနဲ့အားပြိုင်နေချိန်မှာ NLDထဲက ဆန္ဒစောနေသူတွေ

ကြောင့် ပြည်ပမှာ ဒေါက်တာစိန်ဝင်းရဲ့စင်ပြိုင်အစိုးရပေါလာသလို ပြည်တွင်းမှာလဲ NLD ဟာ

အဖြိုခံလိုက်ရပြီး ပြည်သူ့လွှတ်တော်ဆိုတာ ပေါ်လာဖို့ ဝေးသွားခဲ့ရတယ်။

၎ ။ပြည်သူ့လွှတ်တော်ဆိုတာအစား စစ်ခေါင်းဆောင်ပြောင်းလဲမှုနဲ့အတူ အမျိုးသားညီလာခံ ဆို

တာ ၁၉၉၃-ခုနှစ်မှာ ပေါ်လာတယ်။မူလရည်ရွယ်ချက်က ကောင်းပေမယ့် နောက်ပိုင်းမှာ

NLD မပါတဲ့နောက် စစ်အစိုးရရဲ့အချိန်ဆွဲဗျူဟာအဖြစ် ပုံပြောင်းသွားတယ်။

၅ ။ဒေါ်စု ၁၉၉၅-မှာလွှတ်လာပေမယ့် နိုင်ငံရေးအရ အားပြိုင်မှုတွေက ပိုမိုကြီးမားလာပြီး

အမျိုးသားညီလာခံကြီး ရပ်သွားခဲ့ရတယ်။

၆ ။၁၉၉၈ မှာ ကိုယ့်ဖာသာပြည်သူ့လွှတ်တော်ခေါ်ဖို့ ကြိုးစားလုပ်ဆောင်ရင်း NLDခေါင်းဆောင်

တွေလည်း အစိုးရဧည့်ဂေဟာတွေကို ရောက်ကုန်ကျတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားပြု

ကော်မတီဆိုတာကိုပဲ ဖွဲ့နိုင်ခဲ့တယ်။ အစိုးရကလည်း အရေးမထားခဲ့ဘူး၊ထိရောက်တဲ့

အပြောင်းအလဲတွေကို မလုပ်နိုင်ခဲ့ဘဲ ကြေညာချက်တွေထုတ်တဲ့အဖွဲ့လောက်သာ ဖြစ်နေခဲ့

ရတယ်။

၇ ။ဒေါ်စု ရန်ကုန်အပြင်ကိုထွက်ဖို့ကြိုးစားရင်း အကျယ်ချုပ်ထပ်ဖြစ်တယ်။ပြန်ထွက်လာချိန်မှာ

ကုလသမဂ္ဂကြားဝင်မှုနဲ့ စစ်အစိုးရနဲ့ ဒေါ်စုအကြား တွေ့ဆုံဆွေးနွေးမှုများဖြစ်လာခဲ့ပြီး မြန်မာ

နိုင်ငံရေးအခြေအနေ အကောင်းဖက်ကိုရောက်လာပြီလို့ အားလုံးကထင်မြင်နေကြချိန်မှာ

မေလ(၃၀) ၊၂၀၀၃ ဒီပဲယင်းလုပ်ကြံမှုကြီး ဖြစ်ပွါးခဲ့ပြီး ဒေါ်စုလည်း အကျယ်ချုပ်ထပ်ဖြစ်၊ NLDရုံး

တွေအားလုံးလည်း အပိတ်ခံလိုက်ရတယ်။ နိုင်ငံရေးသမားတွေအားလုံးလုပ်မရ၊ကိုင်မရနဲ့ အား

လုံးအခက်တွေ့ကုန်ကြတယ်။

၈-။ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ လမ်းပြပြေပုံ ၇ချက်ဆိုတာပေါ်လာပြီး နောက် အမျိုးသားညီလာခံကို

ပြန်လှယ်ကျင်းပခဲ့တယ်။ NLD နဲ့ညီလာခံမကျင်းပမှီအထိ ဆွေးနွေးညှိနိုင်းကြပေမယ့် နောက်

ဆုံးမှာ ဗိုလ်ချုပ်မှူးကြီးရဲ့အမိန့်နဲ့ ဆွေးနွေးမှုရပ်ဆိုင်းသွားပြိး NLD လည်း ညီလာခံမတက်တော့

ဘူး။၂၀၀ရေ၇ွှဝါရောင်သံဃာအရေးအခင်းမတိုင်မီမှာ ညီလာခံကြီးကို အပြီးသတ်လိုက်တယ်။

၉-။အာဏာနဲ့ပက်သက်လာရင် ဘာကိုမှညှာတာမှာမဟုတ်ဘူးဆိုတာကို ရွှေဝါရောင်တော်လှန်

ရေးက သက်သေပြခဲ့ပါပြီ။ ဘယ်လိုလုပ်ရမလဲဆိုတာကို နိုင်ငံရေးသမားတွေက သေသေချာ

ချာတွေးတောဆုံးဖြတ်နိုင်မှ ဖြစ်ပါလိမ့်မယ်။ နည်းလမ်းနဲ့ ဗျူဟာတွေကို ပြောင်းလဲဖို့လိုလာနေ

ပါပြီ။

၁၀-။စစ်အစိုးရအနေနဲ့ သူပြောခဲ့၊ ဆိုခဲ့ ၊ပြဌာန်းခဲ့တာတွေကို အကုန်ချိးဖောက်ပြီး၊ သူလုပ်ချင်ရာ

တွေကို သူလုပ်သွားတာဟာ အခြေခံဥပဒေမှုကြမ်းဖြစ်လာတဲ့အထိ ပြည်တွင်းကရော၊ပြည်ပ

ကပါ ဘယ်သူမှမတားဆီးနိုင်ခဲ့ပါဘူး။

၁၁-။နာဂစ်မုန်တိုင်းနဲ့အတူ ပြည်သူ့ဆန္ဒခံယူပွှဲလုပ်ခဲ့ပေမယ့် ရလာဒ်ကတော့ မြင်တဲ့အတိုင်းပါပဲ။

NLDနဲ့ဒီမိုကရေစီအင်အားစုတွေက ဘယ်လိုမှဆန့်ကျင့်ကန့်ကွက်လို့ မရခဲ့ပါဘူး။ ပြည်သူ

တွေက ကိုယ့်ဖက်မှာမရြှိုကဘဲ အကြောက်တရားအောက်မှာပဲ နေပြခဲ့ကြပါတယ်

၁၂-။စစ်အစိုးရအနေနဲ့ သူတို့မှာအကြပ်အတည်းတွေ ကြုံရတိုင်း ဒေါ်စုကိုအသုံးချပြီး သူတို့တွေ့

ဆုံနေကြပါတယ်လို့ မြန်မာနဲ့ နိင်ငံတကာကို ပြလေ့ရှိပါတယ်။ ကျနော်တို့ကလည်း အမျိုး

သားပြန်လှယ်သင့်မြတ်ရေးဖြစ်လာတော့မယ်။ နိုင်ငံရေးပြောင်းလဲမှု ဖြစ်လာတော့မယ်လို့

ဆိုပြီး ပျော်နေခဲ့ကြတယ်။

၁၃-။တကယ်တမ်းမှာ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ဥပဒေ ငါးခုထုတ်ပြန်လိုက်တော့ ကျနော်တို့ရဲ့

မျှော်လင့်ချက်တွေဟာ လုံးဝပျောက်သွားရပါပြီ။ ကျနော်တို့ဟာ စစ်အစိုးရရဲ့ ရည်ရွယ်ချက်

ရှိရှိ ကစားသွားတဲ့ နိုင်ငံရေးကစားကွက်အောက်မှာ ကားကနဲ နဲ့ကျန်ခဲ့ရပါတယ်။

၁၄-။ ၁၉၉၀-ရွေးကောက်ပွဲရလာဒ်ကိုလည်း ဥပဒေနဲ့ပြဌာန်းပြီး တရားမ၀င်ပျက်ပျယ်ကြောင်း

ရဲရဲကြီးကြေညာခဲ့တယ်။ ကျနော်တို့က မကျေညာရဲဘူးလို့ ထင်နေတာ။

၁၅-။ NLDကိုလည်း ဒေါ်စုကိုထုတ်မလား၊ထောင်ထဲက ရဲဘော်တွေကိုထုတ်မလား၊ရွေးကောက်

ပွဲကို ၀င်ပြိုင်မလား၊ ဒါမှမဟုတ် ပါတီကို အဖျက်ခံမလားလို့ ဆိုပြီး ရွေးခိုင်းလိုက်တယ်။

၁၆-။ NLDကလည်း ဒေါ်စုရဲ့စကားကို လက်ခံပြီး ပါတီကိုအဖျက်ခံလိုက်တယ်။ဖြစ်လာနိုင်တဲ့

နိင်ငံရေးမှုဝါဒနဲ့ လမ်းစဉ်တွေနဲ့ ဆောင်ရွက်နိုင်မှုတွေကို ချပြဆွေးနွေးခြင်းမလုပ်ကြတော့

ဘဲ ရွေးကောက်ပွဲဥပဒေတွေဟာ တရားမျှတမှုမရှိလို့ ပါတီကိုထပ်မံမှတ်ပုံမတင်ဘူး၊ရွေး

ကောက်ပွဲကိုလည်း ၀င်မပြိုင်တော့ဘူးလို့ဆိုပြီး တညိတညွတ်တည်း သဘောတူဆုံးဖြတ်

လိုက်ကြတယ်။ပါတီဆက်လက်တည်ရှိစေရေးနဲ့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ် အကောင်အ

ထည်ဖော်နိုင်ဖို့ကို ဥပဒေကြောင်းအရ အဆုံးစွန်ထိလိုက်မယ်လို့ ဆိုပြန်ပါတယ်။

၁၇-။ NLDအနေနဲ့ ဆက်လက်လုပ်ေ်ဆာင်ရမယ့် မူဝါဒလမ်းစဉ် ခိုင်ခိုင်မာမာမရှိဘဲနဲ့ ၂၀၁၀-ရွေး

ကောက်ပွဲလမ်းကြောင်းကနေ ဘေးထွက်ထိုင်လိုက်ပါပြီ။ ဒီလိုဆောင်ရွက်လိုက်လို့ ရွေး

ကောက်ပွဲကြီး ပျက်သွားပြီလား၊ရွေ့ဆိုင်းသွားမှာလား၊ဥပဒေပြင်ပေြး့ပီး NLDနဲ့ စကားပြော

မှာလား၊။ဒါတွေဟာ လက်ရှိအချိန်မှာတော့ အိမ်မက်တွေပါပဲ။

၁၈-။ NLDက လူထုကိုချစ်တာလား။ဒါမှမဟုတ် လူထုကိုပစ်သွားတာလား။

၁၉-။၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို မလွဲမသွေရင်ဆိုင်တွေ့ကြုံကြရမယ့်

ပြည်သူလူထုအတွက် နိုင်ငံရေးအရရှေ့ကနေမားမားမတ်မတ်နဲ့ဆက်လက်ရင်ဆိုင်ပေးရ

မယ့်အစား နိုင်ငံရေးအရဥိးဆောင်မှုပေးနေတဲ့အခန်းကဏ္ဍကနေ ကိုယ့်ဖာသာကိုယ် နုတ်

ထွက်လိုက်တယ်လို့ပဲ ပြောချင်ပါတယ်။

၂၀-။လက်ရှိအနေအထားမှာ NLD အနေနဲ့မြန်မာပြည်မှာ နိုင်ငံရေးအရ အပြောင်းအလဲဖြစ်

အောင် ဘာမှထပ်မလုပ်နိုင်တော့ဘူး။အာဆီယံကလည်းအားကိုးလို့မရ၊ကုလသမဂ္ဂကလည်း

ဝင်စွက်မရ၊အမေရိကန်နဲ့ဥရောပပြောတာကိုလည်း နားမထောင်၊၂၀၁၀ ရွေးကောက်ပွဲက

တော့ စစ်အစိုးရစိတ်ကြိုက်လုပ်လို့ရတဲ့ အနေအထားမျိုးကြောင့်၂၀၀၈ အခြေခံဥပဒေက မ

ကြာခင် မြန်မာပြည်မှာ အသက်ဝင်လာတော့မယ်။

၂၂-။ ပြည်ပရောက်နေတဲ့အဖွဲ့အစည်းတွေကလည်း ရွေးကောက်ပွဲကိုဆန့်ကျင်ကြဖို့၊စစ်အစိုးရကို

လူထုအားနဲ့ဖြုတ်ချကြဖို့ဆိုတဲ့ အသံတွေနဲ့သာ ပြည်တွင်းကလူတွေကိုပြောနေကြတယ်။ပြည်

တွင်းမှက ပိပြားချပ်နေတာက ကြာလှပြီ။ပြည်ပမှာလည်း အဖွဲ့အစည်းပေါင်းရာချီပြိျးြဖစ်နေကြ

ရုံတင်မက ညီညွတ်မှုဆိုတာဝေးနေတယ်။ပြည်တွင်းကို လေနဲ့ကလွဲလို့ထိရောက်တဲ့အကူအညီ

ဘာတွေများ ပေးနိုင်လို့လဲ။

၂၃။လက်နက်ကိုင်အင်အားစုတွေကလည်း ကိုယ့်ဒေသကိုသာ ကြည့်ကြသူတွေပါ။ ဒီထက်ပိုကြည့်

ကြခဲ့မယ်ဆိုရင် မြန်မာပြည်ကြီးကောင်းသွားတာ ကြာလှပါပြီ။အခုတော့ သူတို့လည်းသူတို့ရပ်

တည်နိုင်ရေ့းကိုပဲ ဇောင်းပေးနေကြရပြီ။တစ်ဦးကိုတစ်ဦမကူညီနိုင်သလို တစ်ဦးနဲ့တစ်ဦး ယုံ

ကြည်ညီညွတ်မှုလည်းမရှိကြပါဘူး။ဒီလိုပြောလိုက်လို့ မှားနေပြီလို့ပြောချင်သလား။ကချင်ကလည်း

ကချင်ပြည်နယ်နဲ့ကချင်လူမျိုးတွေရဲ့အကျိုးစီးပွါးကလွဲလို့ ဘာမှသိပ်စဉ်းစားတာမဟုတ်ပါဘူး။က

ချင်ပြည်နယ်ထက်ကျော်ပြီးသူတို့က မစဉ်းစားသလို ကချင်ပြည်အပြင်ကပြည်သူတွေကလည်း

ကေအိုင်အိုကို လက်ခံချင်တာမဟုတ်ပါဘူး။ဝ တွေကလည်း သူတို့ဒေသအတွက်ပဲစဉ်းစာ၊းသလို

ရှမ်းပြည်ထဲဝင်လာရင်လည်း အခြားသူတွေကလက်ခံမှာမဟုတ်လို့ ၀-တွေက၀င်ရဲမှာ မဟုတ်ပါ

ဘူး။တစ်ပြည်လုံးလွတ်မြောက်ဖို့ဆိုရင် တိုင်းရင်းသားတွေတင်မက ဗမာတွေပါ ပါဝင်နိုင်မှ ၊တပြည်

လုံးနဲ့လွှမ်းခြုံစဉ်းစားနိုင်မှ တော်လှန်ရေးဆိုတာ အောင်မြင်နိုင်မှာပါ။အခုတော့ တစ်ခြားစီပါပဲ။

ဝမ်းနည်းစရာလို့ပဲ ဆိုရပါမယ်။

၂၄-။ဒေါ်စုရဲ့အဓိကကျတဲ့အားနည်းချက်ကတော့ စစ်ဗိုလ်ချုပ်ကြီးတွေကို သဘောထားပြောင်းလာ

အောင် မလုပ်ဆောင်နိုင်တာရယ်နဲ့ သူမကိုယုံကြည်လက်ခံလာအောင် ပြောဆိုဆက်ဆံနိုင်ခြင်း

ကို မလုပ်ဆောင်နိုင်ခဲ့ခြင်းပါပဲ။ ဒေါ်စုကသာ လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံသားတွေ

အားလုံးရဲ့မွန်းကြပ်မှုတွေဟာ ပပျောက်ပြီး အေးချမ်းသာယာတဲ့နိုင်ငံ ဖြစ်သွားတာကြာပါပြီနော်။

၂၅-။၂၂ နှစ်တာကာလအတွင်းမှာ NLD နဲ့ဒီမိုကရေစီအင်အားစုတွေဖက်က အဖက်ဖက်မှာ ယို

ယွင်းအားနည်းသွားနေချိန်မှာ စစ်အစိုးရဖက်ကတော့ စနစ်တကျတည်ဆောက်ထားမှုတွေ

နဲ့ ခိုင်ခိုင်မာမာနဲ့ အင်အားတောင့်တင်းသွားနေပြီ။ ပြည်သူလူထုရဲ့ စိတ်ရောကိုယ်ပါ ထောက်

ခံမှု မရတာကလွှဲလို့ အာဏာပါဝါနဲ့ တည်ဆောက်ထိန်းချုပ်သွားနိုင်ခဲ့ပြီ။ ကျနော်တို့က

စိတ်ဓါတ်တစ်ခုတည်းနဲ့ ရင်ဆိုင်တိုက်ရမှာပါ။ အချိန်ပေးရမယ်၊ကြာမယ်။

၂၆-။အမြန်ပြောင်းခြင်ရင်တော့ လက်နက်နဲ့အနိုင်တိုက်နိုင်ဖို့သာ ကြိုးစားကြပေါ့။ လက်ရှိနိုင်ငံတ

ကာအနေအထားအရ မဖြစ်နိုင်ပါဘူး။

ရှစ်လေးလုံးအရေးတော်ပုံ တတိယကာလပိုင်းသို့ အ၀င်

ပါတီတွေတည်ထောင်ခွင့်ပြုလိုက်ပြီဆိုတာနဲ့ ပြည်တွင်းနိုင်ငံရေးလောကမှာ နိင်ငံ

ရေးအရ NLDရဲ့ ကြီးစိုးထားမှုဟာ စိန်ခေါ်ခံရပါပြီ။ NLDအောက်ကနေ နိုင်ငံရေးမလုပ်ချင်သူတွေ

အတွက် လမ်းပွင့်သွားပြီလို့ ပြောနိုင်ပါတယ်။အရင်ကတော့ မြန်မာ့နိုင်ငံရေးမှာ ဘက်နှစ်ဖက်ပဲရှိနေ

ပါတယ်။စစ်အစိုးရဘက်ကလား။ NLDဘက်ကလားဆိုတာပဲ ပြောနေကြတယ်။အခုတော့ တတိယ

အင်အားစုလို့ဆိုရမယ့် အခြားအင်အားစုတွေလည်း ပေါ်လာပါပြီ။စစ်အစိုးရကိုလိုလားသူတွေရှိလာ

လို ဒီမိုကရေစီအင်အားစုတွေလည်းထပ်ပေါ်လာပါတယ်။တိုင်းရင်းသားတွေလည်း သူတိုရဲ့နယ်မြေ

တွေမှာ တည်ထောင်လာကြပါတယ်။ ဒီလိုပေါ်ပေါက်လာခြင်းဟာလည်း ကောင်းတဲ့လက္ခဏာလို့

ဆိုရပါမယ်။ပြည်သူတွေအတွက်ရွေးချယ်စရာပါတီတွေနဲ့ ခေါင်းဆောင်တွေ ရှိလာပါပြီ။

စစ်အစိုးရရဲ့အဓိကပြိုင်ဖက်ဖြစ်လာစရာရှိတဲ့ NLDက ပါတီကိုမှတ်ပုံတင် ထပ်မ

တင်ဘူး။ရွေးကောက်ပွဲကိုလည်းဝင်မပြိုင်တော့ဘူးလို့ဆိုလိုက်တဲ့အခါမှာ လာမယ့်ရွေးကောက်ပွဲံမှာ

NLDကို ထောက်ခံအားပေးကြမယ်ဆိုတဲ့ ပြည်သူတွေရဲ့ ရင်ထဲမှာဟာကနဲဖြစ်ကျန်ရစ်သွားတယ်ဆို

တာကိုတော့ NLDခေါင်းဆောင်ကြီးတွေက စိတ်ကူးမိမှာတောင်မဟုတ်ပါဘူး။အားလုံးက သူတို့

ဆုံးဖြစ်ချက်ကို ၀မ်းပမ်းတသာနဲ့ထောက်ခံကြလိမ့်မယ်လို့ပဲ တစ်ထစ်ချယုံကြည်နေပုံရပါတယ်။

ကျနော်တို့က ဒီရွေးကောက်ပွဲဟာ တရားမျှတသည်ဖြစ်စေ၊မမျှတသည်ဖြစ်စေ

ပြည်သူလူထုအတွက် လွှတ်တော်မှာ တရားဝင်တိုက်ပွဲဝင်ဖို့၊ပြည်သူလူထုအကျိုးအတွက် ရပ်တည်

ပြောဆိုနိုင်ဖို့အတွက် NLD ၀င်လိမ့်မယ်လို့ယုံကြည်ထားကြသူတွေပါ။ကျနော်တို့မှာ အပြောင်းအလဲအ

တွက် ရွေးချယ်စရာအခြားနည်းလမ်းတွေမရှိလို့ပါ။နှစ်၂၀-ကျော်ကာလက ပြောင်းလဲလို့ရနိုင်မယ်

ထင်ရတဲ့လမ်းပါ။ ဥပဒေထုတ်ပြန်ချက်အရ ၁၉၉၀-ရွေးကောက်ပွဲရလာဒ်က ပျက်သွားပြီ။ NLD အ

နေနဲ့ မူသေအထိုင်ကနေ ရွေ့ရတော့မယ်။အခြားဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့စဉ်းစားပြီး ပြည်သူလူထု

တွက် ဆက်လက်လုပ်ဆောင်ဖို့ တာဝန်ရှိနေတယ်။ ဒီလိုဆက်လုပ်ရမယ့်အစား ၉၀-အထိုင်ပေါ်ကနေ

မရွေ့တော့ဘဲ ပါတီကိုတရားဝင်နိုင်ငံရေးပါတီအဖြစ်ကနေ ရပ်တန့်လိုက်တာကတော့ အများဆုံးဖြတ်

ချက်၊ဒီမိုကရစီနည်းလမ်းကျကျဆုံးဖြတ်ချူက်လို့ ဘယ်လို့ပဲပြောပြော ကျနော်တို့အနေနဲ့လက်မခံနိုင်

ပါဘူး။ပြည်သူလူထုအတွက်ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီးရင်ဆိုင်ဖို့ ထပ်မံလုပ်ဆောင်ပြရမှာကို

ထပ်မံမလုပ်ဆောင်တော့ဘဲ ဘေးထွက်ထိုင်နေခြင်းဟာ ပြည်သူလူထုကို ပစ်ပြေးသွားတာလို့ ခံ

စားလိုက်ရပါတယ်။ နောက်ငါးနှစ်ကြာမှ ၀င်ပြိုင်မယ်ဆိုရင်လည်း ဒီအခြေခံဥပဒေနဲ့ ဒီရွေးကောက်ပွဲ

ဥပဒေတွေကိုပဲ ပြန်တွေ့ရဖို့များနေတယ်။ ဒီအခါ NLDက ဘာဆုံးဖြတ်ဦးမှာလဲ။

လက်ရှိမှာ ၂၀၁၀ ရွေးကောက်ပွဲက မပျက်ဘူး။၂၀၀၈ အခြေခံဥပဒေကလည်း အသက်

ဝင်လာတော့မယ်။ ဒီအောက်မှာနေကြရမယ့် ပြည်တွင်းက ကျနော်တို့လိုပြည်သူတွေနဲ့ ဒီမိုကရေစီလို

လားသူတွေက ဘယ်သူ့ကိုအားကိုးရမှာလဲ။ဘာတွေဆက်လုပ်ရမှာလဲ။ဒီအတိုင်းဘာမှမလုပ်ဘဲ စစ်အစိုး

ရလိုလားသူတွေက ရွေးကောက်ပွဲ မှာအနိုင်ယူသွားကို ငုတ်တုတ်ကြီးထိုင်ကြည့်နေကြရမှာလား။

ကျနော်တို့ကတော့ ငါတို့ကအရှုံးမပေးဘူးဆိုပြီးတတ်နိုင်သမျှ ရင်ဆိုင်ပြချင်ပါတယ်။

ငါတို့ မင်းတို့ကိုမကြိုက်ဘူးဆိုတာ ဆန္ဒမဲနဲ့ပဲဖြစ်ဖြစ်၊ လွှတ်တော်ထဲမှာတရားဝင်ပြောနိုင်တဲ့နေရာမှာပဲ

ဖြစ်ဖြစ် ပြချင်ပါတယ်။

NLDမရှိတော့တဲ့ နိုင်ငံရေးဦးဆောင်မှုလေဟာနယ်ထဲကို ဒီမိုကရေစီဘက်တော်သား

တွေက ပါတီထောင်ပြိးနေရာယူနိုင်ဖို့ ကြိုးစားလာကြပါတယ်။ဒီအထဲမှာ ဦးသုဝေတို့ရဲ့မြန်မာပြည်ဒီမို

ကရက်တစ်ပါတီနဲ့ ဦးရွှေအုံးတို့ရဲံ ပြည်ထောင်စုဒီမိုကရေစီပါတီတို့ဟာ ပြည်သူတွေလက်ခံနိုင်တဲ့အ

ဆင့်ရှိပါတယ်။

ဒါပေမယ့် NLDရဲ့တရားဝင်နိုင်ငံရေ့းပါတီအဖြစ်ရပ်တည်ပိုင်ခွင့်ကုန်ဆုံးသွားတဲ့

မေလ(၆)ရက်နောက်ပိုင်း NLD ခေါင်းဆောင်တွေဖြစ်ခဲ့ကြတဲ့ ဦးခင်မောင်ရွှေနဲ့ဒေါက်တာသန်းငြိမ်း

တို့က အမျိုးသားဒီမိုကရေစီအင်အားစု ဆိုတဲ့ပါတီအသစ်တစ်ခု ထူထောင်ကြဖို့လုပ်လာပါတယ်။

ဒေါ်စုကလည်းဒီ၊လိုပါတီခွဲထောင်တာကို ဆန့်ကျင်တယ်၊မြုကိုက်ဘူး။ဦးဝင်းတင်ကလဲ

ဒီပါတီဟာ NLDရဲ့ ကိုယ်ပွားပါတီမဟုတ်ဘူး။ NLDရဲ့ မပြီးဆုံးသေးတဲ့တာဝန်ကိုထမ်းဆောင်ဖို့ဆိုတာ

မဟုတ်ဘူး။ သစ္စ္စာဖောက်တွေလို့ မပြောရုံတမည်ပါပဲ။ ဘယ်သူတွေက ဘယ်လိုပဲပြောပြော ဒီလူတွေ

ဟာ NLDနဲ့ ၂၂-နှစ်ကြာလက်တွဲလုပ်ခဲ့ပြီး ထောင်အကြိမ်ကြိမ်အကျခံထားရသူတွေပါ။ နိုင်ငံရေးအရ

ပါတီဆက်လက်ရှင်သန်ရပ်တည်နိုင်ဖို့လိုအပ်သလို ဒီမိုကရေစီစနစ်ဆီကိုသွားနိုင်ဖို့အတွက် ၂၀၁၀

ေ၇ွးကောက်ပွဲဆိုတာကို မဖြစ်မနေဖြတ်သန်းရမယ်လို့ ရိုးသားစွာယုံကြည်သူတွေပါ။

---ဒီလူတွေဟာ အေးလွင်နဲ့ရဲထွန်းမဟုတ်ဘူး

---ဒီလူတွေဟာ တစည မဟုတ်ဘူး

----ဒီလူတွေဟာ ကြံခိုင်ရေး မဟုတ်ဘူး

--- ဒီလူတွေဟာ ဒေါက်တာစိုးလင်းတို့အုပ်စု မဟုတ်ဘူး

--- ဒီလူတွေဟာ အလံနီဟောင်းတွေ မဟုတ်ဘူး

--- ဒီလူတွေဟာ အခုမှ နိုင်ငံရေးပါတီအသစ်ထောင်သူတွေ မဟုတ်ဘူး

--- ဒီလူတွေဟာ တိုင်းရင်းသားပါတီခေါင်းဆောင်တွေ မဟုတ်ဘူး

--- ဒီလူတွေဟာ နိုင်ငံရေး လေကန်နေသူတွေ မဟုတ်ဘူး

---ဒီလူတွေဟာ NLDနဲ့လက်တွဲလုပ်ရင်း ထောင်ကျခံ၊အခက်အခဲအမျိုးမျိုးကို ပါတီနဲ့အတူ ကြံ့ကြံ့ခံ

ရပ်တည်လာခဲ့ကြသူတွေပါ

---ဒီလူတွေဟာ မြန်မာပြည်မှာ ဒိမိုကရေစီစနစ်ကို တဖြည်းဖြည်းချင်းသွားပြိးဖော်ဆောင်နိုင်မှရနိုင်မယ်

လို့ ယုံကြည်ကြသူတွေပါ

---ဒီလူတွေဟာ စစ်အစိုးရကိုလိုလားသူတွေမဟုတ်ပါ။ပြည်သူတွေအတွက် ရပိုင်ခွင့်များကို

ပြောဆိုတိုက်ပွဲဝင်ကြမယ့်သူတွေပါ။ ခေါင်းငုံပြီးနေမယ့်သူတွေမဟုတ်ပါ။

NLDပါတီ တရားဝင်ရပ်တည်မှုမရှိတော့တဲ့အချိန် မေလ(၆)ရက်နောက်ပိုင်း ရှစ်လေးလုံးအရေးတော်ပုံ

ကြီးရဲ့တတိယမြောက်ကာလ၏ ကနဦးအစမှာ ရှစ်လေးလုံးအရေးတော်ပုံကြီး၏မပြီးဆုံးသေးသော

ပြည်သူလူထု၏ ဒီမိုကရေစီအရေးဆန္ဒများကို ဆက်လက်အကောင်အထည်ဖော်ကြဖို့ ဒီမိုကရေစီဘက်

တော်သား နိုင်ငံရေးပါတီများက ဆက်လက်ထမ်းဆောာင်ကြရမှာပါ။ နောက်တွန့်နေလို့မဖြစ်ပါဘူး။

၂၀၁၀ ရွေးကောက်ပွဲကို ရှောင်လွဲလို့မရနိုင်ကြတဲ့ ပြည်တွင်းကကျနော်တို့လို ပြည်သူတွေကတော့

ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးပါတီတွေကို ရွေးချယ်မဲပေးကြဖို့ပြောလိုပါတယ်။

ကျနော်က အရင်က NLD မြို့နယ်အတွင်းရေးမှုးတစ်ဦးပါ။၈/၈/၁၉၈၈ ကတည်းက ပါဝင်လှုပ်ရှားလာခဲ့သူပါ။ နိုင်ငံရေးကို ဥပဒေဘောင်အတွင်းကနေ တတ်နိုင်သမျှလုပ်ဆောင်နေသူပါ။ ကျနော်တို့မျြိနယ်အတွက် လွှတ်တော်မှာ ပြောပေးမယ်သူတွေရှိဖို့လိုအပ်နေပါတယ်။ အခြားမြို့နယ်တွေမှာလဲ ကျနော်တို့နည်းတူ ပြည်သူတွေအတွက်ပြောပေးမယ့် ကိုယ်စားလှယ်တွေ ရှိမှဖြစ်မှာပါ။ဒီအတွက် လွှတ်တော်ထဲမှာ အားကောင်းနိုင်မယ့်ပါတီမျိုးနဲ့ ဆက်သွယ်လုပ်ဆောင်မှသာ လိုအပ်တဲ့ဥပဒေပြင်ဆင်ချက်တွေကို လုပ်ပေးနိုင်မှာပါ။ ကိုယ်နဲ့လက်တွဲလုပ်ဆောင်ခဲ့ကြသူတွေဖြစ်တဲ့သူတွေ ထူထောင်ကြ

တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဟာ ကျနော်တို့လို ရွေးကောက်ပွဲကိုဖြတ်သန်းရမယ်လို့

ယုံကြည်ကြတဲ့ NLDအဖွဲ့ဝင်ဟောင်း(NLDက မြန်မာအစိုးရဥပဒေအောက်မှာ တရားဝင်ပါတီအဖြစ်

ကနေ ရပ်ဆိုင်းသွားပြီး လူမှုရေးလုပ်ငန်းတွေကိုသာ လုပ်ဆောင်မယ်ဆိုပါတယ်) က လက်ကမ်း

ကြိုဆိုကြပါတယ်။ဒေါ်စုကတော့ ဒီလိုပါတိီထောင်တာကို မကြိုက်ဘူး၊လက်မခံနိုင်ဘူးလို့ ပြောနေ

ပါတယ်။ ကျနော်တို့က NLDစိတ်ဓါတ်ဆိုတာထက်၊ ရှစ်လေးလုံစိတ်ဓါတ်၊ပြည်သူလူထုရဲ့ ဒီမိုကရေ

စီရရှိရေးစိတ်ဓါတ်တွေကို ဆက်လက်ကိုင်စွဲရင်း နိုင်ငံရေးဆက်လုပ်ကြရမှာပါ။ကျနော်တို့က အရှုံး

ပေးတာမဟုတ်ပါဘူး၊နည်းလမ်းတွေသာ အချိန်အခါအလိုက်ပြောင်းသုံးတာဖြစ်ပြီး ကျနော်တို့ရဲ့

ပန်းတိုင်ဖြစ်တဲ့ မြန်မာပြည်ဒီမိုကရေစီနိုင်ငံဖြစ်ရေး ရည်မှန်းချက်ပန်းတိုင်ပျောက်သွားတာ မဟုတ်

ပါဘူး။

၂၀၁၀လက်မခံသူတွေကလည်း ထိရောက်ပြီး နိုင်ငံရေးအပြောင်းအလဲကို ဖြစ်ပေါ်စေမယ့်

လမ်းစဉ်နဲ့ အကောင်အထည်ဖော်မယ့်အစီအစဉ်တွေကို ပြောကြပါ.။လူထုအားနဲ့၊လူထုကိုစည်းရုံး

ပြီးတော့လို့ဆိုတဲ့ အပ်ကြောင်းထပ်နေတဲ့စကားတွေကို ထပ်မပြောပါနဲ့။ အခုလိုနေတာက လက်တွေ့

လုပ်လို့ရမယ့် အစီအစဉ်တွေပါ။

ဒေါ်စုကို ယုံကြည်လေးစားပါတယ်။

ဒါပေမယ့် ဖြစ်လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ NLDလဲမရှိဘူး၊။ဒေါ်စုလည်း အပြင်

မှာမရှိဘဲနဲ့ ကျနော်တို့ဘာသာ ကျော်ဖြတ်သွားရမှာပါ။ ဒေါ်စုနေအိမ်အကျယ်ချုပ်ကပြန်လွတ်လာမယ့်

ရွေးကောက်ပွဲအပြီးကာလနဲ့ ၂၀၁၁ မှာ NLD ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို မျှော်လင့်စောင့်စားရင်း


်NDFအဖွှဲ့ဝင်တစ်ဦး



ndfkoko@gmail.com

0 comments: